Soursop သီးက ထိုင်းနိုင်ငံမှာ အများအပြား စိုက်ပျိုးကြပြီး မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးဖို့ ပြင်ဆင်နေကြပါတယ်။

Soursop သီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ စွမ်းအားမြင့် Antioxidants ဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး၊ ဆဲလ်တွေကို ကာကွယ်ပေးပြီး ကင်ဆာရောဂါအတွက်လည်းကောင်းပါတယ်။

ကင်ဆာရောဂါ

ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ စပျစ်သီး၊ ထောပတ်သီး နဲ့ နာနတ်သီးရဲ့ အကျိုးကျေးဇူး

Soursop မှာ Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်စေတဲ့ Free Radicals တွေ ရန်ကနေ ကာကွယ်ပေးပြီး ဆဲလ်တွေကို ထောက်ပံ့ပေးပါတယ်။

လန်းဆန်းတက်ကြွ

Soursop ကို ပုံမှန်စားသုံးပေးရင် မနက်မိုးလင်းရင် အားအင်အပြည့်နဲ့ နိုးထနိုင်အောင်ကူညီပေးပါတယ်။ သဘာဝသကြားဓာတ်ဖြစ်တဲ့ Frutose ဓာတ်ပါဝင်ပြီး ဆဲလ်တွေကို တက်ကြွစေပါတယ်။

ဗီတာမင်၊ သတ္တုဓာတ်တွေပါဝင်တာကြောင့် သွေးလည်ပတ်မှုကိုကောင်းစေပြီး ဆဲလ်တွေထဲကို အောက်စီဂျင်တွေ များများရောက်ဖို့ကူညီပေးပါတယ်။

အာရုံကြောစနစ်ကို ကာကွယ်ပေး

မှတ်ဉာဏ်တွေပိုကောင်းစေမယ့် ဦးနှောက်ရဲ့ ဆဲလ်အသစ်တွေ ဖွံ့ဖြိုးလာစေတဲ့ နေထိုင်စားသောက်မှုပုံစံများ

Soursop အသီးမှာ Folic အက်ဆစ်၊ ဗီတာမင် E နဲ့ တခြားသတ္တုဓာတ်တွေပါဝင်တာကြောင့် အာရုံကြောစနစ်ကို အားကောင်းစေပါတယ်။

အဲ့ဒီအပြင် ဗီတာမင် B Complex ပါဝင်တာကြောင့် သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဟော်မှုန်းတွေကို ထိန်းညှိပေးပါတယ်။

အရိုးကို သန်မာစေ

ကယ်ဆီယမ်၊ Phosphorus နဲ့ B complex ဗီတာမင်တို့က အရိုးကို သန်မာစေပြီး အသက်အရွယ်ကြောင့် အရိုးပွလာတာတို့ကို ကာကွယ်ပေးပါတယ်။

အစာခြေစနစ်ထောက်ပံ့ပေးပြီး သွေးတိုးကိုလည်း ကျစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။