[Unicode]
ရေမဟုတ်တဲ့ ဂက်စ်ပါတဲ့၊ သကြားတွေ အများကြီးထည့်ထားတဲ့ အချိုရည် နဲ့ ကော်ဖီတို့က ခန္ဓာကိုယ်ကို ရေထက်ပိုပြီး ဆိုးကျိုးသက်ရောက်မှုများပါတယ်။
ဒါကြောင့် တစ်နေ့လုံး သောက်လေ့ရှိတဲ့ ကော်ဖီ၊ ဂက်စ်ပါတဲ့အချိုရည်၊ အအေးတွေကို သောက်မယ့်အစား ရေပဲ သောက်လိုက်မယ်ဆိုရင် ရရှိလာမယ့် ကောင်းကျိုးတွေကို ဝေမျှချင်ပါတယ်။
ကိုယ်အလေးချိန် လျင်မြန်စွာကျဆင်းမယ်
တခြား အအေးတွေ ကော်ဖီတွေ အစရှိတဲ့ သောက်စရာတွေကို ဖြတ်လိုက်ပြီး ၉ရက်လုံးလုံး ရေဘဲသောက်မယ်ဆိုရင် ၄မိုင်ကျော် (8 km) Jogging ၁ ရက်လုပ်တာနဲ့ ညီမျှပါတယ်။
ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေ
မနက်မိုးလင်း အိပ်ရာထရင် ရေ တစ်ခွက် (0.5) လီတာ သောက်ရင် ဇီဝကမ္မဖြစ်စဉ်တွေရဲ့ ၂၄ ရာခိုင်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ကျန်းမာသန်စွမ်းစေပါတယ်။
ဦးနှောက်က ပိုထက်လာ
ဦးနှောက်ရဲ့ ၇၅-၈၅ ရာခိုင်နှုန်းက ရေဓာတ်လိုအပ်တာကြောင့် ဦးနှောက်သုံးရလေလေ ရေကို များများ သောက်သင့်ပါတယ်။ ရေသောက်များလေလေ အာရုံစူးစိုက်မှုကောင်းလေဖြစ်ပါတယ်။
အစာ စားသုံးမှု နည်းလာ
ရေသောက်တာများရင် ခဏခဏ ဗိုက်ဆာတာမျိုးမရှိတော့ဘဲ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အလွယ်တကူ ဖယ်ရှားနိုင်
ရေက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အရာတွေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ပိုပြီး အရွယ်တင်နုပျိုစေပါတယ်။
ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေး
ရေကို ပုံမှန်သောက်ပေးရင် သွေးတိုးရောဂါ၊ ဆီးအိမ်ဆိုင်ရာ ရောဂါတွေနဲ့ အူမကြီးကင်ဆာတို့ကိုလည်း ကာကွယ်ပေးပါတယ်။
နှလုံး ကျန်းမာရေးအတွက်ကောင်းမွန်
တစ်နေ့ကို ရေ ၅ ခွက်သောက်ရင် နှလုံးရောဂါဖြစ်ပွားပြီး နှလုံး ရုတ်တရပ် ရပ်တန့်မှု (Hear Attack)ဖြစ်ပွားနိုင်ချေ ၄၁ ရာခိုင်နှုန်းကို လျော့ချပေးပါတယ်။
အသားအရေ ပိုနူးညံ့ပြီး ကြည်လင်လာ
ရေက အသားအရေတွေကို ပိုပြီး ကြည်လင်လာအောင် လုပ်ဆောင်ပေးပြီး စိုပြေစေပါတယ်။
ပိုက်ဆံလည်း အများကြီး စုမိလာ
ဒါကတော့ အမှန်ပါဘဲ။ ရေက တခြား သောက်စရာတွေထက် ဈေးပိုသက်သာပါတယ်။ (တန်ဖိုးနည်း အရက်တွေတော့ မပါဘူးပေါ့နော်။) စားသောက်ဆိုင်မှာထိုင်ရင် အနည်းဆုံး အအေးတစ်ခွက်ကို ၂၀၀၀ လောက်ပေးရပေမယ့် ရေတစ်ဗူးမှ ၃၀၀ ကနေ ၅၀၀ကျပ်ကြားဘဲ ရှိတာကြောင့် ကျန်းမာရေးနဲ့ ကောင်းမွန်တဲ့ရေကိုဘဲ ရွေးချယ်ပြီး ပိုက်ဆံစုကြတာပေါ့။
[Zawgyi]
ေရမဟုတ္တဲ့ ဂက္စ္ပါတဲ့၊ သၾကားေတြ အမ်ားႀကီးထည့္ထားတဲ့ အခ်ိဳရည္ နဲ႔ ေကာ္ဖီတို႔က ခႏၶာကိုယ္ကို ေရထက္ပိုၿပီး ဆိုးက်ိဳးသက္ေရာက္မႈမ်ားပါတယ္။
ဒါေၾကာင့္ တစ္ေန႔လုံး ေသာက္ေလ့ရွိတဲ့ ေကာ္ဖီ၊ ဂက္စ္ပါတဲ့အခ်ိဳရည္၊ အေအးေတြကို ေသာက္မယ့္အစား ေရပဲ ေသာက္လိုက္မယ္ဆိုရင္ ရရွိလာမယ့္ ေကာင္းက်ိဳးေတြကို ေ၀မွ်ခ်င္ပါတယ္။
ကိုယ္အေလးခ်ိန္ လ်င္ျမန္စြာက်ဆင္းမယ္
တျခား အေအးေတြ ေကာ္ဖီေတြ အစရွိတဲ့ ေသာက္စရာေတြကို ျဖတ္လိုက္ၿပီး ၉ရက္လုံးလံုး ေရဘဲေသာက္မယ္ဆိုရင္ ၄မိုင္ေက်ာ္ (8 km) Jogging ၁ ရက္လုပ္တာနဲ႔ ညီမွ်ပါတယ္။
ဇီ၀ကမၼျဖစ္စဥ္ေတြကို အားေကာင္းေစ
မနက္မိုးလင္း အိပ္ရာထရင္ ေရ တစ္ခြက္ (0.5) လီတာ ေသာက္ရင္ ဇီ၀ကမၼျဖစ္စဥ္ေတြရဲ႕ ၂၄ ရာခိုင္ႏႈန္းကို ျမွင့္တင္ေပးႏိုင္ပါတယ္။ အဲ့ဒီအျပင္ က်န္းမာသန္စြမ္းေစပါတယ္။
ဦးေႏွာက္က ပိုထက္လာ
ဦးေႏွာက္ရဲ႕ ၇၅-၈၅ ရာခိုင္ႏႈန္းက ေရဓာတ္လိုအပ္တာေၾကာင့္ ဦးေႏွာက္သံုးရေလေလ ေရကို မ်ားမ်ား ေသာက္သင့္ပါတယ္။ ေရေသာက္မ်ားေလေလ အာရုံစူးစိုက္မႈေကာင္းေလျဖစ္ပါတယ္။
အစာ စားသံုးမႈ နည္းလာ
ေရေသာက္တာမ်ားရင္ ခဏခဏ ဗိုက္ဆာတာမ်ိဳးမရွိေတာ့ဘဲ ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစပါတယ္။
ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို အလြယ္တကူ ဖယ္ရွားႏုိင္
ေရက ခႏၶာကိုယ္ထဲက မေကာင္းတဲ့ အရာေတြ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ပိုၿပီး အရြယ္တင္ႏုပ်ိဳေစပါတယ္။
ေရာဂါေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပး
ေရကို ပံုမွန္ေသာက္ေပးရင္ ေသြးတိုးေရာဂါ၊ ဆီးအိမ္ဆိုင္ရာ ေရာဂါေတြနဲ႔ အူမႀကီးကင္ဆာတုိ႔ကိုလည္း ကာကြယ္ေပးပါတယ္။
ႏွလံုး က်န္းမာေရးအတြက္ေကာင္းမြန္
တစ္ေန႔ကို ေရ ၅ ခြက္ေသာက္ရင္ ႏွလံုးေရာဂါျဖစ္ပြားၿပီး ႏွလံုး ရုတ္တရပ္ ရပ္တန္႔မႈ (Hear Attack)ျဖစ္ပြားႏိုင္ေခ် ၄၁ ရာခိုင္ႏႈန္းကို ေလ်ာ့ခ်ေပးပါတယ္။
အသားအေရ ပိုႏူးညံ့ၿပီး ၾကည္လင္လာ
ေရက အသားအေရေတြကို ပိုၿပီး ၾကည္လင္လာေအာင္ လုပ္ေဆာင္ေပးၿပီး စိုေျပေစပါတယ္။
ပိုက္ဆံလည္း အမ်ားႀကီး စုမိလာ
ဒါကေတာ့ အမွန္ပါဘဲ။ ေရက တျခား ေသာက္စရာေတြထက္ ေစ်းပိုသက္သာပါတယ္။ (တန္ဖိုးနည္း အရက္ေတြေတာ့ မပါဘူးေပါ့ေနာ္။) စားေသာက္ဆိုင္မွာထိုင္ရင္ အနည္းဆံုး အေအးတစ္ခြက္ကို ၂၀၀၀ ေလာက္ေပးရေပမယ့္ ေရတစ္ဗူးမွ ၃၀၀ ကေန ၅၀၀က်ပ္ၾကားဘဲ ရွိတာေၾကာင့္ က်န္းမာေရးနဲ႔ ေကာင္းမြန္တဲ့ေရကိုဘဲ ေရြးခ်ယ္ၿပီး ပိုက္ဆံစုၾကတာေပါ့။