အဆစ်ရောင်ရောဂါက ကလေး လူကြီးမရွေး ခံစားနေရတဲ့ ရောဂါတစ်ခုပါ။ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲနေမယ်၊ ရောင်ရမ်းနေမယ့်အပြင် နေထိုင်မကောင်းတဲ့အတွက်ကြောင့် သင့် စိတ်ခံစားချက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဝေဒနာက ပိုမိုဆိုးရွားလာပြီး သင့်အရေပြားနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် အစားအသောက်များ ရွေးချယ်စားသုံးတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာများကိုသာ ရွေးချယ်ဖို့လိုအပ်ပါတယ်။ အဆစ်ရောင်ရောဂါကို ပိုမိုဆိုးရွားလာစေတဲ့ အစားအစာများကတော့…

အကြော်စာများ

လူတိုင်းက အကြော်တွေ စားရတာကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အကြော်စာများက ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါတို့ကို ဖြစ်ပွားစေတဲ့အပြင် သင့်ရဲ့ အရိုးအဆစ်များရောင်ရမ်းမှုကိုလည်း ပိုမိုဆိုးရွားစေပါတယ်။ ဒါ့ကြောင့် အရိုးအဆစ်များ နာကျင်ကိုက်ခဲသူများအနေနဲ့ အကြော်စာများ လျော့စားခြင်း (သို့) ရှောင်ကြဉ်သင့်ပါတယ်။

ပြောင်းဖူးဆီ

သင်က ပေါင်မုန့်၊ ကိတ်မုန့်တို့ကို မကြာခဏ စားလေ့ရှိတယ်ဆိုရင်တော့ ဂရုပြုဖို့လိုပါတယ်။ ပေါင်မုန့်နဲ့ ကိတ်မုန့်တို့ဖုတ်တဲ့အခါ ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ ပြောင်းဖူးဆီက အဆစ်အမြစ်ရောင်ရမ်းခြင်းကို ပိုမိုဆိုးရွားစေလို့ပါပဲ။ ပြောင်းဖူးဆီအစား Omega-3 အဆီပါဝင်တဲ့ သံလွင်ဆီကို အစားထိုးပါ။ သူ့မှာ ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးတဲ့ဓာတ် ပါဝင်ပါတယ်။

ဆေးလိပ်

ဆေးလိပ်သောက်သုံးခြင်းက သင့်အဆုတ်အတွက်လည်း မကောင်းသလို သင့်အရိုးကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေပဲဖြစ်ပေါ်စေမှာပါ။

သကြားလုံးများနဲ့ အချိုဓာတ်များသော အစားအစာများ

သကြားလုံးနဲ့ အခြားအချိုဓာတ်များစွာပါဝင်တဲ့ အစားအစာများက သွားကျန်းမာရေးနဲ့ ဆီးချိုရောဂါကိုပါ ထိခိုက်စေနိုင်တဲ့အပြင် ဂေါက်ရောဂါကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

ဒိန်ခဲနှင့် နို့ထွက်ပစ္စည်းများ

နို့နှင့်နို့ထွက်ပစ္စည်းများက ကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့် အဆစ်ရောင်ရောဂါခံစားနေရသူများအတွက် ဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။

အခုဖော်ပြပေးသွားတဲ့အစားအစာများကို ရှောင်ကြဉ်ပြီးတဲ့အခါမှာတော့ အဆစ်ရောင်ရောဂါသမားများ စားသုံးပေးရမယ့် အစားအစာများကတော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့ပဲဖြစ်ပါတယ်။

Omega-3 Fatty အက်စစ်ကြွယ်တဲ့ ငါးများ

ဆောလမွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါးများက Omega-3 ကြွယ်ဝတဲ့အတွက်ကြောင့် အရိုးအဆစ်ရောင်ရမ်းခြင်းကို တိုက်ခိုက်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Omega-3 ကြွယ်ဝတဲ့ ဖြည့်စွက်စာများ စားသုံးပေးပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်

ကြက်သွန်မိသားစုဝင်များကလည်း အဆစ်ရောင်ရောဂါအတွက် အထူးကောင်းမွန်ပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်ထဲမှာ Curcumin ဒြပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းက Curcumin ဒြပ်ပေါင်းပါဝင်တဲ့ နနွင်းမှုန့်ကို အဆစ်ရောင်ရောဂါကုသဖို့အတွက် အသုံးပြုကြတာပါ။

Source: www.foodeatsafe.com