သစ်သီးဖျော်ရည်လို့ ပြောလိုက်တာနဲ့ ပထမဦးဆုံး ပြေးမြင်မိတာကတော့ မုန်လာဥဖျော်ရည်မဟုတ်တာ အသေအချာပါပဲ။ လိမ္မော်ရည်၊ ပန်းသီးဖျော်ရည်၊ စပျစ်ရည်၊ နာနတ်သီးဖျော်ရည်စတဲ့ သစ်သီးဖျော်ရည်တွေက ပိုပြီး လူကြိုက်များပါတယ်။

ဒါပေမဲ့လည်း စာဖတ်သူတို့က မုန်လာဥနီဖျော်ရည်ကို သူ့ချည်းဘဲ မသောက်ချင်ဘူး ချိုတဲ့အရသာလေး ထပ်ထည့်မယ်။ အရသာရှိအောင် ဖျော်သောက်မယ်ဆိုရင်တောင်မှ ကျန်းမာရေးအကျိုးကျေးဇူးအမြားအပြား ရရှိနိုင်ပါသေးတယ်။ ဥပမာအနေနဲ့ တုပ်ကွေးရောဂါ မခံစားရအောင် ကြိုတင်ကာကွယ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။

အခြားရရှိနိုင်တဲ့အကျိုးကျေးဇူးများကတော့…

ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးခြင်း

မုန်လာဥနီဖျော်ရည်ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီက ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကို ဖြိုခွဲပေးပြီး ပရိုတင်းနဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်များကို စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။ အမျှင်ဓာတ် ပေါကြွယ်ဝတဲ့အတွက်ကြောင့် အဝလွန်ခြင်းမှ ကာကွယ်ပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။

မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

Source: Thelist.com

မုန်လာဥနီဖျော်ရည်မှာ ပါဝင်တဲ့ ဗီတာမင်အေက မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ မျက်လုံးရဲ့မျက်နှာပြင်ကို ကာကွယ်ပေးပြီး အမြင်အာရုံချို့ယွင်းခြင်းမှလည်း တားဆီးပေးပါတယ်။

ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေခြင်း

ဂျင်၊ မုန်လာဥနီဖျော်ရည် သောက်သုံးသင့်တဲ့ အချက် (၅) ချက်

မုန်လာဥနီမှာ ပါဝင်တဲ့ Carotenoids နဲ့ ဗီတာမင် စီတို့က ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး အလွယ်တကူ အအေးမိ ဖျားနာတတ်ခြင်းမှ ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

မုန်လာဥနီ ဖျော်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မုန်လာဥနီထဲမှာ Antioxidants နဲ့ အာဟာရဓာတ်များစွာ ပါဝင်တဲ့အတွက်ကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို လျော့ချပေးပါတယ်။

အသားအရေ စိုပြေဝင်းမွတ်စေခြင်း

Source: Joburg.co.za

မုန်လာဥနီ ဖျော်ရည်မှာ ပါဝင်တဲ့ ဗီတာမင် စီ၊ ဗီတာမင် အီ၊ ဗီတာမင် ကေက အသားအရေကို ကျန်းမာလှပစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာများကိုလည်း အနာကျက်မြန်စေပြီး အကြောပြတ်ရာများ၊ အမာရွတ်များကို သက်သာပျောက်ကင်းစေပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေ ညိုမဲပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသင့်လျော်ခြင်း

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် အေနဲ့ ဗီတာမင် စီတို့ လိုအပ်ပါတယ်။ မုန်လာဥနီဖျော်ရည်ကို မည်သည့်အရသာမှ မထည့်ဘဲ သူ့ချည်းပဲ သောက်သုံးပေးခြင်းအားဖြင့် လိုအပ်တဲ့အာဟာရဓာတ်များကို ရရှိနိုင်ပါတယ်။

ဦးနှောက်ဆဲလ်များကို ကျန်းမာစေခြင်း

ဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်စေဖို့နဲ့ မှတ်ဉာဏ်စွမ်းအား တိုးမြှင့်စေဖို့အတွက် Beta Carotene ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် Beta Carotene ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ မုန်လာဥနီဖျော်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် ဦးနှောက်ကို ထိခိုက်စေတဲ့ စိတ်ဖိစီးမှုများကို လျော့ချပေးပြီး အယ်လ်ဇိုင်းမားရောဂါနှင့် ရူးသွပ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

Source: Brightside.me