ပန်းသီးတစ်လုံး နေ့စဉ်စားသုံးပေးခြင်းက ကျန်းမာရေးအတွက် အကျိုးပြုနိုင်တယ်ဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပန်းသီးမှာ အာဟာရဓာတ် အမြောက်အမြားပါဝင်နေလို့ပဲဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ပန်းသီးက သူ့အသားတင် ကျန်းမာရေးအတွက် အကျိုးပြုတာမဟုတ်ပါဘူး။ သူ့ရဲ့ အခွံကလည်း ကျန်းမာရေးအတွက် အထောက်အပံ့အများကြီးပေးနိုင်ပါတယ်။

စာဖတ်သူတို့ရော ပန်းသီးစားတဲ့အခါ ပန်းသီးအခွံပါ စားပစ်တာလား။ ဒါမှမဟုတ် ပန်းသီးကို အခွံခွာပြီးမှ စားလေ့ရှိတာလား။

ဒီဆောင်းပါးလေးထဲမှာတော့ ပန်းသီးစားတဲ့အခါ ဘာ့ကြောင့် အခွံပါ စားသင့်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

ဗီတာမင်ဓာတ်ကြွယ်ဝခြင်း

ပန်းသီးမှာပါဝင်တဲ့ ဗီတာမင် အေက အမြင်အာရုံအတွက်သာမက အသားအရေအတွက်ပါ အထူးကောင်းမွန်ပါတယ်။ ဗီတာမင်စီကတော့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းသတ္တိပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ဗီတာမင် ကေကတော့ ခန္ဓာကိုယ်ထဲရှိ ဆဲလ်အသစ်များ အသစ်ပြန်လည်ဖြစ်ပေါ်စေရေးအတွက် တာဝန်ယူထားတာပဲဖြစ်ပါတယ်။

သတ္တုဓာတ်များ ကြွယ်ဝခြင်း

ပန်းသီးအခွံထဲမှာ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကယ်လစီယမ်နဲ့ ဖော့စဖရပ်တို့လည်းမြင့်မားစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဇင့်၊ ဆိုဒီယမ်နဲ့ မဂ္ဂနီစီယမ်တို့လည်း ပါဝင်ပါသေးတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်ကလည်း ပါဝင်နေတဲ့ ပန်းသီးအခွံလေးပဲဖြစ်ပါတယ်။ ကယ်လစီယမ်နဲ့ သံဓာတ်က အရိုးနဲ့ သွားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တာကြောင့် ပန်းသီးစားတဲ့အခါ အခွံနဲ့တကွ စားသုံးသင့်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝခြင်း

ပန်းသီးအခွံထဲမှာပါဝင်တဲ့ အမျှင်ဓာတ်က ပျော်ဝင်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် နှစ်မျိုးစလုံး ပါဝင်ပါတယ်။ ထိုအမျှင်ဓာတ်တွေက ကိုယ်အလေးချိန်ကျစေဖို့အတွက် ကူညီပေးနိုင်ပါပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီပိုတွေကို ချေဖျက်ပေးနိုင်ဖို့ရန်အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပန်းသီးအခွံကို စားသုံးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားလည်း ကောင်းမွန်သလို အစာအိမ်အတွက်ရော နှလုံးသွေးကြောတွေအတွက်ပါ အထူးကောင်းမွန်ပါတယ်။

Antioxidants များ ကြွယ်ဝခြင်း

ပန်းသီးအခွံထဲမှာရှိတဲ့ Antioxidants တွေကတော့ ပျက်စီးသွားတဲ့ မော်လီကျူးများ အသစ်ပြန်လည်ဖြစ်ပွားနိုင်ဖို့အတွက် တာဝန်ယူထားပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက် အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါ မဖြစ်ပွားအောင်လည်း ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

Source: interest.co.nz

အီလီနွိုက်စ် တက္ကသိုလ်မှ မကြာသေးခင်ကမှ လေ့လာထားသော လေ့လာချက်တွေအရ ပန်းသီးထဲမှာပါဝင်တဲ့ Triterpenoid လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးက ကင်ဆာဆဲလ်ဖြစ်ပေါ်စေတဲ့ ဆဲလ်များကို သတ်ပစ်နိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ပန်းသီးအခွံက အသည်းကင်ဆာ၊ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာတို့ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Source: stylecraze.com