(Zawgyi)

ဘာေၾကာင့္ ဂ်ပန္ အမ်ိဳးသမီးေတြရဲ႕ အသားအရည္ေတြက ၾကည္လင္ လွပၿပီး သြယ္သြယ္လ်လ်ေလးျဖစ္ေနတယ္လုိ႔ ထင္ပါသလဲ။ ဂ်ပန္ႏိုင္ငံမွာ မနက္ခင္း အိပ္ယာႏိုးတိုင္း ေရတစ္ခြက္အ၀ေသာက္တဲ့ ဓေလ့ကို အမ်ားအားျဖင့္ က်င့္သံုးေလ့ရွိတာေနပါဘဲ။

japanese_business_people

Bright Side က သတင္းဌာနက ၀န္ထမ္းတစ္ေယာက္က မနက္ အိပ္ယာႏိုးႏိုးခ်င္း ဘာမွမစားခင္မွာ ေရတစ္ခြက္ အ၀ေသာက္ၿပီး ရရွိမယ့္ အက်ိဳးေက်းဇူးကို ၁လေလာက္ လုပ္ေဆာင္ၿပီး စမ္းသပ္ခဲ့ပါတယ္။

သူ႔ခႏၶာကိုယ္က အၿမဲလုိလုိ ေလးလံေနၿပီး ဆရာ၀န္ဆီလည္း ခဏခဏသြားေနရသူျဖစ္ပါတယ္။ ဒါေၾကာင့္ ဂ်ပန္ေတြရဲ႕ အေလ့အက်င့္တစ္ခုျဖစ္တဲ့ ေရေသာက္တဲ့ ကုသနည္းကို စမ္းၾကည့္ဖို႔ စိတ္ကူးခဲ့ၿပီး ၁ လတိတိ စမ္းၾကည့္ကာ အေတြ႔အႀကံဳကို ျပန္လည္ေရးသားခဲ့ပါတယ္။

7485310-3c14fe4b9f7a27c4f6bab1dad3_AzdlMzQ0ZjI0YjFk_alkaline-water-1476473524-650-bccefe92b7-1478596563

ပိုၿပီး လန္းဆန္းလာၿပီး က်န္းမာလာပါတယ္

ေန႔တစ္ေန႔ကို ေရတစ္ခြက္ အျပည့္အ၀ေသာက္ၿပီး စတင္လိုက္ၿပီး ရက္ပိုင္းအတြင္းမွာ ခႏၶာကိုယ္က ပိုၿပီး ေပါ့ပါးလာပါတယ္။ ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြကို ပိုၿပီး စြန္႔ထုတ္ႏိုင္သလို ခံစားရတယ္။

ဘာေၾကာင့္ မနက္ခင္းမွာ ေရ အ၀ေသာက္သင့္သလဲ။

ဇီ၀ကမၼျဖစ္စဥ္ေတြလည္း ပိုၿပီးအားေကာင္းလာတယ္

အၿမဲလိုလို ဗိုက္ဆာေနတဲ့ အက်င့္ေပ်ာက္သြားၿပီး ေန႔လည္စာနဲ႔ ညစာၾကားမွာ အဆာေျပေတြလည္း မစားျဖစ္ေတာ့ပါဘူး။ ပိုၿပီး အားေတြရွိလာသလို ခံစားရတယ္။

Lose-weight1

ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်လာတယ္

ဗုိက္သိပ္မစာေတာ့ဘဲ ေနရထိုင္ရတာလည္း ေပါ့လာတယ္။ ပိုၿပီး ေလ့က်င့္ခန္းလုပ္ခ်င္စိတ္လည္းျဖစ္လာတာေၾကာင့္ ကိုယ္အေလးခ်ိန္လည္း ေလ်ာ့လာတယ္။

ရင္ျပည့္ရင္ကယ္ျဖစ္တာလည္း သက္သာလာ

အၿမဲတမ္းလိုလို ရင္ျပည့္ရင္ကယ္ ခံစားေနရတာကေန တျဖည္းျဖည္းနဲ႔ သက္သာလာၿပီး သိပ္ေတာင္ မျဖစ္ေတာ့ပါဘူး။

အရြယ္တင္ႏုပ်ိဳလာ

လူတိုင္းက ကၽြန္မကို ေတြ႔ရင္ ကၽြန္မ အသက္ထက္ပိုႀကီးတယ္လို႔ ထင္ၾကပါတယ္။ ဒါေပမယ့္ မနက္မိုးလင္းမွာ ေရ အျပည့္ေသာက္ၿပီးတဲ့ေနာက္မွာေတာ့ မ်က္ႏွာမွာရွိတဲ့ အေရးအေၾကာင္းေတြ ေလ်ာ့နည္းသြားၿပီး အသားအေရေတြ ၾကည္လင္လာပါတယ္။

7485210-hermandadblanca_org_conoce-los-beneficios-de-beber-agua-en-ayunas-mejora-tu-salud-1476473756-650-da4bee508f-1478596563

ဆံပင္သန္လာ

ဆံပင္က အရင္ကဆို မြဲေျခာက္ေျခာက္နဲ႔ ဖြာထြက္ေနေပမယ့္ အခုဆိုရင္ ပိုၿပီး အေရာင္ေတာက္လာသလို ခံစားရပါတယ္။

ဆီးလမ္းေၾကာင္း ျပႆနာေတြကေန ကင္းေ၀းလာ

ဆီးလမ္းေၾကာင္းဆိုင္ရာျပႆနာေတြက ေရက အေကာင္းဆံုးပါဘဲ။ အခုဆိုရင္ အရင္ကလို ဆီးေအာင့္တာေတြ ဆီးပူတာေတြလည္းမရွိေတာ့ပါဘူး။

preview-7485060-650x341-98-1478596563

ရက္ရွည္ဖ်ားနာမႈ ကာကြယ္ေပး

အရင္ကဆို တစ္ခါဖ်ားလိုက္ရင္ ရက္အရွည္ႀကီးဖ်ားေပမယ့္ အခုဆိုရင္ ကိုယ္ခံအားစနစ္ေကာင္းလာတာေၾကာင့္ ခဏခဏလည္းမဖ်ားေတာ့သလို ဖ်ားရင္လည္း ရက္အၾကာႀကီး မဖ်ားေတာ့ပါဘူး။

ေရကိုဘယ္လိုေသာက္သင့္လဲ

  • သြားတိုက္ၿပီးခ်င္းခ်င္း၊ ေလ့က်င့္ခန္းလုပ္ၿပီးခ်င္းခ်င္း ဘာမွမစားခင္မွာ ေရ ၄ခြက္ေလာက္ ေသာက္လုိက္ပါ။ အဓိကက အစာအိမ္ထဲမွာ ဘာအစာမွမရွိခင္မွာ ေရ ၄ ခြက္ေလာက္ေသာက္ဖို႔ အေရးႀကီးပါတယ္။ အကယ္၍ ၄ ခြက္ေလာက္မေသာက္ႏိုင္ရင္ ၁ခြက္အရင္ေသာက္ၿပီး တျဖည္းျဖည္းမ်ားမ်ား ေသာက္သြားပါ။
  • ေရေသာက္ၿပီး ၄၅ မိနစ္အတြင္း ဘာမွမစားပါနဲ႔။
  • ၄၅ မိနစ္ၿပီးရင္ေတာ့ မနက္စာစားပါ။
  • မနက္စာစားၿပီး ၂ နာရီအတြင္း ဘာမွမစားပါနဲ႔။

(Unicode)

ဘာကြောင့် ဂျပန် အမျိုးသမီးတွေရဲ့ အသားအရည်တွေက ကြည်လင် လှပပြီး သွယ်သွယ်လျလျလေးဖြစ်နေတယ်လို့ ထင်ပါသလဲ။ ဂျပန်နိုင်ငံမှာ မနက်ခင်း အိပ်ယာနိုးတိုင်း ရေတစ်ခွက်အဝသောက်တဲ့ ဓလေ့ကို အများအားဖြင့် ကျင့်သုံးလေ့ရှိတာနေပါဘဲ။

japanese_business_people

Bright Side က သတင်းဌာနက ဝန်ထမ်းတစ်ယောက်က မနက် အိပ်ယာနိုးနိုးချင်း ဘာမှမစားခင်မှာ ရေတစ်ခွက် အဝသောက်ပြီး ရရှိမယ့် အကျိုးကျေးဇူးကို ၁လလောက် လုပ်ဆောင်ပြီး စမ်းသပ်ခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်က အမြဲလိုလို လေးလံနေပြီး ဆရာဝန်ဆီလည်း ခဏခဏသွားနေရသူဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်တွေရဲ့ အလေ့အကျင့်တစ်ခုဖြစ်တဲ့ ရေသောက်တဲ့ ကုသနည်းကို စမ်းကြည့်ဖို့ စိတ်ကူးခဲ့ပြီး ၁ လတိတိ စမ်းကြည့်ကာ အတွေ့အကြုံကို ပြန်လည်ရေးသားခဲ့ပါတယ်။

7485310-3c14fe4b9f7a27c4f6bab1dad3_AzdlMzQ0ZjI0YjFk_alkaline-water-1476473524-650-bccefe92b7-1478596563

ပိုပြီး လန်းဆန်းလာပြီး ကျန်းမာလာပါတယ်

နေ့တစ်နေ့ကို ရေတစ်ခွက် အပြည့်အဝသောက်ပြီး စတင်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ ခန္ဓာကိုယ်က ပိုပြီး ပေါ့ပါးလာပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေကို ပိုပြီး စွန့်ထုတ်နိုင်သလို ခံစားရတယ်။

ဘာကြောင့် မနက်ခင်းမှာ ရေ အဝသောက်သင့်သလဲ။

ဇီဝကမ္မဖြစ်စဉ်တွေလည်း ပိုပြီးအားကောင်းလာတယ်

အမြဲလိုလို ဗိုက်ဆာနေတဲ့ အကျင့်ပျောက်သွားပြီး နေ့လည်စာနဲ့ ညစာကြားမှာ အဆာပြေတွေလည်း မစားဖြစ်တော့ပါဘူး။ ပိုပြီး အားတွေရှိလာသလို ခံစားရတယ်။

Lose-weight1

ကိုယ်အလေးချိန် လျော့ချလာတယ်

ဗိုက်သိပ်မစာတော့ဘဲ နေရထိုင်ရတာလည်း ပေါ့လာတယ်။ ပိုပြီး လေ့ကျင့်ခန်းလုပ်ချင်စိတ်လည်းဖြစ်လာတာကြောင့် ကိုယ်အလေးချိန်လည်း လျော့လာတယ်။

ရင်ပြည့်ရင်ကယ်ဖြစ်တာလည်း သက်သာလာ

အမြဲတမ်းလိုလို ရင်ပြည့်ရင်ကယ် ခံစားနေရတာကနေ တဖြည်းဖြည်းနဲ့ သက်သာလာပြီး သိပ်တောင် မဖြစ်တော့ပါဘူး။

အရွယ်တင်နုပျိုလာ

လူတိုင်းက ကျွန်မကို တွေ့ရင် ကျွန်မ အသက်ထက်ပိုကြီးတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် မနက်မိုးလင်းမှာ ရေ အပြည့်သောက်ပြီးတဲ့နောက်မှာတော့ မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေ လျော့နည်းသွားပြီး အသားအရေတွေ ကြည်လင်လာပါတယ်။

7485210-hermandadblanca_org_conoce-los-beneficios-de-beber-agua-en-ayunas-mejora-tu-salud-1476473756-650-da4bee508f-1478596563

ဆံပင်သန်လာ

ဆံပင်က အရင်ကဆို မွဲခြောက်ခြောက်နဲ့ ဖွာထွက်နေပေမယ့် အခုဆိုရင် ပိုပြီး အရောင်တောက်လာသလို ခံစားရပါတယ်။

ဆီးလမ်းကြောင်း ပြဿနာတွေကနေ ကင်းဝေးလာ

ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေက ရေက အကောင်းဆုံးပါဘဲ။ အခုဆိုရင် အရင်ကလို ဆီးအောင့်တာတွေ ဆီးပူတာတွေလည်းမရှိတော့ပါဘူး။

preview-7485060-650x341-98-1478596563

ရက်ရှည်ဖျားနာမှု ကာကွယ်ပေး

အရင်ကဆို တစ်ခါဖျားလိုက်ရင် ရက်အရှည်ကြီးဖျားပေမယ့် အခုဆိုရင် ကိုယ်ခံအားစနစ်ကောင်းလာတာကြောင့် ခဏခဏလည်းမဖျားတော့သလို ဖျားရင်လည်း ရက်အကြာကြီး မဖျားတော့ပါဘူး။

ရေကိုဘယ်လိုသောက်သင့်လဲ

  • သွားတိုက်ပြီးချင်းချင်း၊ လေ့ကျင့်ခန်းလုပ်ပြီးချင်းချင်း ဘာမှမစားခင်မှာ ရေ ၄ခွက်လောက် သောက်လိုက်ပါ။ အဓိကက အစာအိမ်ထဲမှာ ဘာအစာမှမရှိခင်မှာ ရေ ၄ ခွက်လောက်သောက်ဖို့ အရေးကြီးပါတယ်။ အကယ်၍ ၄ ခွက်လောက်မသောက်နိုင်ရင် ၁ခွက်အရင်သောက်ပြီး တဖြည်းဖြည်းများများ သောက်သွားပါ။
  • ရေသောက်ပြီး ၄၅ မိနစ်အတွင်း ဘာမှမစားပါနဲ့။
  • ၄၅ မိနစ်ပြီးရင်တော့ မနက်စာစားပါ။
  • မနက်စာစားပြီး ၂ နာရီအတွင်း ဘာမှမစားပါနဲ့။