အသက်ရှင်နေထိုင်ဖို့အတွက် အောက်စီဂျင်က မရှိမဖြစ်လိုအပ်ပါတယ်။ အောက်စီဂျင်ကို ရှုရှိုက်နိုင်ဖို့အတွက် အပင်တွေက ကူညီထောက်ပံ့ပေးပြီး ဂေဟစနစ်ကို မှန်ကန်စွာထိန်းညှိနိုင်မှသာလျှင် လူသားများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။

အပင်တွေကလည်း အောက်စီဂျင်ဓာတ် ပံ့ပိုးပေးသလို အသီးအနှံနဲ့ အစားအစာတွေထဲမှာလည်း အောက်စီဂျင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေရှိပါတယ်။

ထောပတ်သီး၊ ဘယ်ရီသီးများ၊ ငှက်ပျောသီး၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ စွံပလွန်သီး

သင့်ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းကော အပြင်ပိုင်းကောပါ အကျိုးပြုတဲ့ ထောပတ်သီး

ထိုအသီးများက Antioxidant ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ သူတို့ရဲ့ pH ပမာဏကတော့ pH 8 ပါ။ စွံပလွန်သီး၊ ဘယ်ရီသီးနဲ့ ကြက်သွန်ဖြူတို့ကတော့ သွေးပေါင်ချိန်ကို မှန်ကန်အောင် ထိန်းညှိပေးဖို့အတွက် ကူညီပေးနိုင်ပါတယ်။

ပန်းသီး၊ တရုတ်ဇီးသီး

သူတို့တွေကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပြီး pH ပမာဏကတော့ pH 8 အထိရှိပါတယ်။ အစာခြေစနစ်ကို လွယ်ကူအောင် ကူညီပေးပါတယ်။ အင်ဇိုင်းများ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်တွင်းရှိဟော်မုန်းပမာဏကို ထိန်းညှိပေးပါတယ်။ သွေးတွင်းရှိ အောက်စီဂျင်ပမာဏကို မြှင့်တင်ချင်တယ်ဆိုရင်တော့ ဒီအစားအစာတွေကတော့ မရှိမဖြစ်ပါပဲ။

သစ်သီးဖျော်ရည်များ၊ ကီဝီသီးများ

ဒီအစားအစာအုပ်စုကတော့ pH ပမာဏ pH 8.5 ပါဝင်ပါတယ်။ သူတို့မှာ သဘာဝသကြားဓာတ်ပါဝင်တာကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့အခါ ခန္ဓာကိုယ်အတွက် အားပြန်ပြည့်စေမယ့် အစားအစာတွေပဲဖြစ်ပါတယ်။

ကညွှတ်၊ ရေညှိ၊ ရေမုန်ညှင်း

ဒီအစာအုပ်စုမှာလည်း pH ပမာဏ pH 8.5 ပါဝင်ပြီး ခန္ဓာကိုယ်တွင်းရှိ အက်စစ်ဓာတ်များကို လျော့ချပေးပါတယ်။ ရေမုန်ညှင်းထဲမှာတော့ ကယ်လစီယမ်နဲ့ သံဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကညွှတ်ထဲမှာကတော့ Asparagines လို့ခေါ်တဲ့ အမိုက်နိုအက်စစ်ဓာတ်တစ်မျိုးက အာရုံကြောစနစ်အတွက် ကောင်းကျိုးမြောက်မြားစွာ ပေးစွမ်းနိုင်ပါတယ်။

သရက်သီး၊ သံပုရာသီး၊ ဖရဲသီး၊ သင်္ဘောသီး၊ နံနံပင်

ဒီအစာအုပ်စုမှာလည်း pH ပမာဏ ၈.၅ ပါဝင်ပြီး ကျောက်ကပ်ထဲက အညစ်အကြေးများ သန့်စင်နေဖို့အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ သင်္ဘောသီးကတော့ အူမကြီးကို သန့်စင်ပေးပြီး သရက်သီး၊ သံပုရာသီးနဲ့ ဖရဲသီးတို့ကတော့ အစာချေစနစ်ကို ကောင်းမွန်စေပြီး ဗီတာမင်ဓာတ်များလည်း ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးတွေပဲဖြစ်ပါတယ်။ နံနံပင်ကို အစိမ်းစားမယ်ဆိုရင်တော့ အူထဲမှာရှိတဲ့ အန္တရာယ်ဖြစ်စေသော အရာများကို ကျောက်ကပ်မှတစ်ဆင့် ဆီးရွှင်စေခြင်းအားဖြင့် ဖယ်ရှားပေးပါလိမ့်မယ်။

သခွားမွှေး

သခွားမွှေးများက အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သကြားဓာတ်နည်းပါးပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ ဗီတာမင် အေ ဓာတ်က နေမကောင်းခြင်း၊ စိတ်ဖိစီးခြင်းတို့မှ ကင်းဝေးအောင် ကူညီပေးပါတယ်။ သခွားမွှေးရဲ့ pH ပမာဏကလည်း pH 8.5 ပဲဖြစ်ပါတယ်။

Source: stylecraze.com