မာလကာသီးဟာ မြန်မာနိုင်ငံမှာတော့ အနှံ့အပြား ပေါက်ရောက်ပြီး ရှာရလွယ်ကူ ဈေးချိုတဲ့ အသီးပါ။ အူနီသီး၊ အူဖြူသီးဆိုပြီး ၂မျိုး ရှိပါတယ်။ အသီးက မှည့်သွားတဲ့အခါမှာ အူနီသီးဟာ ပိုမွှေးပြီး ပိုချိုပါတယ်။ အစိမ်းအတိုင်းမှာတော့ ပွပြီဆိုတဲ့ အနေအထားရောက်မှ ခူးရပြီး စားတဲ့အခါ အရသာ ရှိလှပါတယ်။

Source: Well Org

မာလကာသီးဟာ အစေ့ထုတ်ပြီး စားတဲ့အခါ အန္တာရာယ်ပိုကင်းပါတယ်။ အစေ့က အူထဲမှာ အစာမကြေဘဲ ဒုက္ခပေးတတ်လို့ပါ။ မာလကာသီးဟာ လူသားတွေကို အကျိုးပြုစေမယ့် အာဟာရဓာတ်တွေနဲ့ ပြည့်နှက်နေပါတယ် အသီး၊ အရွက်တွေလည်း အသုံးဝင်လှပါတယ်။ မာလကာသီးမှာ ဘေးဖြစ်စေမယ့် ကိုလက်စထေရောနဲ့ ဆိုဒီယမ် လုံးဝမပါပါဘူး။ ကယ်လိုရီနဲ့အဆီဓာတ် အနည်းငယ်သာရှိပြီး အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ လိမ္မော်သီးမှာ ပါတဲ့ ဗီတာမင်စီထက် ၅ဆ ပိုမိုပါဝင်ပါတယ်။ ဗီတာမင် အေ၊ ဗီတာမင်ဘီ၊နီအာစင်၊ ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ ဖော့စဖရက်၊ ကစီဓာတ်၊ ပရိုတင်းနဲ့ ကယ်လိုရီတွေ ပါဝင်တဲ့ မာလကာသီးဟာ သရေစာအဖြစ် လူအမျး ကြိုက်နှစ်သက်လှပါတယ်။

Source: chhajedgarden.com

မာလကာသီးရဲ့ အခွံဟာ သွေးထဲက သကြားပမာဏကို မြင့်တက်စေနိုင်ပေမယ့် အသီးထဲက အသားနဲ့ အစေ့ကတော့ ဂလူးကိုစ့်ပမာဏကို ချပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေ စားမယ်ဆိုရင်တော့ အခွံကို နွှာပြီးစားသင့်ပါတယ်။ မာလကာရွက်ကို အခြောက်ခံပြီး ရေနွေးခတ်သောက်ပေးရင် သွေးထဲမှာ ရှိတဲ့ ဂလူးကိုစ့်ကို ထိထိရောက်ရောက်ထိန်းပေးနိုင်ပါတယ်။

Source: Fusion Tea Room

မာလကာသီးထဲမှာ အစာချေစနစ်တိုးတက်စေနိုင်တဲ့ ဓာတ်တွေ ပါရှိတာကြောင့် အူအတွက် ကောင်းမွန်နိုင်ပြီး ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ အစေ့ကတော့အူအတက်ထဲဝင်ရင် ပေါက်တတ်တဲ့အတွက် ရှောင်ပြီးစားတာကတော့ အကောင်းဆုံးပါ။ တစ် ယောက်၏ တနေ့တာလိုအပ်သော အမျှင်ဓာတ်ကို မာလကာသီးအလတ် စားတစ်လုံးထဲမှ ၃၆% ရရှိနိုင်ပါသည်။ မာလကာသီး အမှည့်ကို စားပေးရင် ဝမ်းမချုပ်စေဘဲ ဝမ်းမှန်စေနိုင်ပါတယ်။

Source: Awani Bali

မာလကာသီးဟာ ကိုလက်စထရောကို ချပြီး သွေးခဲခြင်းကို ကာကွယ်ပေးပါတယ်။ ကင်ဆာရောဂါကို ဆန့်ကျင်တဲ့ ဓာတ်တွေကို မာလကာသီးကနေ ရနိုင်ပါတယ်။ အထူးသဖြင့် အူနီသီးပါ။ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာအကျိတ် ကြီးထွားခြင်းတို့ကို တားမြစ်ပေးပါတယ်။

အမျှင်ဓာတ်တွေ ပေါများတဲ့ အတွက် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပြီး ကိုလက်စထရော လုံး၀ မပါတဲ့ အတွက် ဝမ်းမှန်ပြီး အဆီကျစေပါတယ်။

Credit: PaukPauk