မျက်နှာပေါ်မှာ ဝက်ခြံတွေ အများကြီး ထွက်လာတာက စိတ်ညစ်စရာပါဘဲ။ ဝက်ခြံတွေက အလှပျက်ရုံသာမကဘဲ ဝက်ခြံဖြစ်တဲ့ ဓာတ်တွေကြောင့် စိတ်ဓာတ်ကျခြင်း၊ မျက်နှာပေါ်မှာ အမာရွတ်တွေဖြစ်စေခြင်း၊ ကိုယ့်ကိုကို ယုံကြည်မှု နည်းခြင်း စတာတွေလည်း ခံစားရနိုင်ပါတယ်။

ဒါကြောင့် မျက်နှာပေါ်က ဝက်ခြံတွေကို မြန်မြန် ပျောက်စေနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

Moisturizes-Skin

သင်္ဘောသီး

သင်္ဘောသီးကို အစိတ်လေးတွေ လှီးလိုက်ပြီး ချေလိုက်ပါ။ မျက်နှာပေါ်မှာ လိမ်းပေးပြီး ၁၅ မိနစ်နဲ့ မိနစ် ၂၀ လောက်ထားပေးပါ။ ရေသန့်သန့်လေးနဲ့ ဆေးချလိုက်ပါ။ မျက်နှာပေါ်က အဆီပြန်တာတွေ ဆဲလ်အသေတွေကို ဖယ်ရှာပေးပြီးဝက်ခြံကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။

14.-Orange-Peel-For-Teeth-Whitening

လိမ္မော်သီး အခွံ

လိမ္မော်သီး စားပြီးရင် အခွံတွေကို အလွယ်တကူ မလွှတ်ပစ်ပါနဲ့နော်။ လိမ္မော်သီး အခွံတွေကို နေပူထဲမှာ အခြောက်ခံထားပါ။ ခြောက်နေတဲ့ လိမ္မော်ခွံတွေကိုထောင်းပြီး အမှုန့်ဖြစ်အောင် လုပ်လိုက်ပါ။ ရေအနည်းငယ်ထည့်ပြီး စေးကပ်ကပ်လေးဖြစ်အောင် လုပ်ပါ။ ပြီးရင် ဝက်ခြံပေါ်မှာ ညင်ညင်သာသာလေးနဲ့ လိမ်းပေးပါ။ ၁၅ မိနစ်ကြာရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ လိမ္မော်သီး အခွံမှာပါဝင်တဲ့ ဗီတာမင်စီက မျက်နှာပေါ်က ဝက်ခြံတွေကို ကုသပေးနိုင်ပါတယ်။ အဲ့ဒီအပြင် အမည်းစက်တွေ၊ အရေးအကြောင်းတွေ၊ ဆားဝက်ခြံတွေ နဲ့ အသားအရေလှပအောင် ကူညီပေးနိုင်ပါတယ်။

lemon-rosemary-scrub-5

သံလွင်ဆီ

သံလွင်ဆီ (Olive Oil) က ဝက်ခြံတွေကို ကုသရာမှာ ထိရောက်တဲ့ အိမ်တွင်းသုံးဆေးနည်းပါဘဲ။ သံလွင်ဆီမှာ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး Antioxidant တွေနဲ့ အရောင်လျော့စေပါတယ်။ သံလွင်ဆီကို သံပုရာသီး နဲ့ ရောပြီး ဝက်ခြံအတွက် သုံးနိုင်ပါတယ်။

သံပုရာသီး အရည်ကို လက်ဖက်ရည်ဇွန်းရဲ့ ၈ ပုံ၁ပုံလောက်နဲ့ သံလွင်ဆီကို လက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ပုံလောက်နဲ့ ရောလိုက်ပါ။ အဲ့ဒါကို ဝက်ခြံရှိတဲ့နေရာကို လိမ်းပေးပါ။ ရေနွေးပူပူနဲ့ ဆေးချလို့ရပါတယ်။သံလွင်ဆီထဲမှာ ဆားအနည်းငယ်ထည့်ချင်လည်းရပါတယ်။

201607190706022340_Natural-toner-for-oily-skin_SECVPF.gif

ရေခဲ

ဝက်ခြံတွေ ကြီးပြီးရောင်နေရင် ရေခဲ ကို အုံပေးပါက အရောင်လျော့စေပြီး နာကျင်တာကိုလည်း သက်သာစေပါတယ်။ ရေခဲ အနည်းငယ်ကို သန့်တဲ့ အဝတ်စတစ်ခုထဲမှာ ထည့်ထားလိုက်ပါ။ မျက်နှာကို ညင်သာစွာ ပွတ်ပါ။ အထူးသဖြင့် ဝက်ခြံရှိတဲ့နေရာကို ပွတ်ပေးပါ။ အကယ်၍ ဝက်ခြံတွေ အရမ်းများတဲ့နေရာမှာဆိုရင် ၅ မိနစ်လောက် ရေခဲတင်ထားပေးပါ။ ဒါဆို ဝက်ခြံတွေ ယောင်ကိုင်းပြီး နီနေတာတွေ လျော့သွားမှာ ဖြစ်ပါတယ်။