အိပ်မပျော်တဲ့ပြဿနာဟာ လူကြီးလူငယ်မရွေး ကြုံတွေ့နေရတာပါ။
ဂိမ်းဆော့တာဖြစ်ဖြစ် တီဗီကြည့်တာဖြစ်ဖြစ် အတွေးလွန်တာကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးမှုကြောင့်ဖြစ်ဖြစ်အကြောင်းပြချက်အမျိုးမျိုးကြောင့် အိပ်ရေးတွေပျက်နေလား။ ဘာ့ကြောင့်ပဲဖြစ်ဖြစ်ပါ ကညွှတ်ကို ဖျော်ရည်လုပ်ပြီးသောက်လိုက်ရအောင်။
ပါဝင်ပစ္စည်း
ကညွှတ် ၉ ချောင်း
တရုတ်နံနံပင်အရိုး ၂ ချောင်း
သခွားသီး ၁ လုံး
သံပုယိုသီး ၁ လုံး
ပန်းသီး ၁ လုံး
ဂျင်း တစ်စိတ်
ပြုလုပ်နည်း
ကညွှတ်ကို ရေနဲ့ ၅ မိနစ်လောက် စိမ်ထားပါ။
တရုတ်နံနံ၊သခွားသီး၊ သံပုရာသီး နဲ့ ပန်းသီး ကို အတုံးသေးသေးလေးလှီးလိုက်ပါ။ ကညွှတ်ကိုလည်း အတုံးလိုက်လှီးပေးပါ။
ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။
သေချာအောင်ဖျော်ပြီးသွားပြီဆိုရင် ရေခဲသေတ္တာထဲထည့်ထားပါ။ မနက်ခင်းမှာ ပြင်ဆင်ပြီး နေ့လည်စာစားပြီးရင် သောက်ပါ။