သင်္ဘောသီး

Share this on:

သင်္ဘောသီး အကြောင်း

အီတလီလူမျိုး ပင်လယ်ခရီးသွား ကိုလန်ဘတ် (Christopher Columbus) က နတ်ဖန်တဲ့ အသီးလို့ ချီးမွမ်း  ခေါ်ဝေါ်ခဲ့ဘူးပါတယ် ။ အရသာ ရှိလွန်းလို့ ခေါ်ခဲ့တာဖြစ်ပါလိမ့်မယ် ။ အဟာရ တန်ဖိုး ကိုတော့ သိခဲ့မယ် မထင်ပါဘူး ။ သင်္ဘောသီးဟာ ဗီတာမင် စီ အလွန်ကြွယ်ဝပြီး ၊ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများ ကြီး ပေးပါတယ် ။

1. ကိုလက်စထရောကို ကျစေပါတယ် ( Lowers cholesterol )
ဖိုင်ဘာ ၊ ဗီတာမင် စီ ၊ အင်တီအောက်ဆီဒင့်တွေ က ကိုလက်စထရောတွေ စုပုံမလာအောင် ကာကွယ်ခြင်းဖြင့် နှလုံးရောဂါ ၊ သွေးတိုးရောဂါ ကို ကာကွယ်
ပေးပါတယ် ။

2. ၀ိတ်ကျအောင် ကူညီပါတယ် ( Helps in weight loss )
ဖိုင်ဘာကြွယ်ဝပြီး ကယ်လိုရီ အလွန်နည်းပါတယ် ။ ဗိုက်ပြည့်စေပါတယ် ။ အူလှုပ်ရှားမှု ကောင်းစေပါတယ် ။ ၀ိတ်ချရာမှာ စားရမယ့် အသီးဖြစ်ပါတယ် ။

3. ကိုယ်ခံအား ကောင်းစေပါတယ် ( Boosts your immunity )
သင်္ဘောသီးတလုံးမှာ တနေ့ တာ လိုအပ်တဲ့ ဗီတာမင် စီ ပမာဏ ထက် ၂၀၀ % ပိုပါဝင်နေတာကြောင့် ၊ ကိုယ်ခံအားစံနစ် ကို အားကောင်းစေပြီး ရောဂါ ကူးစက်
ခြင်းကို ကာကွယ်ပေးပါတယ် ။

4. ဆီးချိုရောဂါသည် အတွက် ကောင်းပါတယ် ( Good for diabetics )
အလွန်ချိုသော်လည်း သကြားဓါတ် နည်းပါးပါတယ် ။ ဆီချိုမဖြစ်စေဘဲ အချိုစားချင်သူများ ၊ သင်္ဘောသီးကို အားပြု စားသုံးနိုင်ပါတယ် ။

5. မျက်လုံးများအတွက် ကောင်းပါတယ် ( Great for your eyes )
ဗီတာမင် အေ လည်း ကြွယ်ဝစွာ ပါဝင်ပါတယ် ။ အမြင်အာရုံ ချို့ယွင်းမှုကို ကောင်းစွာ ကာကွယ်ပေးပါတယ် ။

6. အဆစ်အမြစ် ရောင်ရမ်းခြင်းကို ကာကွယ်ပါတယ် ( Protects against arthritis )
ဗီတာမင် စီ ရဲ့ ကျေးဇူးကြောင့် အရိုးအဆစ်များ ရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ် ။ ဗီတာမင် စီ စားသုံးမှု နည်းပါးသူတွေမှာ အဆစ်ရောင်ရောဂါ ( Rheumatic Diseases ) ၃ဆ ပိုဖြစ်တယ်လို့တွေ့ ရှိထားပါတယ် ။

7. အစာကြေစေပါတယ် ( Improves digestion )
သင်္ဘောသီးမှာ အစာချေအင်ဇိုင်း ပက်ပိန်း ( papain )ပါဝင်ပါတယ် ။ သင်္ဘောသီး နေ့ စဉ်ပုံမှန် စားသုံးပါက အဆီအအိမ့် များ အလွန်အကျွံ စားမိလျှင်ပင် မစာမကြေ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ် ။

8. ဓမ္မတာလာစဉ် နာကျင်ခြင်းကို သက်သာစေပါတယ် (Helps ease menstrual pain)
ပက်ပိန်းအင်ဇိုင်းဓါတ်က ဓမ္မတာနာကျင်ခြင်းကို လျော့ပါးစေသဖြင့် ဓမ္မတာချိန် နာကျင်ကိုက်ခဲတတ်သူ အမျိုးသမီးများ သင်္ဘာသီးကို မှန်မှန်စားသုံးသင့်ပါတယ် ။

9. ရင့်ရော်သည့် လက္ခဏာများ ကို တားဆီးပေးပါတယ် (Prevents signs of ageing)
ဗီတာမင် စီ ၊ အီး ၊ ဘီတာကာရိုတင်း အင်တီအောက်ဆီဒင့် တွေ ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ် ။
သင်္ဘောသီး နေ့ စဉ်စားသုံးသူဟာ ရှိရင်စွဲအသက်ထက် ၅နှစ်မက ပိုနုပျိုေ နနိုင်ပါတယ် ။

10. ကင်ဆာ ကာကွယ်ပေးပါတယ် ( Prevents cancer )
အင်တီအောက်ဆီဒင့် ( antioxidants ) ၊ ဖိုင်တိုနူးထြီရင့် ( phytonutrients ) ၊ ဖလေဗင်နွိုက် ( flavonoids ) ဓါတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆဲလ်များ ဓါတ်တိုး ပျက်စီးခြင်းကို ကာကွယ်ပေးသဖြင့် အူမကြီးကင်ဆာ ၊ ဆီးကြိတ်ကင်ဆာ များကို ကာကွယ်ပေးပါတယ် ။

11. ဖိစီးမှုများ လျော့ပါးစေပါတယ် ( Helps reduce stress )
တနေ့ လုံး ပင်ပမ်းစွာ အလုပ်လုပ်ခဲ့ပြီး ညနေခါ သင်္ဘောသီး တပုဂံလောက် စားလိုက်ရလျှင် နွမ်းနယ်မှုများ ပျောက်ကွယ်သွားစေပါတယ် ။ ဗီတာမင် စီ ကြွယ်ဝမှုကြောင့် ဖိစီးမှုများ လျော့ပါးစေကြောင်း အလာဘားမား တက္ကသိုလ် လေ့လာမှုတခုက ဖေါ်ထုတ်ခဲ့ပါတယ် ။

သင်္ဘောသီးမှည့်ရော သင်္ဘောသီးစိမ်းရော အဟာရ တန်ဘိုး အတူတူဖြစ်ပါတယ် ။ အစိမ်းမှာ ပိုတက်ဆီယမ် ၊ ပက်ပိန်းအင်ဇိုင်း နဲ့ အစေး ပို ပါဝင်ပါတယ် ။
အစေးက ဓါတ်မတည့်မှု ဖြစ်တတ်ပါတယ် ။ သင်္ဘောသီးမှည့် ပုံမှန်စားရင် အကျိုးရှိနိုင်သလို ၊ ယိုးဒယားသင်္ဘောသီးထောင်း စားရင်လည်း အကျိုးရှိကြောင်း ပါ ။

ကျန်းမာချမ်းသာကြပါစေ

Credit: ဒေါက်တာမြင့်သိန်း

Review

User Rating

3.7 (3 Votes)