ညအိပ်ခါနီး နွားနို့သောက်တာက ကောင်းတယ်ဆိုတာကိုတော့ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဘာအတွက်ကောင်းတာလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရလာမလဲဆိုတာကိုတော့ မသိတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ညအိပ်ခါနီးမှာ နွားနို့သောက်ပြီးအိပ်ပေးခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ပြောပြပေးလိုက်ပါတယ်။

အိပ်ခါနီး နွားနို့ပူပူလေးတစ်ခွက်သောက်အိပ်ရင် နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

ညဘက်ဗိုက်ဆာရင် တခြားမုန့်တွေစားတာက အဆီတက်စေပါတယ်။ ဒါကြောင့် ဗိုက်ဆာရင် နွားနို့တစ်ခွက်သောက်ပြီး အိပ်လိုက်ပါ။

အိပ်ခါနီး နွားနို့တစ်ခွက် အမြဲသောက်ပြီးအိပ်ရင် ကြွက်သားတွေ သန်စွမ်းလာစေတယ်။ အားရှိလာစေတယ်။ ဒါကြောင့် ကလေးတွေနဲ့ သက်ကြီးပိုင်းတွေဆို နေ့တိုင်း နွားနို့သောက်ပေးရပါတယ်။

နွားနို့သောက်မယ်ဆိုရင် တစ်ခုရှိတာကတော့ အရမ်းအဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဆိုရင် အခန့်မသင့်ရင် အဆီဖုထွက်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကတော့ ဖြစ်တာအရမ်းနည်းပေမယ့်လည်း သိထားဖို့လိုမယ့်အတွက် ပြောပြပေးလိုက်ပါတယ်နော်။

Source: www.brightside.me