(Zawgyi)
အိမ္ရဲ႕ ခ်စ္ျခင္းေမတၱာေတြက မီးဖိုေခ်ာင္ကေနစတင္တယ္ဆိုတဲ့ အေနာက္တုိင္း စကားပံုတစ္ခုရွိပါတယ္။
ဒါ့ေၾကာင့္ အိမ္တစ္အိမ္မွာ လွပၿပီး သပ္ရပ္တဲ့ မီးဖိုေခ်ာင္တစ္ခုရွိဖို႔ လိုအပ္ပါတယ္။
Layout ဒီဇိုင္းေကာင္းဖို႔လိုအပ္
မီးဖိုေခ်ာင္ေနရာက်ဥ္းေပမယ့္ တည္ေဆာက္မယ့္ Layout ဒီဇိုင္း ေကာင္းရင္ အစီအစဥ္တက်ရွိတဲ့ မီးဖိုေခ်ာင္ေလးရရွိမွာပါ။
L ပံုစံ မီးဖိုေခ်ာင္
သင့္မီးဖိုေခ်ာင္က က်ဥ္းေနရင္ L ပံုစံေလး ဒီဇိုင္းဆြဲၾကည့္ပါ။ တစ္ဖက္မွာ ေနရာအလြယ္ေလးထားျခင္းျဖင့္ သင္အလြယ္တကူ လႈပ္ရွားႏိုင္မွာပါ။
အဲ့လို ေနရာလြတ္ေလးေတြက အလင္းေရာင္ေတြ၀င္ေစၿပီး မီးဖိုေခ်ာင္ကိုလည္း ေလ၀င္ေလထြက္ေကာင္းေအာင္ လုပ္ေဆာင္ေပးပါတယ္။
U ပံုစံ မီးဖိုေခ်ာင္
U ပံုစံ မီးဖိုေခ်ာင္က လူေတြအမ်ားအားျဖင့္ သေဘာက်တဲ့ ပံုစံပါဘဲ။ အဲ့ဒီအျပင္ မီးဖိုေခ်ာင္ထဲမွာလည္း လြတ္လပ္လပ္သြားလာ ခ်က္ျပဳတ္ႏိုင္ပါတယ္။
ေနေရာင္ျခည္၀င္ေအာင္ လုပ္ပါ
မီးဖိုေခ်ာင္တစ္ခုမွာ ေနေရာင္ျခည္နဲ႔ ေလ၀င္ေလထြက္ေကာင္းဖို႔ကလည္း အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ ျပဴတင္းေပါက္အႀကီးႀကီးေတြပါလာရင္ မပိတ္ပစ္ပါနဲ႔။ လိုက္ကာ ပါးပါးေလးေတြဘဲတပ္ၿပီး ေနေရာင္ျခည္ေကာင္းေကာင္း၀င္ေအာင္ လုပ္ေပးပါ။
အကယ္၍ ျပဳတင္းေပါက္ေတြမပါလာဘူးဆုိလည္း မီးေရာင္ေကာင္းေကာင္းလင္းတဲ့ မီးေခ်ာင္းေတြကို အသံုးျပဳပါ။
မီးဖိုေခ်ာင္ထဲမွာ မီးလင္းေနရင္ မီးဖိုေခ်ာင္က ပိုက်ယ္သလိုခံစားရပါလိမ့္မယ္။
အေရာင္ကို ဂရုတစိုက္ေရြးပါ
မီးဖိုေခ်ာင္က်ဥ္းက်ဥ္းေလးဆိုရင္ နံရံေတြကို အျဖဴေရာင္သုတ္ၿပီး ပရိေဘာဂေတြ စင္ေတြကို အျဖဴေရာင္ကို ေရြးခ်ယ္ရင္ပိုေကာင္းပါလိမ့္မယ္။
အမည္းေရာင္က မီးဖိုေခ်ာင္ကို ပိုက်ဥ္းသလို ခံစားရပါလိမ့္မယ္။
အျဖဴေရာင္က အလင္းျပန္ၿပီး အားလံုးကိုရွင္းရွင္းလင္းလင္း ျမင္ေအာင္ကူညီေပးပါလိမ့္မယ္။
(Unicode)
အိမ်ရဲ့ ချစ်ခြင်းမေတ္တာတွေက မီးဖိုချောင်ကနေစတင်တယ်ဆိုတဲ့ အနောက်တိုင်း စကားပုံတစ်ခုရှိပါတယ်။
ဒါ့ကြောင့် အိမ်တစ်အိမ်မှာ လှပပြီး သပ်ရပ်တဲ့ မီးဖိုချောင်တစ်ခုရှိဖို့ လိုအပ်ပါတယ်။
Layout ဒီဇိုင်းကောင်းဖို့လိုအပ်
မီးဖိုချောင်နေရာကျဉ်းပေမယ့် တည်ဆောက်မယ့် Layout ဒီဇိုင်း ကောင်းရင် အစီအစဉ်တကျရှိတဲ့ မီးဖိုချောင်လေးရရှိမှာပါ။
L ပုံစံ မီးဖိုချောင်
သင့်မီးဖိုချောင်က ကျဉ်းနေရင် L ပုံစံလေး ဒီဇိုင်းဆွဲကြည့်ပါ။ တစ်ဖက်မှာ နေရာအလွယ်လေးထားခြင်းဖြင့် သင်အလွယ်တကူ လှုပ်ရှားနိုင်မှာပါ။
အဲ့လို နေရာလွတ်လေးတွေက အလင်းရောင်တွေဝင်စေပြီး မီးဖိုချောင်ကိုလည်း လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။
U ပုံစံ မီးဖိုချောင်
U ပုံစံ မီးဖိုချောင်က လူတွေအများအားဖြင့် သဘောကျတဲ့ ပုံစံပါဘဲ။ အဲ့ဒီအပြင် မီးဖိုချောင်ထဲမှာလည်း လွတ်လပ်လပ်သွားလာ ချက်ပြုတ်နိုင်ပါတယ်။
နေရောင်ခြည်ဝင်အောင် လုပ်ပါ
မီးဖိုချောင်တစ်ခုမှာ နေရောင်ခြည်နဲ့ လေဝင်လေထွက်ကောင်းဖို့ကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ပြူတင်းပေါက်အကြီးကြီးတွေပါလာရင် မပိတ်ပစ်ပါနဲ့။ လိုက်ကာ ပါးပါးလေးတွေဘဲတပ်ပြီး နေရောင်ခြည်ကောင်းကောင်းဝင်အောင် လုပ်ပေးပါ။
အကယ်၍ ပြုတင်းပေါက်တွေမပါလာဘူးဆိုလည်း မီးရောင်ကောင်းကောင်းလင်းတဲ့ မီးချောင်းတွေကို အသုံးပြုပါ။
မီးဖိုချောင်ထဲမှာ မီးလင်းနေရင် မီးဖိုချောင်က ပိုကျယ်သလိုခံစားရပါလိမ့်မယ်။
အရောင်ကို ဂရုတစိုက်ရွေးပါ
မီးဖိုချောင်ကျဉ်းကျဉ်းလေးဆိုရင် နံရံတွေကို အဖြူရောင်သုတ်ပြီး ပရိဘောဂတွေ စင်တွေကို အဖြူရောင်ကို ရွေးချယ်ရင်ပိုကောင်းပါလိမ့်မယ်။
အမည်းရောင်က မီးဖိုချောင်ကို ပိုကျဉ်းသလို ခံစားရပါလိမ့်မယ်။
အဖြူရောင်က အလင်းပြန်ပြီး အားလုံးကိုရှင်းရှင်းလင်းလင်း မြင်အောင်ကူညီပေးပါလိမ့်မယ်။