မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်ဖို့ စိတ်ဝင်စားတဲ့ လူတိုင်းရဲ့ အိပ်မက်ဟာ သန့်ရှင်းသပ်ရပ်ပြီး စမတ်ကျတဲ့ မီးဖိုချောင် တစ်ခု ပိုင်ဆိုင်ဖို့ပါ။ မီးဖိုချောင်သုံး ပစ္စည်းတွေဟာ သန့်ရှင်းသပ်ရပ်နေရင် ပိုပြီး ချက်ပြုတ်ရတာ ပျော်ရွှင်ပါလိမ့်မယ်။ မီးဖိုချောင်တိုင်းမှာ ရှိနေရမယ့် ပစ္စည်းတွေကတော့ အများကြီးပါ။ ဒါပေမယ့် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ၁၀မျိုး ရှိပါတယ်။

၁။ ဓါး

khifeset

ဒါကတော့ အခြေခံ လိုအပ်ချက်ပါ။ မီးဖိုချောင်သုံး ဓါးတွေ မရှိရင် ဘာအစားအစာမှ ဖြစ်မလာနိုင်ပါဘူး။ ဓါးထက်ထက်တွေကို အစုံလိုက်သာ ဝယ်ထားပေးတော့။ (ဓါးတွေ အကြောင်း အရင်က ရေးထားတဲ့ ပိုစ့်မှာ ပြန်ပြီး ဒီမှာ ဖတ်နိုင်ပါတယ် )

၂။ စဉ်နှီးတုံး (cutting board)

cutting board

သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်ဖို့ ဆိုရင် စဉ်နှီးတုံးတွေကို တစ်မျိုးတည်း မသုံးဖို့ ရေးဖူးပါတယ်။ (ဒီမှာဖတ်ပါ) အများကြီး မခွဲနိုင်ရင်အောင် အသားနဲ့ အသီးအရွက် လှီးဖြတ်တဲ့ နှစ်ခုအတွက်တော့ ခွဲထားသင့်ပါတယ်။ ဝါးကနေ ပြုလုပ်ထားတဲ့ စဉ်နှီးတုံးကတော့ အကောင်းဆုံးပါ။ ပလပ်စတစ်တွေကို သုံးမယ်ဆိုရင်တော့ သန့်ရှင်းဖို့ ပိုဂရုစိုက်ပါ။

၃။ အဖုံးပါတဲ့ ခွက် အစုံလိုက်

mixing bowls

အိမ်တိုင်းလိုလိုမှာ ဒီလိုပုံစံ ခွက်လေးတွေ ရှိတတ်ကြပါတယ်။ ချက်ပြီးသား အစားအစာတွေကို ထည့်သိမ်းတဲ့ နေရာမှာ သုံးသလို အကြော်အလှော်တွေနဲ့ မုန့်တွေ သိမ်းတဲ့အခါမှာလည်း သုံးပါတယ်။ ကြီးစဉ်ငယ်လိုက် ပုံစံလေးတွေကြောင့် လှပတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးပါပဲ။

၄။ ချင်တွယ်ခွက်နဲ့ ချင်တွယ်ဇွန်း

measuring cups

ဟင်းပွဲကောင်းကောင်း တစ်ပွဲဖြစ်ဖို့ဆို အချင်အတွယ်တွေက အရေးပါ ပါတယ်။ အထူးသဖြင့် မုန့်ဖုတ်တဲ့ အခါ ပိုပြီး လိုအပ်ပါတယ်။ တိကျတဲ့ ပမာဏတွေ အတွက် ချင်တွယ်ခွက်တွေကိုတော့ ဆောင်ထားသင့်ပါတယ်။

၅။ ခြစ်ခုံ

grater

ခြစ်ခုံနော် ချစ်ခုံ မဟုတ်ပါဘူး ဒါပေမယ့် ချစ်စရာလေးပါ။ အာလူးတွေ ခြစ်မလား သင်္ဘောသီးခြစ်မလား ကြိုက်တဲ့ အသီးခြစ်ဖို့ အတွက် အသွား စိပ်စိပ်ရော ကျဲကျဲရော ပါတဲ့ အတွက် အဆင်ပြေစေပါတယ်။ လိုကို လိုအပ်တဲ့ ပစ္စည်းလေးပါ။

၆။ ဇကာ

sieve

ဒီဇကာလေးတွေက ဆီစစ်တဲ့ နေရာမှာ သုံးသလို အရွက်တွေ ခေါက်ဆွဲတွေ ပြုတ်ပြီး ဆယ်တဲ့ နေရာမှာလည်း သုံးကြပါတယ်။ သန့်ရှင်းရလွယ်ကူစေမယ့် ဇကာမျိုးကို ရွေးဝယ်ပါ။ ဆိုဒ်စုံရှိပေမယ့် ကိုယ်လိုအပ်တဲ့ ဇကာအရွယ်ဆိုဒ်ကို ရွေးဝယ်လို့ ရပါတယ်။

၇။ ခေါက်တံ (whisk)

whisk

မုန့်တွေ လုပ်တဲ့ အခါ ပါဝင်ပစ္စည်းတွေ သမအောင် မွှေဖို့ ဆိုရင်တော့ ဒီ whisk လေးက တော်တော် အသုံးဝင်တဲ့ ပစ္စည်းပါ။

၈။ သစ်သားဇွန်း

Screen Shot 2016-03-20 at 11.32.21 pm

သစ်သားဇွန်းဆိုလိုက်တာနဲ့ ထမင်းအိုး မွှေတဲ့ ယောင်းမကို အရင်ဆုံး သတိရမိကြမှာပါ။ သစ်သားဇွန်းတွေကို ဘာကြောင့် သုံးသင့်လဲ ဆိုတာ လျှပ်စစ် မကူးနိုင်တဲ့ အတွက် ဓာတ်လိုက်ခြင်း မဖြစ်စေပါဘူး။ အလွယ်တကူ မည်းမသွားစေတဲ့ အတွက် ကြာရှည် အသုံးခံပါတယ်။

၉။ ညှပ်

tongs

မီးဖိုထဲက မရှိမဖြစ်တွေထဲက တစ်ခုပါ။ ခေါက်ဆွဲတွေ ကိုင်ရင်ပဲ ဖြစ်ဖြစ် အသီးအရွက်တွေ အသုပ်တွေ လုပ်ရင်ပဲ ဖြစ်ဖြစ် လက်နဲ့ တိုက်ရိုက်မကိုင်ဘဲ ညှပ်နဲ့ ကိုင်ခြင်းဟာ ပိုသန့်ရှင်းပြီး သပ်ရပ်စေပါတယ်။

Credit: sheknows.com