(Unicode)

မနက်အိပ်ရာနိုးလာတာနဲ့ တပြိုင်နက် ရေတစ်ခွက် အဝသောက်သုံးရမယ်ဆိုတဲ့ ကျန်းမာရေးဗဟုသုတကို လူအများစုသိရှိထားပြီးသားဖြစ်ပါတယ်။

ထိုကဲ့သို့ ရိုးရိုးရေတစ်ခွက်သောက်မယ့်အစား ရေနွေးနွေးကိုမှ ပျားရည်နဲ့ ရောသောက်ပေးမယ်ဆိုရင်ရော ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို စာဖတ်သူတို့ သိပြီးသွားပြီလား။ မသိသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်အလက်တွေကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းကို ကုသပေးခြင်း

မိုးရာသီနှင့် ဆောင်းရာသီတွေမှာ အဖြစ်များတတ်တဲ့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ကို ပျားရည်နွေးနွေးလေး သောက်သုံးပေးမယ်ဆိုရင် အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ပျားရည်က အသက်ရှူလမ်းကြောင်းကိုလည်း ကောင်းမွန်စေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါပဲ။

ကိုယ်အလေးချိန်လျော့ချပေးခြင်း

ဂ်င္းနဲ႔ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ရေအာင္

ပျားရည်က သဘာဝအချိုစာဖြစ်တဲ့အတွက်ကြောင့် သကြားအစားထိုးအသုံးပြုနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်စေတဲ့ ကိုယ်လက်စတောနှင့် အဆီပိုတွေကို စုပ်ယူပေးမယ့် အမိုင်နိုအက်ဆစ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

မနက်မိုးလင်းလင်းချင်း ဘာအစာမှ မစားရသေးခင်မှာ ပျားရည်ကို ရေနွေးနွေးနဲ့ ဖျော်သောက်ပေးမယ်ဆိုရင် တစ်နေ့တာလုံး အားအင်ပြည့်ဝမှာဖြစ်ပြီး အစား အလွန်အကျွံစားသုံးခြင်းကိုလည်း တားဆီးပေးပါတယ်။

အသားအရေက တစ်နေ့တခြား ကြည်လင်ဝင်းပလာခြင်း

Source: Kienthucdinhduong.vn

ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားတာကြောင့် နေ့စဉ်မှန်မှန်သောက်သုံးပေးမယ်ဆိုရင် အသားအရည်က ကြည်လင်တောက်ပလာပါလိမ့်မယ်။ ဒါ့အပြင် သံပုယိုရည်ပါ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ သွေးကို သန့်စင်ပေးပြီး သွေးဆဲလ်များ တိုးပွားလာအောင် ကူညီပေးပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

Source: Dabur.com

ပျားရည်ကို ရေနဲ့ရောနှောလိုက်တဲ့အခါ မိမိစားသုံးလိုက်တဲ့အစားအစာရဲ့အက်ဆစ်ဓာတ်ကြောင့် ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း၊ အစာမကျေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးပြီး အစာကြေလွယ်အောင် ကူညီပေးပါတယ်။

Source: Lifehack.org

(Zawgyi)

မနက္အိပ္ရာႏိုးလာတာနဲ႔ တၿပိဳင္နက္ ေရတစ္ခြက္ အဝေသာက္သံုးရမယ္ဆိုတဲ့ က်န္းမာေရးဗဟုသုတကို လူအမ်ားစုသိရွိထားၿပီးသားျဖစ္ပါတယ္။

ထိုကဲ့သုိ႔ ရိုးရိုးေရတစ္ခြက္ေသာက္မယ့္အစား ေရေႏြးေႏြးကိုမွ ပ်ားရည္နဲ႔ ေရာေသာက္ေပးမယ္ဆိုရင္ေရာ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရရွိႏိုင္သလဲဆိုတာကို စာဖတ္သူတို႔ သိၿပီးသြားၿပီလား။ မသိေသးဘူးဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အခ်က္အလက္ေတြကို အတူတူဆက္ေလ့လာၾကည့္လိုက္ရေအာင္။

ေခ်ာင္းဆိုးျခင္းႏွင့္ လည္ေခ်ာင္းနာျခင္းကို ကုသေပးျခင္း

မိုးရာသီႏွင့္ ေဆာင္းရာသီေတြမွာ အျဖစ္မ်ားတတ္တဲ့ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္းတို႔ကို ပ်ားရည္ေႏြးေႏြးေလး ေသာက္သံုးေပးမယ္ဆိုရင္ အျမန္ဆံုးသက္သာေပ်ာက္ကင္းေစပါတယ္။ ဒါ့အျပင္ ပ်ားရည္က အသက္႐ွဴလမ္းေၾကာင္းကိုလည္း ေကာင္းမြန္ေစတဲ့ သဘာဝေဆးစြမ္းေကာင္းတစ္လက္ပါပဲ။

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေပးျခင္း

ဂ်င္းနဲ႔ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ရေအာင္

ပ်ားရည္က သဘာဝအခ်ိဳစာျဖစ္တဲ့အတြက္ေၾကာင့္ သၾကားအစားထိုးအသံုးျပဳႏိုင္ပါတယ္။ ကိုယ္အေလးခ်ိန္တက္ေစတဲ့ ကိုယ္လက္စေတာႏွင့္ အဆီပိုေတြကို စုပ္ယူေပးမယ့္ အမိုင္ႏိုအက္ဆစ္၊ ဗီတာမင္နဲ႔ သတၲဳဓာတ္မ်ားလည္း ၾကြယ္ဝစြာပါဝင္ပါတယ္။

မနက္မိုးလင္းလင္းခ်င္း ဘာအစာမွ မစားရေသးခင္မွာ ပ်ားရည္ကို ေရေႏြးေႏြးနဲ႔ ေဖ်ာ္ေသာက္ေပးမယ္ဆိုရင္ တစ္ေန႔တာလံုး အားအင္ျပည့္ဝမွာျဖစ္ၿပီး အစား အလြန္အကြ်ံစားသံုးျခင္းကိုလည္း တားဆီးေပးပါတယ္။

အသားအေရက တစ္ေန႔တျခား ၾကည္လင္ဝင္းပလာျခင္း

Source: Kienthucdinhduong.vn

ဘက္တီးရီးယားမ်ားကို ဖယ္ရွားေပးႏိုင္တဲ့ အစြမ္းသတၲိမ်ား ပိုင္ဆိုင္ထားတာေၾကာင့္ ေန႔စဥ္မွန္မွန္ေသာက္သံုးေပးမယ္ဆိုရင္ အသားအရည္က ၾကည္လင္ေတာက္ပလာပါလိမ့္မယ္။ ဒါ့အျပင္ သံပုယိုရည္ပါ ထပ္ေပါင္းထည့္လိုက္မယ္ဆိုရင္ေတာ့ ေသြးကို သန္႔စင္ေပးၿပီး ေသြးဆဲလ္မ်ား တိုးပြားလာေအာင္ ကူညီေပးပါတယ္။

အစာေခ်စနစ္ကို ေကာင္းမြန္ေစျခင္း

Source: Dabur.com

ပ်ားရည္ကို ေရနဲ႔ေရာေႏွာလိုက္တဲ့အခါ မိမိစားသံုးလိုက္တဲ့အစားအစာရဲ႕အက္ဆစ္ဓာတ္ေၾကာင့္ ဗိုက္ေအာင့္ ဗိုက္နာျဖစ္ျခင္း၊ အစာမေက် ရင္ျပည့္ရင္ကယ္ျဖစ္ျခင္းတို႔မွ ကာကြယ္ေပးၿပီး အစာေၾကလြယ္ေအာင္ ကူညီေပးပါတယ္။

Source: Lifehack.org