လူတွေ တော်တော်များများ က ထမင်းစားပြီးရင် အိပ်ချင်လေ့ရှိပါတယ်။ အလုပ်ပင်ပန်းလို့ အိပ်ချင်တာကြောင့်လည်း ရှိသလို ကိုယ်စားသုံးလိုက်တဲ့ အစားအစာတွေကြောင့် လည်းဖြစ်ပါတယ်။

cheese-and-crackers-02

နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းများအထဲကမှ ချီစ် တွေမှာ ကယ်ဆီယမ်ဓာတ်တွေအများကြီးပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ အဲ့ဒီ ချီစ်တွေကို Crackers နဲ့ တွဲစားလိုက်ရင်တော့ အိပ်ချင်သွားပါလိမ့်မယ်။

1

Almonds စေ့

Almonds စေ့တွေမှာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ Tryptophan ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဒီဓာတ်တွေက အိပ်ချင်ဟော်မှုန်းတစ်မျိုးဖြစ်တဲ့ Melatonin ဟော်မှုန်းကို ထုတ်လုပ်ပေးပါတယ်။ ဒီအစေ့တွေက မဂ္ဂနီဆီယမ်ပါဝင်ပြီး ကြွက်သားတွေ တင်းနေတာတွေကို လျော့အောင် လုပ်ပေးကာ အိပ်ချင်လာစေပါတယ်။

3

ငှက်ပျောသီး

ငှက်ပျောသီးမှာပါဝင်တဲ့ သကြား၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တွေက အိပ်ချင်တဲ့ ဟော်မှုန်းကိုထုတ်လုပ်ပေးနိုင်တဲ့ Tryptophan ဓာတ်တွေ ပါဝင်ပါတယ်။

4

ဖရုံစေ့

ဖရုံစေ့က Tryptophan ဓာတ်တွေအပြင် Zinc နဲ့ မဂ္ဂနီဆီယမ် ကွန်ပေါင်းတွေလည်း ပါဝင်ပါတယ်။ ဒီကွန်ပေါင်းတွေက ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပြီး အိပ်ချင်လာအောင် လုပ်ဆောင်ပေးပါတယ်။

Rice

အဖြူရောင်ဆန်

အဖြူရောင်ဆန်မှာ Glycemic Index ပါဝင်တာကြောင့် ထမင်းစားပြီး ၃ နာရီကနေ ၄ နာရီလောက်အထိ အိပ်ချင်တဲ့ ခံစားချက်ကို ခံစားနေရမှာပါ။

6

ငါး

အထူးသဖြင့် Oily Fish တွေဖြစ်တဲ့ ဆယ်မွန် နဲ့ တူနာငါးတွေက Melatonin ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ အဲ့ဒီ ဓာတ်က စိတ်ဖိစီးမှု ဟော်မှုန်းကို လျော့ချပေးပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။