ကမ္ဘာ့ အကြီးဆုံး Pizza ရဲ့ အကျယ်အဝန်းက စတုရန်းပေ ၁၃၅၈၀.၂၈ ပေ ရှိပါတယ်။ အီတလီနိုင်ငံ၊ Rome မြို့နေ Dovilio Nardi, Andrea Mannocchi, Marco Nardi, Matteo Nardi နဲ့ Matteo Giannottee တို့က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Pizza နာမည်ကို Ottavia လို့ နာမည်ပေးခဲ့ပြီး ရောမလိုတော့ ၈ ယောက်မြောက်သားလို့ အဓိပ္ပာယ်ရပါတယ်။

Pizza ကြီးက ကမ္ဘာ့အကြီးဆုံး Pizza ဖြစ်ပေမယ့် အရည်အသွေးကောင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့လုပ်ထားပြီး ၁၀၀ ရာခိုင်နှုန်း Gluten-Free ဖြစ်ပါတယ်။