ရုံးပတီသီးက ပိုတက်စီယမ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုအာဟာရဓာတ်များက သင့် ခန္ဓာကိုယ်အတွက် အဘက်ဘက်မှ ကောင်းကျိုးအမြောက်အမြားဆောင်ကျဉ်ပေးနိုင်ပါတယ်။

ရုံးပတီသီးစားသုံးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာ သိချင်ရင်တော့ ဆက်ဖတ်ကြည့်လိုက်ကြတော့နော်။

ရုံးပတီသီးက ဆီးချိုရောဂါကို ကုသပေးနိုင်ပါတယ်။

ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက ဆီးချိုသမားများအတွက် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ ထိုအမျှင်ဓာတ်များကို များများစားသုံးလေ သွေးတွင်းသကြားဓာတ်ကို ပိုထိန်းညှိပေးနိုင်လေပါပဲ။ ဒါ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေပြီး အချိန်တော်တော်ကြာသည်အထိ ဗိုက်ပြည့်နေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

အသက်ရှင်ဖို့အတွက် အရေးအကြီးဆုံးဖြစ်တဲ့ နှလုံးကိုလည်း ကာကွယ်ပေးပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေးမယ့် အစားအစာများ

ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က မကောင်းတဲ့ ကိုလက်စတောများကို လျော့ချပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်းနဲ့ နှလုံးရောဂါ မခံစားရအောင် ကူညီပေးပါလိမ့်မယ်။

ရုံးပတီသီးမှာ မဂ္ဂနီစီယမ်ဓာတ်လည်း ကြွယ်ဝပါသေးတယ်။ ထိုမဂ္ဂနီစီယမ်ဓာတ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးရာမှာလည်း အင်မတန်နာမည်ကြီးတဲ့ သတ္တုဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း

ရင်သားကင်ဆာကို ကာကွယ်ဖို့ အရေပြားနဲ့ ချိုင်းကြားက အဆိပ်အတောက်တွေ ဖယ်ရှားနိုင်မယ့် နည်းလမ်း

ရုံးပတီသီးထဲမှာ Lectin လို့ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်များ ထိုပရိုတင်းဓာတ်က ရင်သားကင်ဆာဖြစ်ပေါ်စေတဲ့ ဆဲလ်များကို ချေဖျက်ပေးနိုင်ပါတယ်။ အခြားလေ့လာတွေ့ရှိချက်အရ ရုံးပတီသီးက ကင်ဆာဆဲလ်များ ကြီးထွားပြန့်ပွားမှုကို ၆၃ ရာခိုင်နှုန်းခန့် ဆက်လက်ကြီးထွားမလာအောင် တားဆီးပေးနိုင်ပါတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း

ရုံးပတီသီးထဲမှာ ပါဝင်တဲ့ ဗီတာမင် အေနဲ့ Beta-Carotene အာဟာရဓာတ်နှစ်မျိုးက အမြင်အာရုံအတွက် အထူးကောင်းမွန်တဲ့ အာဟာရဓာတ်တွေပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များ စားသုံးသင့်တဲ့ အစားအစာတစ်မျိုးထဲမှာပါဝင်နေ

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်မှာ ရုံးပတီသီးကို စားသုံးပေးမယ်ဆိုရင် ရုံးပတီသီးထဲမှာပါဝင်တဲ့ Folate ဓာတ်က ကိုယ်ဝန်ဆောင်မိခင်ရော ကလေးအတွက်ပါ ကျန်းမာရေးကောင်းမွန်စေပါတယ်။ ဒါ့အပြင် ရုံးပတီသီးရဲ့ ဗီတာမင်စီက သံဓာတ်စုပ်ယူမှုအားကောင်းအောင် ကလေးငယ်များကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်အောင် စွမ်းဆောင်နိုင်ပါသေးတယ်။

Source: Stylecraze.com