Peanut Butter ဆိုရင် ကြိုက်တဲ့သူလည်းရှိသလို၊ မကြိုက်တဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် Peanut Butter မှာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် Peanut Butter ကို စားပေးခြင်းကြောင့်ရရှိလာမယ့် ကျန်းမာရေးကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်ပတ်ကို ၂ ကြိမ် Peanut Butter ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာ စားပေးမယ်ဆိုရင် ဝိတ်ကျစေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။

Peanut Butter မှာက vitamin E, zinc, magnesium, niacin စတာတွေပါဝလို့ ဦးနှောက်စွမ်းဆောင်ရည်တွေကို မြင့်တက်လာစေတယ်။ Vitamin E က မှတ်ဉာဏ်တိုးတက်လာစေမယ်။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေရဲ့ မှတ်ဉာဏ်ကို ပိုကောင်းလာစေပါတယ်။ ဒါ့အပြင် Alzheimer ရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။

ပုံမှန် gym ကစားတဲ့သူတွေ၊ အားကစားလုပ်တဲ့သူတွေဆိုရင် တစ်နေ့နည်းနည်းနဲ့ ပုံမှန်လေးစားပေးရင် အကောင်းဆုံးပါ။ သူက ကြွက်သားတွေပိုပြီး ကျန်းမာလာစေပါတယ်။

Peanut Butter ကို ပုံမှန်စားပေးခြင်းကြောင့် သွေးပေါင်ချိန် ပုံမှန်ဖြစ်လာစေပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။

ညဘက်ကောင်းကောင်းအိပ်မပျော်တတ်ရင် Peanut Butter ကို တစ်နေ့ တစ်ဇွန်း (သို့) နှစ်ဇွန်း ပုံမှန်စားပေးပါ။ ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်လာစေပါတယ်။

Source: www.brightside.me