စွန်ပလွံသီးကို လူအများစုက အမြဲတမ်း စားသုံးလေ့မရှိကြပေမယ့် တစ်ပတ် သုံးကြိမ်ခန့်လောက် စားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ကောင်းကျိုးများ ဆောင်ကျဉ်းပေးနိုင်ပါတယ်။ စွန်ပလွံသီးတွေက ချိုမြိန်ပြီး စားရတာ အရသာရှိတဲ့အပြင် အာဟာရဓာတ်များလည်း ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

တစ်ပတ်ကို သုံးရက်ခန့် ဘာ့ကြောင့် စွန်ပလွံသီးကို စားသုံးသင့်သလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ အသေးစိတ် ဆက်လက်ဖော်ပြပေးချင်ပါတယ်။

အရိုးကျန်းမာရေးကောင်းမွနအောင် မြှင့်တင်ပေးခြင်း

လေ့လာချက်များအရ စွန်ပလွံသီးထဲမှာ အရိုးများကို သန်မာစေပြီး အရိုးပွရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးတဲ့ ဖော့စဖရပ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ်တို့ ပါဝင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

အစာခြေစနစ် ကောင်းမွန်လာခြင်း

စွန်ပလွံသီးမှာ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေပြီး အစာအိမ်ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေမှာပဲဖြစ်ပါတယ်။ ဗြိတိန် အာဟာရဂျာနယ်တစ်ခု ရေးသားထုတ်ပြန်ထားတဲ့ လေ့လာချက်တစ်ခုအရ စွန်ပလွံသီးစားတဲ့သူတွေက မစားတဲ့သူတွေထက် အစာခြေစနစ်ပိုမိုကောင်းမွန်တယ်လို့ ရေးသားထားပါတယ်။

စိတ်ဖိစီးမှုများနဲ့ စိတ်ကျရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

စွန်ပလွံသီးမှာ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေတဲ့ Serotonin နဲ့ Norepinephrine ဓာတ်များကို ထုတ်လွှတ်ပေးတဲ့ ဗီတာမင် B6 ဓာတ်များ ပါဝင်ပါတယ်။ Serotonin က စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး Norepinephrine က စိတ်ဖိစီးမှုကို ပြေပျောက်စေပါတယ်။ လေ့လာချက်တစ်ခုအရ ဗီတာမင် B6 ဓာတ် ချို့တဲ့သူက စိတ်ကျရောဂါကို ခံစားရတယ်လို့ သိရှိရပါတယ်။

စွမ်းအင်ပြည့်ဝအောင် ကူညီပေးခြင်း

စွန်ပလွံသီးမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ဗီတာမင်ဓာတ်များနဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့သရေစာမုန့်အဖြစ် သတ်မှတ်နိုင်ပါတယ်။ စွန်ပလွံသီးကို စားသုံးပေးခြင်းအားဖြင့် စွမ်းအင်များပြည့်ဝစေမှာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီးလို့ မောပန်းနေတယ်ဆိုရင် စွန်ပလွံသီး စားသုံးပေးလိုက်ပါ။

နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

စွန်ပလွံသီးစားသုံးပေးခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့အပြင် နှလုံးရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျစေခြင်း

စွန်ပလွံသီးမှာ အမျှင်ဓာတ်များ ပါဝင်တယ်လို့ ဖော်ပြပေးသွားခဲ့ပြီး ဖြစ်ပါတယ်။ ထိုအမျှင်ဓာတ်များက သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်စေတာကြောင့် ဝိတ်ကျဖို့အတွက် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Brightside.me