[Unicode]

ဆူရှီဆိုတာကတော့ ငါးအစိမ်းကို လှလှပပ သေသေသပ်သပ်ကလေးနဲ့ အနုပညာမြောက်အောင် ပြင်ဆင်ထားခြင်းပဲဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဆူရှီဆိုင်တွေကို လက်ညှိုးထိုးမလွဲတွေ့မြင်ကြရပါတယ်။

ပင်လယ်ငါးနဲ့ အိုမီဂါသရီး ဖက်တိအက်စစ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ငါးတို့ကို အသုံးပြုထားတဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့အစားအစာတစ်ခုလို့ သင် မှတ်ယူပါသလား။

ကျန်းမာရေးနဲ့ ညီညွှတ်သလား၊ မညီညွှတ်ဘူးလား သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်အလက်တွေကို ဆက်လေ့လာကြည့်လိုက်ရအောင်။

သကြားဓာတ်ပါဝင်မှုများခြင်း

ဆူရှီထဲမှာ သကြားဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ ဆူရှီထဲက ထမင်းက သကြားနဲ့ ဆန်ရှာလကာရည်တို့ဖြင့် ရောနှောထားတာပဲဖြစ်ပါတယ်။ ဆူရှီတစ်လုတ်စားတိုင်း သကြား စားပွဲတင်ဇွန်း ၁ ဇွန်း စားမိလျက်သားဖြစ်နေပါတယ်။ သကြား စားသုံးမှုများလာရင်တော့ ကျန်းမာရေးအတွက် စိုးရိမ်စရာပဲဖြစ်ပါတယ်။

ပြဒါးဓာတ် အဆိပ်သင့်ခြင်း

ကားသော့၊ ခြံသော့တွေ ဘယ်နားမှာ ထားမိမှန်းမသိ စဉ်းစားရခက်နေပြီလား။ အားနည်းသလိုလို လူတစ်ကိုယ်လုံး ထုံနေသလို ခံစားနေရပြီလား။ ဒီလက္ခဏာတွေက သင် စားသုံးလိုက်တဲ့ ဆူရှီကြောင့် နောက်ဆက်တွဲခံစားရတဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။

ပင်လယ်ငါးများ၊ ပုစွန်တုပ်ကြီးတွေထဲမှာ ပြဒါးဓာတ်တွေ ပြည့်နှက်နေတာပဲဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေက စွန့်ပစ်လိုက်တဲ့ လေထုညစ်ညမ်းမှုကြောင့် ပြဒါးဓာတ်တွေ ထွက်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။

ထိုပြဒါးဓာတ်များ စားသုံးထားတဲ့ငါးကို လူသားတွေက ပြန်လည်စားသုံးမိတဲ့အခါ စောစောက ဖော်ပြခဲ့တဲ့ လက္ခဏာများ ခံစားရတတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ပြဒါးဓာတ်ကြောင့် သန္ဓေသား ထိခိုက်နိုင်ခြင်းနဲ့ ကလေးအတွက်လည်း အသက်အန္တရာယ် စိုးရိမ်ရတတ်ပါတယ်။

Listeria လို့ခေါ်တဲ့ ဘက်တီးရီးယားက ဒုက္ခပေးခြင်း

စောစောက ဖော်ပြထားခဲ့သလိုပါပဲ ကိုယ်ဝန်ဆောင်ချိန်မှာ ဆူရှီစားသုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။ ငါးအစိမ်း စားသုံးခြင်းကြောင့် Listeria လို့ ခေါ်တဲ့ ဘက်တီးရီးယားများ ပြန့်ပွားသွားပြီး ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်များ၊ မွေးကင်းစ ကလေးများက ခုခံအားနည်းနေတဲ့အချိန်ပဲဖြစ်ပါတယ်။ ထိုဘက်တီးရီးယားကြောင့် ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ မွေးဖွားပြီးသော ကလေးကလည်း ကျန်းမာရေးချူချာခြင်း စတဲ့ ကျန်းမာရေး ပြဿနာများ ခံစားရနိုင်ပါတယ်။

တုတ်ပြားများ၊ သန်ကောင်များစတဲ့ ကပ်ပါးကောင်များကြောင့် အစာအိမ်ပြဿနာများ ကြုံတွေ့ရခြင်း

Source: Shutterstock

ငါးအစိမ်း စားလိုက်ပြီဆိုကတည်းက တုတ်ပြားကောင်နဲ့ သန်ကောင်တွေရဲ့ အန္တရာယ် ခံစားနရပြီဖြစ်ပါတယ်။ ဒီလို ကပ်ပါးကောင်တွေ အူလမ်းကြောင်းမှာ ကပ်ငြိသွားပြီဆိုတာနဲ့ သင် စားသုံးလိုက်တဲ့ အစာ အာဟာရတိုင်းကို ထိုကပ်ပါးကောင်တွေက အကုန်လုံး စားသုံးပစ်မှာပဲဖြစ်ပါတယ်။

Source: hhdresearch.org

[Zawgyi]

ဆူ႐ွီဆိုတာကေတာ့ ငါးအစိမ္းကို လွလွပပ ေသေသသပ္သပ္ကေလးနဲ႔ အႏုပညာေျမာက္ေအာင္ ျပင္ဆင္ထားျခင္းပဲျဖစ္ပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာဆိုရင္ ဆူ႐ွီဆိုင္ေတြကို လက္ညွိဳးထိုးမလြဲေတြ႔ျမင္ၾကရပါတယ္။

ပင္လယ္ငါးနဲ႔ အိုမီဂါသရီး ဖက္တိအက္စစ္ဓာတ္တို႔ ၾကြယ္ဝစြာပါဝင္တဲ့ ငါးတို႔ကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္ က်န္းမာေရးအတြက္ အထူးေကာင္းမြန္တဲ့အစားအစာတစ္ခုလို႔ သင္ မွတ္ယူပါသလား။

က်န္းမာေရးနဲ႔ ညီညႊတ္သလား၊ မညီညႊတ္ဘူးလား သိခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အခ်က္အလက္ေတြကို ဆက္ေလ့လာၾကည့္လိုက္ရေအာင္။

သၾကားဓာတ္ပါဝင္မႈမ်ားျခင္း

ဆူ႐ွီထဲမွာ သၾကားဓာတ္ေတြ ျမင့္မားစြာပါဝင္ပါတယ္။ ဆူ႐ွီထဲက ထမင္းက သၾကားနဲ႔ ဆန္႐ွာလကာရည္တို႔ျဖင့္ ေရာေႏွာထားတာပဲျဖစ္ပါတယ္။ ဆူ႐ွီတစ္လုတ္စားတိုင္း သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း စားမိလ်က္သားျဖစ္ေနပါတယ္။ သၾကား စားသံုးမႈမ်ားလာရင္ေတာ့ က်န္းမာေရးအတြက္ စိုးရိမ္စရာပဲျဖစ္ပါတယ္။

ျပဒါးဓာတ္ အဆိပ္သင့္ျခင္း

ကားေသာ့၊ ၿခံေသာ့ေတြ ဘယ္နားမွာ ထားမိမွန္းမသိ စဥ္းစားရခက္ေနၿပီလား။ အားနည္းသလိုလို လူတစ္ကိုယ္လံုး ထံုေနသလို ခံစားေနရၿပီလား။ ဒီလကၡဏာေတြက သင္ စားသံုးလိုက္တဲ့ ဆူ႐ွီေၾကာင့္ ေနာက္ဆက္တြဲခံစားရတဲ့ ဆိုးက်ိဳးေတြပဲျဖစ္ပါတယ္။

ပင္လယ္ငါးမ်ား၊ ပုစြန္တုပ္ႀကီးေတြထဲမွာ ျပဒါးဓာတ္ေတြ ျပည့္ႏွက္ေနတာပဲျဖစ္ပါတယ္။ စက္႐ံု၊ အလုပ္႐ံုေတြက စြန္႔ပစ္လိုက္တဲ့ ေလထုညစ္ညမ္းမႈေၾကာင့္ ျပဒါးဓာတ္ေတြ ထြက္ေပၚလာရျခင္းပဲျဖစ္ပါတယ္။

ထိုျပဒါးဓာတ္မ်ား စားသံုးထားတဲ့ငါးကို လူသားေတြက ျပန္လည္စားသံုးမိတဲ့အခါ ေစာေစာက ေဖာ္ျပခဲ့တဲ့ လကၡဏာမ်ား ခံစားရတတ္ပါတယ္။ ဒါ့အျပင္ ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ ျပဒါးဓာတ္ေၾကာင့္ သေႏၶသား ထိခိုက္ႏိုင္ျခင္းနဲ႔ ကေလးအတြက္လည္း အသက္အႏၱရာယ္ စိုးရိမ္ရတတ္ပါတယ္။

Listeria လို႔ေခၚတဲ့ ဘက္တီးရီးယားက ဒုကၡေပးျခင္း

ေစာေစာက ေဖာ္ျပထားခဲ့သလိုပါပဲ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဆူ႐ွီစားသံုးျခင္းကုိ ေ႐ွာင္ၾကဥ္ရပါမယ္။ ငါးအစိမ္း စားသံုးျခင္းေၾကာင့္ Listeria လို႔ ေခၚတဲ့ ဘက္တီးရီးယားမ်ား ျပန္႔ပြားသြားၿပီး က်န္းမာေရး ထိခုိက္တတ္ပါတယ္။ ကိုယ္ဝန္ေဆာင္ မိခင္မ်ား၊ ေမြးကင္းစ ကေလးမ်ားက ခုခံအားနည္းေနတဲ့အခ်ိန္ပဲျဖစ္ပါတယ္။ ထိုဘက္တီးရီးယားေၾကာင့္ ေခါင္းမူးေခါင္းကိုက္ျဖစ္ျခင္း၊ သတိလစ္ျခင္း၊ လမေစ့ဘဲ ကေလးေမြးျခင္း၊ ေမြးဖြားၿပီးေသာ ကေလးကလည္း က်န္းမာေရးခ်ဴခ်ာျခင္း စတဲ့ က်န္းမာေရး ျပႆနာမ်ား ခံစားရႏိုင္ပါတယ္။

တုတ္ျပားမ်ား၊ သန္ေကာင္မ်ားစတဲ့ ကပ္ပါးေကာင္မ်ားေၾကာင့္ အစာအိမ္ျပႆနာမ်ား ႀကံဳေတြ႔ရျခင္း

Source: Shutterstock

ငါးအစိမ္း စားလိုက္ၿပီဆိုကတည္းက တုတ္ျပားေကာင္နဲ႔ သန္ေကာင္ေတြရဲ႕ အႏၱရာယ္ ခံစားနရၿပီျဖစ္ပါတယ္။ ဒီလို ကပ္ပါးေကာင္ေတြ အူလမ္းေၾကာင္းမွာ ကပ္ၿငိသြားၿပီဆိုတာနဲ႔ သင္ စားသံုးလိုက္တဲ့ အစာ အာဟာရတိုင္းကို ထိုကပ္ပါးေကာင္ေတြက အကုန္လံုး စားသံုးပစ္မွာပဲျဖစ္ပါတယ္။

Source: hhdresearch.org