အစားအစာတွေကို ဆေးအဖြစ်နဲ့ စားသုံးရတာဟာ အင်မတန် ကောင်းတဲ့ အချက်ပါ။ ဆေးတွေဟာ ရေရှည်သောက်သုံးတဲ့ အခါ ကိုယ်ခန္ဓာအတွက် မကောင်းစေနိုင်ပါဘူး။ အစားအစာတွေကတော့ ကိုယ်ခံအားကို မြင့်တင်ပေးနိုင်ပြီး ခံစားနေရတာတွေကို ကာကွယ်ခြင်းနဲ့ ကုသခြင်းအတွက် ထိရောက်စေပါတယ်။ အဆစ်အမြစ်ရောင်ရမ်းတာတွေကို မဖြစ်စေဖို့နဲ့ ရောဂါရှိသူတွေအတွက် သက်သာစေဖို့ ဘယ်လို အစားအစာမျိုးတွေကို စားသင့်ပါသလဲ?

လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်စေပြီး အရသာလည်းရှိစေမယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

နနွင်း

နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ နနွင်းဟာ ရောင်ရမ်းမှုတွေကို ကျဆေးစေနိုင်တဲ့ ဟိုဒရိုကော်တီဆုန်းဓာတ် ပါဝင်ပါတယ်။ နနွင်းကို ပျားရည်နဲ့ လုံးပြီးစားကသလို ပြုတ်သောက်တာ မျိုးတွေကိုလည်း လုပ်လို့ရပါတယ်။ ချင်းနဲ့ရောပြီး စားပေးရင်တော့ ပိုကောင်းပါတယ်။

သင်္ဘောသီး

သင်္ဘောသီးမှာ ပါပိန်းဓာတ် ပါဝင်ပြီး ပရိုတင်းတွေကို ချေဖျက်နိုင်တဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်စီနဲ့ အီးတို့ ပါဝင်ပြီး လေးဖက်နာကြောင့် ရောင်ရမ်းတာနဲ့ အခြား ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

နာနတ်သီး

နာနတ်သီးဟာ သင်္ဘောသီးနည်းတူ အစာချေဖျက်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို ကူညီပေးနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ ဘရိုမီလိန်းဓာတ်ဟာ လေးဖက်နာသမားတွေ အတွက် ဆေးတစ်မျိုးပါပဲ။ အခုလို ပေါများတဲ့ ရာသီမှာ စားပေးသင့်ပါတယ်။

Green Tea

မြန်မာပြည်မှာတော့ လက်ဖက်ရည်ကြမ်း အဖြစ်သောက်တာလည်း အသုံးဝင်လှပါတယ်။ ရေနွေးကြမ်းလို့ ခေါ်တဲ့ လက်ဖက်ရည်ကြမ်းဟာ ကင်ဆာနဲ့ အခြားရောဂါတွေကို တိုက်ပေးနိုင်စွမ်း ရှိပါတယ်။ ရေနွေးကြမ်းမှာ ဖလေဗိုနွိုက်လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီး ရောင်ရမ်းမှုကို ကျဆင်းစေပါတယ်။ ရေနွေးများများ သောက်ပေးခြင်းဖြင့် ကိုယ်ထဲက အဆိပ်တွေကို လျှော့ကျပေးနိုင်ပါတယ်။

ဂေါ်ဖီပန်းစိမ်း

ဂေါ်ဖီပန်းစိမ်းဟာ ဈေးများပေမယ့် အာဟာရဓာတ်နဲ့ ပြည့်စုံစေတဲ့ အသီးအနှံ တစ်မျိုးပါ။ ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်တဲ့ အပြင် ဆဲလ်ဖိုရာဖိန်းဓာတ်ဟာ ကိုယ်ထဲက မကောင်းတဲ့ဓာတ်တွေကို ချေဖျက်ပေးနိုင်ပါတယ်။

ကန်စွန်းဥ

Sweet Potatoes

နေရာတိုင်းမှာ ရနိုင်ပြီး သရေစာအဖြစ် စားကြတဲ့ အစားအစာပါ။ အာဟာရဓာတ် ပြည့်ဝတဲ့ အပြင် ကစီဓာတ်၊ ဘီတာကယ်ရိုတင်းဓာတ်၊ မဂနိစ်၊ ဗီတာမင် B6 နဲ့ C အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေဟာ ကိုယ်ခန္ဓာရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

ဟင်းနုနွယ်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဟာ လူတွေကို အကျိုးများစေနိုင်ပါတယ်။ ဟင်းနုနွယ်ဟာလည်းအစွမ်းထက်စေတဲ့ အရွက်တစ်မျိုးပါ။ ရောင်ရမ်းမှုကို လျှော့ချ ပေးနိုင်တဲ့ အပြင် အခြား အာဟာရဓာတ်တွေလည်း ရရှိစေနိုင်ပါတယ်။