အုတ်ဂျုံက ကျန်းမာရေးအတွက် အထောက်အကူအများကြီးဖြစ်စေတဲ့ အရာတစ်ခုဖြစ်သလို၊ လူတိုင်းနဲ့လည်း တည့်တဲ့ အစားအစာတစ်မျိုးပါ။ ဒီအုတ်ဂျုံကို လူကြီး၊ လူငယ်မရွေး တစ်နေ့ကို နည်းနည်းစီစားပေးနိုင်ရင် ပိုကောင်းပါတယ်။ ဘာကြောင့် အုတ်ဂျုံကိုစားပေးသင့်လဲ၊ အုတ်ဂျုံကို နေ့တိုင်းစားပေးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

အုတ်ဂျုံကို နေ့တိုင်း တစ်နေ့တစ်ပန်းကန်စာလောက် ပုံမှန်စားပေးရင် ကြာလာတဲ့အခါမှာတော့ အသားအရေက သိသိသာသာကို ကောင်းလာပါလိမ့်မယ်။

အုတ်ဂျုံကို နေ့တိုင်းစားပေးခြင်းကြောင့် ရင်သွေးလွယ်ထားရတဲ့အခါ၊ ကလေးမွေးဖွားလာတဲ့အခါ သင့်ရင်သွေးမှာ Asthma ရောဂါပါမလာအောင်၊ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အုတ်ဂျုံကို နေ့တိုင်း စားပေးမယ်၊ တစ်နေ့ကို တစ်ပန်းကန် ပုံမှန်စားပေးမယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ဝိတ်ကျသွားပါလိမ့်မယ်။

အုတ်ဂျုံကို နေ့တိုင်းစားပေးခြင်းကြောင့် သွေးတွင်းရှိ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်လာပါမယ်။ ပိုပြီးတော့လည်း ကောင်းမွန်လာစေပါတယ်။

Source: www.hhdresearch.org