ရောဂါတစ်ခုမဖြစ်အောင် အစားအသောက်နဲ့ အပြည့်အဝမဟုတ်တောင် တစ်ဖက်တစ်လမ်းကနေ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း လူကြီးလူငယ်မရွေး အခန့်မသင့်ရင် ဖြစ်တတ်တဲ့ အရိုးပွရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီအစားအစာတွေကိုစားလို့ အရိုးပွရောဂါလုံးဝမဖြစ်ဘူးဆိုတာမျိုး မဟုတ်ပေမယ့် ဖြစ်ပွားမှုနှုန်းကိုတော့ လျှော့ချပေးနိုင်ပါတယ်။ အရိုးပွရောဂါဖြစ်နေပြီဆိုလည်း ဒီအစားအစာတွေကို များများစားပေးခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။

အဓိကကတော့ အရိုးအားကောင်းဖို့၊ ကျန်းမာဖို့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်က အရေးအကြီးဆုံးပါပဲ။ ဒါ့အပြင် ဗီတာမင်စီ၊ မက်ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်လည်း လိုပါတယ်။

အစိမ်းရင့်ရောင်အသီးအရွက်

အစိမ်းရင့်ရော် အသီးအရွက်တွေထဲမှာမှ ကိုက်လန်၊ ဂေါ်ဖီထုပ်၊ မုန်ညင်းစိမ်းလေးတွေ၊ မုန်လာရွက် စတာတွေမှာက ကယ်လ်ဆီယမ်ဓာတ်တွေ ပေါများစွာပါဝင်ပါတယ်။

အာလူး

အာလူးမှာက အရိုးအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်တွေအပြင် မက်ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်လည်း ပါဝင်ပါတယ်။

ရှောက်အမျိုးမျိုး

ရှောက်အမျိုးမျိုးမှာက ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။

ငါး

ငါးမှာလည်း ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်တွေ ပါဝင်ပါတယ်။ ဆောလမွန်ငါးမှာကတော့ အဲ့ဓာတ်တွေအပြင် ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။

Almonds

Almonds မှာကတော့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ အဓိကပါဝင်ပါတယ်။

အားဖြည့်အစားအစာတွေ

အားဖြည့်အစားအစာတွေဖြစ်တဲ့ ကောက်ပဲသီးနှံနဲ့လုပ်ထားတဲ့ အစားအစာတွေ၊ ပေါင်မုန့်၊ လိမ္မော်ဖျော်ရည်၊ နွားနို့နဲ့လုပ်ထားတဲ့အစားအစာတွေမှာက ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်တွေ များစွာ ပါဝင်ပါတယ်။

Source: www.hhdresearch.org