လူတိုင်းဟာ ကျန်းမာပြီး လှပတဲ့ မျက်ဝန်းလေးတွေကို ပိုင်ဆိုင်ဖို့ အလိုရှိကြသူတွေချည်းပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ကိုယ်အလေးချိန်လည်း မတက်စေဘဲ စားလို့ရတဲ့ အသီးအရွက်တွေဟာလည်း လှပတဲ့ မျက်ဝန်းလေးတွေရဖို့ ကူညီပေးပါလိမ့်မယ်။

ဒါကြောင့် နေ့စဉ် ကိုယ်အလေးချိန်ထိန်းဖို့ စားပေးရင်းနဲ့ မျက်ဝန်းတွေအတွက်ပါ စားနိုင်ဖို့ မျှဝေလိုက်ပါတယ်။

၁။ အစိမ်းရောင် အရွက်များ

အမျိုးသမီးတွေ စားပေးသင့်တဲ့ အစားအစာများ

အစိမ်းရောင်များတဲ့ အရွက်တွေဟာ Antioxidant Lutein နဲ့ Zeaxanthin တို့ ပါဝင်ပြီး ဒီဓာတ်တွေဟာ သွေးတွင်း အဆီဓာတ်ကို လျော့ချပေးတဲ့ အပြင် မျက်လုံးအတွင်း တိမ်စွဲစေခြင်း ဖြစ်ရပ်ကိုပါ ကာကွယ်ပေးပါတယ်။

၂။ ဆဲလ်မွန်ငါး

ဆဲလ်မွန်ငါးဟာ မျက်လုံးတွေ အတွက်ကတော့ ဆေးတစ်မျိုးလို့တောင် ပြောလို့ရပါတယ်။ အမြင်အာရုံ မှုန်ဝါးခြင်းမှ ကာကွယ်ပေးတဲ့ အပြင် မျက်ကြည်လွှာ ပျက်ဆီးခြင်းကိုလည်း မဖြစ်ပေါ်စေပါဘူး။ အိုမီဂါ ၃ဖက်တီးအက်ဆစ် ကြွယ်ဝတဲ့ ဆဲလ်မွန်ငါးဟာ မျက်လုံးအိမ် အတွင်း အရည်ဓာတ် ခန်းခြောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ တိမ်စွဲခြင်းကိုလည်း မဖြစ်အောင် တားဆီးပေးပါတယ်။

၃။ မုန်လာဥနီ

ပုံမှန်အတိုင်းတောင် မုန်လာဥနီဟာ မျက်လုံးတွေ အတွက် ဆေးဖက်ဝင်မှန်း သိကြပါတယ်။ သူ့မှာ ဘီတာကရိုတိန်းဓာတ် အများအပြား ပါဝင်တာကြောင့် မျက်လုံးတွေ ကျန်းမာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဗီတာမင် အေဟာလည်း ညအချိန်မှာ မျက်စိ ေ၀ဝါးခြင်း မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် မျက်လုံးထဲက ဆဲလ်တွေကို သန်မာအောင် ကူညီပေးပြီး အမြင်အာရုံ ရှင်းလင်းစေဖို့လည်း အထောက်အကူ ပြုပါတယ်။

၄။ ဘလူးဘယ်ရီသီး

နေ့စဉ် စားပေးသင့်တဲ့ အသီးတစ်မျိုးဆိုရင်တော့ ဘလူးဘယ်ရီသီးတွေကိုပါ မေ့မထားသင့်ပါဘူး။ မြန်မာပြည်မှာတော့ ဝယ်ယူဖို့ ရှားပေမယ့် citymart ဆိုင်တွေမှာတော့ ရှာတွေ့နိုင်မှာပါ။ အမြင်အာရုံကို တိုးတက်စေပြီး မျက်လုံးရဲ့အကြောတွေကိုပါ သန်မာစေပါတယ်။

၅။ ငရုပ်ပွသီး

ငရုပ်ပွသီး ရောင်စုံမှာ မျက်လုံးအတွက် ကောင်းမွန်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ lutein ပါဝင်ပြီး အနီးမှုန်၊ အဝေးမှုန်နဲ့ မျက်စိ တိမ်စွဲခြင်းတို့ကနေ ကာကွယ်ပေးပါတယ်။

Credit: Zeenews