သင်က မနက်ခင်း နိုးထလာတဲ့နဲ့ ကော်ဖီမသောက်ဘဲ မနေနိုင်တဲ့သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို သင် မဖြစ်မနေ ဖတ်သင့်နေပါပြီ။

ကော်ဖီသောက်ခြင်းက သင့်ကို လန်းဆန်းတက်ကြွစေတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ခံစားရနိုင်စေသလဲဆိုတာကိုတော့ သင် အသေးစိတ်သိမှာ မဟုတ်သေးပါဘူး။ ဒါ့ကြောင့် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ရင်း ရောဂါလက္ခဏာများကို မခံစားရအောင် ကြိုတင်ကာကွယ်လိုက်ပါ။

သည်းခြေအိတ် ကျုံ့သွားခြင်း

ဗိုက်ထဲမှာ ဘာအစာမှမရှိဘဲနဲ့ ကော်ဖီသောက်ခြင်းက သည်းခြေကျောက်တည်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ထိုကဲ့သို့ မကြာခဏသောက်နေမယ်ဆိုရင်တော့ သင့်ရဲ့သည်းခြေအိတ်က အရွယ်အစားတွေ သေးငယ်ပြီး ကျုံ့သွားကာ ကောင်းစွာအလုပ်မလုပ်နိုင်တော့ပါဘူး။

အစား စားချင်စိတ် မရှိတော့ခြင်း၊ မကြာခဏ အော့အန်ခြင်း၊ အသားဝါရောဂါ၊ ဝမ်းလျှောရောဂါ စသည်တို့ကို မကြာခဏ ခံစားနေရခြင်းက ဗိုက်ထဲမှာ အစာ မရှိသေးဘဲနဲ့ ကော်ဖီသောက်လို့ပဲဖြစ်ပါတယ်။

စိတ်လှုပ်ရှားမှု၊ စိတ်ပူပန်မှု ပြင်းထန်ခြင်း

ကော်ဖီကြောင့် ရင်တုန်ပန်းတုန်ဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ ဖြစ်ပေါ်ရတယ်လို့ သုတေသနလေ့လာချက်များက ထောက်ပြထားပါတယ်။ သင့်အနေနဲ့ ဒီလိုမကြာခဏ ခံစားနေရတယ်ဆိုရင် ကော်ဖီဖြတ်ပစ်လိုက်တာက အကောင်းဆုံးဖြေရှင်းနည်းပါပဲ။

အာရုံစူးစိုက်၍ မရခြင်း

မနက်ခင်း ရုံးမသွားခင်မှာ ကော်ဖီသောက်လာခဲ့ပေမယ့် မိမိလုပ်နေတဲ့အလုပ်အပေါ်မှာ ဘယ်လိုမှ အာရုံစူးစိုက်မရဖြစ်နေပါသလား။ ဒါက အစား အရင် မစားသေးဘဲ ကော်ဖီချည်းပဲ သောက်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးပါပဲ။

သွေးတိုးခြင်း

သင့်မှာ သွေးတိုးရောဂါ ရှိနေပြီလား။ ဒါဆိုရင်တော့ ကော်ဖီ မသောက်ပါနဲ့တော့။ ကော်ဖီသောက်ခြင်းရဲ့ သင့်ရဲ့သွေးတိုးရောဂါက ပိုမိုဆိုးရွားလာနိုင်ပါတယ်။

ကော်တီဆောပမာဏကို လျော့ကျသွားစေခြင်း

မနက်ခင်းမှာ လန်းဆန်းတက်ကြွစွာ နိုးထလာနိုင်ဖို့အတွက် သင့် ခန္ဓာကိုယ်က ကော်တီဆောလို့ခေါ်တဲ့ ဟော်မုန်းကို လွှတ်ထုတ်ပေးပါတယ်။ ဒါပေမဲ့ သင်က နိုးနိုးချင်းမှာပဲ ကော်ဖီသောက်လိုက်မယ်ဆိုရင်တော့ သင့်ရဲ့ကောတီဆောဟော်မုန်းက လျော့ကျသွားပြီး ပင်ပန်းနွမ်းနယ်သွားပါလိမ့်မယ်။

အသားအရေအလှအပကို ထိခိုက်စေခြင်း

အသားအရေကြည်လင်ဝင်းပပြီး လှပတဲ့အသားအရေကို ပိုင်ဆိုင်ချင်ပါသလား။ ဒါဆိုရင်တော့ မနက်မိုးလင်းတာနဲ့ ကော်ဖီမသောက်ဘဲ ရုံးကို တန်းသွားလိုက်ပါ။ ကော်ဖီထဲမှာပါဝင်တဲ့ ကာဖိန်းဓာတ်က သင့်ရဲ့အသားအရေ တင်းရင်းမှုကို လျော့ကျစေတာကြောင့် အိုမင်းရင့်ရော်မှု မြန်ဆန်သွားပါလိမ့်မယ်။ ကာဖိန်းဓာတ် များများမှီဝဲလေ အသားအရေအလှအပကို ပိုမိုထိခိုက်လေပါပဲ။

ကိုယ်ဝန်ပျက်ကျစေခြင်း

Source: bu.edu

မကြာသေးမီကမှ လေ့လာတွေ့ရှိထားတဲ့ လေ့လာချက်များအရ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေချိန်မှာ ကာဖိန်းဓာတ် သောက်သုံးခြင်းက ကိုယ်ဝန်ပျက်ကျနိုင်ခြေ များပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေချိန်မှာရော ကိုယ်ဝန်ဆောင်နေချိန်မှာပါ ကော်ဖီဖြတ်သင့်ပါတယ်။

Source: Nutritionexp.com