Kitchen Tips | ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

လွယ်ကူ ရိုးရှင်းတဲ့ လက်ဖက်ရည်အေးအေးလေး (Easy Homemade Iced Tea)

June 18, 2016

လွယ်ကူ ရိုးရှင်းတဲ့ လက်ဖက်ရည်အေးအေးလေး (Easy Homemade Iced Tea)

Share this on:

ဒီနည်းလေး မသိခင်တုန်းက ကျနော်တို့တွေ လက်ဖက်ရည်အေး ရဖို့ ရေနွေးတည်၊ ပြီးလျှင် အအေးခံ (သို့) ရေခဲတုံးတွေ ထည့်ပြီး သောက်ခဲ့ကြတယ်နော် ။  ဒီနည်းလေးကတော့ မိမိအိမ်မှာ စိတ်ကြိုက် လက်ဖက်ရည်အေး လုပ်နည်းလေးဖြစ်ပါတယ် ။  ဒီနည်း လုပ်ဖို့အတွက် အရံသင့် သကြားထုပ်တွေလည်း ၀ယ်စရာ မလိုပါ ။ မိမိကြိုက်နှစ်သက်တဲ့ လက်ဖက်ရည်ထုပ်ကို တစ်လီတာဆန့်သည့် ရေချိုင့်ထဲသို့ ရေအေး ထည့်ပြီး နာရီဝက်ခန့် စိမ်ထားလိုက်ပါ ။  ရေခဲသေတာထဲ ထည့်ထားမယ်ဆိုရင် တစ်ပါတ်လောက်ထိ လတ်ဆတ်တဲ့ အရသာရရှိနိုင်ပါတယ် ။  မိမိစိတ်ကြိုက် အရသာများကို ထည့်ပြီး စိတ်ကြိုက်   သောက်နိုင်ပါတယ် ။

ပါဝင်ပစည်းများ

  • လက်ဖက်ရည် အပျော့ ကြိုက်လျှင် ၂ ထုပ်၊ အပျင်း ကြိုက်လျှင် ၃ ထုပ်
  • ရေခဲ
  • ရေ ငါးခွက် မှ ခြောက်ခွက်

ပြုလုပ်နည်း

  1. ပါဝင်ပစည်းများ အားလုံးကို ရေချိုင့်ထဲသို့ မသောက်သုံးခင် မိနစ်သုံးဆယ်ခန့် စိမ်ထားပြီးမှ သောက်နိုင်ပါတယ် ။  အချို အရသာ နှစ်သက်သူများ အနေနဲ့ သကြား သို့မဟုတ် ပျားရည် ထည့်သောက်နိုင်ပါသည် ။
စိမ်ပြီးသား လက်ရည်ထုပ် တွေကို နာက်ဆုံး အရသာ ပေါ့သွားချိန်ထိ ထပ်ခါထပ်ခါ ရေအေး ထည့်ပြီး သောက်သုံးနိုင်ပါသည် ။

Photo Credit: AsianFusion