တရုတ်နံနံထဲမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် သင့်ရဲ့ တစ်နေ့တာ စားသုံးတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ တရုတ်နံနံကို မဖြစ်မနေထည့်သွင်းသင့်ပါတယ်။

တရုတ်နံနံထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်များ

ဘာကြောင့် တရုတ်နံနံပင်ကို နေ့စဉ်စားသင့်သလဲ။

တရုတ်နံနံထဲမှာ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့ အခြားအာဟာရဓာတ်များ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးပြုစေတာကိုတော့ သံသယမဖြစ်ပါနဲ့။ တရုတ်နံနံရဲ့ ရိုးတံတစ်ချောင်းတည်းမှာတင် ဗီတာမင်စီ၊ Beta Carotene နဲ့ Flavonoids စတဲ့ Antioxidants များ ၁၂ မျိုးအထိပါဝင်ပါတယ်။

အစာအိမ်အတွက် ဘယ်လိုအထောက်အကူပြုပေးနိုင်လဲ

တရုတ်နံနံမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အစာချေစနစ်ကောင်းမွန်အောင် ကူညီပေးပါတယ်။ သို့သော် တရုတ်နံနံကို အရည်ဖျော်သောက်လိုက်မယ်ဆိုရင်တော့ သူ့ရဲ့ အမျှင်ဓာတ်က အနည်းငယ် ဆုံးရှုံးသွားတတ်ပါတယ်။

တရုတ်နံနံဖျော်ရည်က ပေးစွမ်းတဲ့ အခြားအကျိုးကျေးဇူးများ

Source: thehealthyhack.com

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက ဆီးချိုရောဂါ မဖြစ်ပွားအောင်လည်း ကူညီပေးနိုင်ပါတယ်။ တရုတ်နံနံထဲမှာ Glycemic ပါဝင်မှုနှုန်းနည်းတဲ့အတွက်ကြောင့် သွေးတွင်းသကြားဓာတ် မြင့်မားမလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ လေ့လာစမ်းသပ်ချက်တစ်ခုမှာ ဆီးချိုရောဂါ ခံစားရနိုင်ခြေများတဲ့ သက်ကြီးရွယ်အိုများကို တစ်နေ့ကို တရုတ်နံနံ ၃ ကြိမ် စားခိုင်းပါတယ်။ ထိုကဲ့သို့ စားသုံးပြီးတဲ့နောက်မှာ သွေးတွင်းသကြားဓာတ်က ညီညွှတ်မျှတသွားတာကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတယ်။

Source: medicalnewstoday.com

တရုတ်နံနံထဲမှာ Flavonoids ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ရောင်ရမ်းမှုကို လျော့ချပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။ ဒါ့ကြောင့် အဆစ်အမြစ်နာ နာကျင်ကိုက်ခဲခြင်း၊ အရိုးပွရောဂါ ခံစားရခြင်း စတဲ့ ဝေဒနာများကို မခံစားရအောင် ကာကွယ်ပေးထားနိုင်ပါတယ်။

အချို့သူတွေကတော့ တရုတ်နံနံကို တကြွပ်ကြွပ်နဲ့ ဝါးစားလေ့ရှိပါတယ်။ သင့်အနေနဲ့ ထိုကဲ့သို့ ဝါးမစားနိုင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးနဲ့ ဖျော်ရည် ဖျော်သောက်နိုင်ပါသေးတယ်။

Source: whatido.com

တရုတ်နံနံဖျော်သောက်ဖို့အတွက် တရုတ်နံနံ တစ်စည်း၊ ပန်းသီးအစိမ်းတစ်ဝက်နဲ့ သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ် (ပန်းသီးနဲ့ သံပုယိုရည်တို့ မထည့်ဘဲ သူ့ချည်းပဲလည်း သောက်သုံးနိုင်ပါတယ်)။ ပါဝင်ပစ္စည်းများ အားလုံးကို ဖျော်စက်ထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဖန်ခွက်ထဲထည့်ကာ သောက်သုံးနိုင်ပါပြီ။ ရေခဲတုံးများ ထည့်ချင်ပါကလည်း ထည့်သောက်နိုင်ပါသေးတယ်။

Source: Healthline.com