နဂါးမောက်သီးက လူတိုင်းနဲ့တည့်တဲ့ အသီးတစ်မျိုးပါ။ သူ့မှာက ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဒီလို ကျန်းမာရေးအတွက် ကောင်းတဲ့ နဂါးမောက်သီးကို နေ့တိုင်းစားပေးရင် ဘယ်လိုကောင်းကျိုးတွေ ရရှိလာနိုင်မလဲဆိုတာကို ကြည့်လိုက်ရအောင်။

နားဂါးမောက်သီးကို နေ့တိုင်းစားပေးခြင်းက ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။

နဂါးမောက်သီးကို နေ့တိုင်းစားပေးခြင်းက အသက်ကြီးလာရင်ဖြစ်လေ့ရှိတဲ့ မျက်စိရေတိမ်ကို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

နဂါးမောက်သီးကို နေ့တိုင်းစားပေးခြင်းက နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါအတွက်လည်း အရမ်းကောင်းပါတယ်။

နဂါးမောက်သီးကို နေ့တိုင်းစားပေးခြင်းက အရိုးကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်။ အထောက်အကူဖြစ်စေပါတယ်။

Source: www.hhdresearch.org