[Unicode]

ကင်ပွန်းပင်ကို ဇီဝနာမည် Acacia Concinna ဟု ခေါ်ပြီး ကင်ပွန်းချဉ်ဟာ ဟင်းအရံအနေနဲ့ အစားများတဲ့ အရွက်တစ်မျိုး ဖြစ်ပါတယ်။ အခုလို ပူပြင်းတဲ့ နွေချိန်ခါမှာ ကင်ပွန်းချဉ်ဟင်းချို အရည်ကျဲလေးဟာ အပူဒဏ်ကို လျော့စေပြီး ခံတွင်းမြိန်စေပါတယ်။ မြန်မာ့နိုင်ငံ နေရာတော်တော်များများမှာပေါက်တဲ့ အပင်ပါ။ သူက ဆူးပုတ်လို ပုံသဏ္ဍာန် အပင်ရှိပြီးတော့ အရသာက ချဉ်တဲ့ အရသာ ရှိပါတယ်။ အခတ်အနုလေးတွေကို ခူးပြီး ကြော်စား ချက်စား ဟင်းချို ချက်သောက်ကြပါတယ်။ ကင်ပွန်းချဉ်ဟာ အရွက်ရော အသီးပါ အသုံးဝင်တဲ့ အပင်မျိုး ဖြစ်ပါတယ်။

အရွက်တင်မက အသီးပါ အသုံးဝင်ပါသေးတယ်။ အသီးက အတောင့်ရှည်မျိုး ဖြစ်ပြီး အစေ့တွေကြားမှာ အဆစ်လေးတွေ ရှိပါတယ်။ အစေ့က အနက်ရောင်ရှိပြီး အစေ့ကို ပစ်ထားရင် အလွယ်အကူ အပင်ပေါက်နိုင်ပါတယ်။ မြန်မာတို့ရဲ့ ရှေးရိုးရာ တလျော်ကင်ပွန်း ခေါင်းလျှော်ရည်ထဲမှာ သုံးတဲ့ ကင်ပွန်းသီးဟာ ကင်ပွန်းချဉ်ပင်က ရတဲ့ အသီးပါ။ ကင်ပွန်းသီးကို ပြုတ်ပြီး တရော်နဲ့ လျှော်ရင် ဆံပင်ကို သန်စွမ်းစေပြီး ဦးရေကို အေးမြစေပါတယ်။ အခုလို နှစ်သစ်ကူး အခါသမယမှာ လူကြီးသူမတွေကို ခေါင်းလျှော်မင်္ဂလာ ပြုလုပ်ရင် အသုံးပြုကြပါတယ်။ မင်္ဂလာရှိတယ်လို့ မြန်မာ အယူ ရှိပါတယ်။ အသီးကို အစာအိမ်ရောဂါ၊ သွေးနဲ့ ပတ်သတ်သော ရောဂါတွေ အတွက် ဆေးဖော်စပ်ရာမှာ အသုံးပြုပြီး မြွေဆိပ်ကုရာမှာလည်း သုံးပါတယ်။

concinna

အရွက်ကိုတော့ ချက်ပြုတ် စားသောက်တာ အပြင် ဆေးအနေနဲ့လည်း သုံးလို့ ရပါသေးတယ်။ အရွက်ကို ကြိတ်ပြီး အသည်းရောင် အသားဝါ ရောဂါသည်တွေကို တိုက်ရင် သက်သာစေပြီး အသည်းရောင်နေတဲ့ နေရာကို လိမ်းပေးခြင်းဖြင့် အရောင်ကျစေပါတယ်။ ဟင်းချို ချက်သောက်ရင် ကိုယ်တွင်း အပူကို ကျစေပြီး ရင်အေးစေပါတယ်။ အစပ်တွေ အများကြီးနဲ့ ဟင်းတွေ ချက်ထားတယ်ဆိုရင်တော့ ကင်ပွန်းချဉ်လေးကို ဟင်းချိုသာ ချက်ထားလိုက်ပါ။ ကင်ပွန်းချဉ်ရွက်ဟာ လေနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို သက်သာစေပြီး ဝမ်းကိုလည်း ပျော့စေပါတယ်။ ကျောက်ကပ်ကို အားပေးတဲ့ အတွက် ဆီးရွှင်စေပါတယ်။ အထူးသဖြင့် အမျိုးသားတွေ အတွက် ပန်းသေး ပန်းညှိုးမှ အစ သက်သာစေပါတယ်။

အရွက်ကို ရေနွေးဖျောပြီး ငှက်ဖျားရောဂါသည်တွေ သောက်ပေးရင် အပူကျပြီး သက်သာစေပါတယ်။ အရွက်နုတွေကို ညသိပ်ပြီး သောက်ပေးရင် အဖျဉ်းရောဂါတွေကို ပျောက်စေပါတယ်။ နေမကောင်းသူတွေနဲ့ နာလန်ထစ လူမမာတွေကို ကင်ပွန်းချဉ် ဟင်းချိုနဲ့ ကျွေးရင် ခံတွင်းမြိန်စေပြီး အပူရှိရင်လည်းသက်သာစေပါတယ်။ အစာအိမ်လမ်းကြောင်း မကောင်းသူတွေ သောက်ပေးသင့်တဲ့ ဆေးဘက်ဝင် ဟင်းချိုပါ။ ပူပြင်းတဲ့ နွေမှာ အချဉ်ဓာတ် အနည်းငယ်ပါတဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ ကင်ပွန်းချဉ်ကတော့ ဘေးထွက် ဆိုးကျိုးလည်း မရှိတဲ့ အပြင် နေရာတိုင်းမှာ အလွယ်တကူ ရရှိနိုင်တာကြောင့် တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ အားလပ်ရက်တွေမှာ ပျော်ရွှင်ကြပါစေ။

Credit: Thaiherbalexpert

[Zawgyi]

ကင္ပြန္းပင္ကို ဇီ၀နာမည္ Acacia Concinna ဟု ေခၚၿပီး ကင္ပြန္းခ်ဥ္ဟာ ဟင္းအရံအေနနဲ႔ အစားမ်ားတဲ့ အရြက္တစ္မ်ိဳး ျဖစ္ပါတယ္။ အခုလို ပူျပင္းတဲ့ ေႏြခ်ိန္ခါမွာ ကင္ပြန္းခ်ဥ္ဟင္းခ်ိဳ အရည္က်ဲေလးဟာ အပူဒဏ္ကို ေလ်ာ့ေစၿပီး ခံတြင္းၿမိန္ေစပါတယ္။ ျမန္မာ့နုိင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာေပါက္တဲ့ အပင္ပါ။ သူက ဆူးပုတ္လို ပံုသ႑ာန္ အပင္ရွိၿပီးေတာ့ အရသာက ခ်ဥ္တဲ့ အရသာ ရွိပါတယ္။ အခတ္အႏုေလးေတြကို ခူးၿပီး ေၾကာ္စား ခ်က္စား ဟင္းခ်ိဳ ခ်က္ေသာက္ၾကပါတယ္။ ကင္ပြန္းခ်ဥ္ဟာ အရြက္ေရာ အသီးပါ အသံုး၀င္တဲ့ အပင္မ်ိဳး ျဖစ္ပါတယ္။

အရြက္တင္မက အသီးပါ အသံုး၀င္ပါေသးတယ္။ အသီးက အေတာင့္ရွည္မ်ိဳး ျဖစ္ၿပီး အေစ့ေတြၾကားမွာ အဆစ္ေလးေတြ ရွိပါတယ္။ အေစ့က အနက္ေရာင္ရွိၿပီး အေစ့ကို ပစ္ထားရင္ အလြယ္အကူ အပင္ေပါက္ႏုိင္ပါတယ္။ ျမန္မာတို႔ရဲ႕ ေရွးရိုးရာ တေလ်ာ္ကင္ပြန္း ေခါင္းေလွ်ာ္ရည္ထဲမွာ သံုးတဲ့ ကင္ပြန္းသီးဟာ ကင္ပြန္းခ်ဥ္ပင္က ရတဲ့ အသီးပါ။ ကင္ပြန္းသီးကို ျပဳတ္ၿပီး တေရာ္နဲ႔ ေလွ်ာ္ရင္ ဆံပင္ကို သန္စြမ္းေစၿပီး ဦးေရကို ေအးျမေစပါတယ္။ အခုလို ႏွစ္သစ္ကူး အခါသမယမွာ လူႀကီးသူမေတြကို ေခါင္းေလွ်ာ္မဂၤလာ ျပဳလုပ္ရင္ အသံုးျပဳၾကပါတယ္။ မဂၤလာရွိတယ္လို႔ ျမန္မာ အယူ ရွိပါတယ္။ အသီးကို အစာအိမ္ေရာဂါ၊ ေသြးနဲ႔ ပတ္သတ္ေသာ ေရာဂါေတြ အတြက္ ေဆးေဖာ္စပ္ရာမွာ အသံုးျပဳၿပီး ေျမြဆိပ္ကုရာမွာလည္း သံုးပါတယ္။

concinna

အရြက္ကိုေတာ့ ခ်က္ျပဳတ္ စားေသာက္တာ အျပင္ ေဆးအေနနဲ႔လည္း သံုးလို႔ ရပါေသးတယ္။ အရြက္ကို ႀကိတ္ၿပီး အသည္းေရာင္ အသား၀ါ ေရာဂါသည္ေတြကို တိုက္ရင္ သက္သာေစၿပီး အသည္းေရာင္ေနတဲ့ ေနရာကို လိမ္းေပးျခင္းျဖင့္ အေရာင္က်ေစပါတယ္။ ဟင္းခ်ိဳ ခ်က္ေသာက္ရင္ ကိုယ္တြင္း အပူကို က်ေစၿပီး ရင္ေအးေစပါတယ္။ အစပ္ေတြ အမ်ားႀကီးနဲ႔ ဟင္းေတြ ခ်က္ထားတယ္ဆိုရင္ေတာ့ ကင္ပြန္းခ်ဥ္ေလးကို ဟင္းခ်ိဳသာ ခ်က္ထားလိုုက္ပါ။ ကင္ပြန္းခ်ဥ္ရြက္ဟာ ေလနဲ႔ ပတ္သတ္တဲ့ ေရာဂါေတြကို သက္သာေစၿပီး ၀မ္းကိုလည္း ေပ်ာ့ေစပါတယ္။ ေက်ာက္ကပ္ကို အားေပးတဲ့ အတြက္ ဆီးရႊင္ေစပါတယ္။ အထူးသျဖင့္ အမ်ိဳးသားေတြ အတြက္ ပန္းေသး ပန္းညွိဳးမွ အစ သက္သာေစပါတယ္။

အရြက္ကို ေရေႏြးေဖ်ာၿပီး ငွက္ဖ်ားေရာဂါသည္ေတြ ေသာက္ေပးရင္ အပူက်ၿပီး သက္သာေစပါတယ္။ အရြက္ႏုေတြကို ညသိပ္ၿပီး ေသာက္ေပးရင္ အဖ်ဥ္းေရာဂါေတြကို ေပ်ာက္ေစပါတယ္။ ေနမေကာင္းသူေတြနဲ႔ နာလန္ထစ လူမမာေတြကို ကင္ပြန္းခ်ဥ္ ဟင္းခ်ိဳနဲ႔ ေကြ်းရင္ ခံတြင္းၿမိန္ေစၿပီး အပူရွိရင္လည္းသက္သာေစပါတယ္။ အစာအိမ္လမ္းေၾကာင္း မေကာင္းသူေတြ ေသာက္ေပးသင့္တဲ့ ေဆးဘက္၀င္ ဟင္းခ်ိဳပါ။ ပူျပင္းတဲ့ ေႏြမွာ အခ်ဥ္ဓာတ္ အနည္းငယ္ပါတဲ့ အစားအစာေတြကို စားသံုးေပးသင့္ပါတယ္။ ကင္ပြန္းခ်ဥ္ကေတာ့ ေဘးထြက္ ဆိုးက်ိဳးလည္း မရွိတဲ့ အျပင္ ေနရာတိုင္းမွာ အလြယ္တကူ ရရွိႏုိင္တာေၾကာင့္ တင္ျပေပးလိုက္ျခင္း ျဖစ္ပါတယ္။ အားလပ္ရက္ေတြမွာ ေပ်ာ္ရႊင္ၾကပါေစ။

Credit: Thaiherbalexpert