အသုပ်တွေဟာ မြန်မာလူမျိုးတွေ အတွက်တော့ ထမင်းမြိန်စေတဲ့ အရာတစ်ခုပါ။ ထမင်းစားမကောင်းရင် အသုပ်လေးတွေ သုပ်စားလိုက်ရမှ ဆိုတဲ့ လူတွေက အများသားပါ။ အခု မျှဝေပေးမယ့် အသုပ်တွေကတော့ ထမင်းမြိန်ရုံမက ဆီးချိုသမားတွေအတွက် အကူအညီဖြစ်စေနိုင်မယ့် အသုပ်တွေပါ။

၁။ ကြက်သွန်ဖြူရှာလကာရည်နဲ့ သုပ်တဲ့ ဟင်းနုနွယ်ရွက်သုပ်

ပါဝင်ပစ္စည်းများ

  • ဟင်းနုနွယ် အနုလေးများ တစ်စည်းစာ
  • ကြက်သွန်ဖြူ ၅တက်
  • ရှာလကာရည်အဖြူ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်း အနည်းငယ်

  • ဆား အနည်းငယ်
  • ကြက်သွန်နီ တစ်လုံး
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ

ပြုလုပ်နည်း

ဟင်းနုနွယ်ရွက်ကို ရေနွေးနဲ့ အနည်းငယ်နဲ့ ၃စက္ကန့်လောက် စိမ်လိုက်ပါ။ ပြီးရင်တော့ ရိတ်ရိတ်လေးတွေ လှီးထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးပါ။ ကြက်သွန်ဖြူကို ထောင်းပြီး ရှာလကာရည်နဲ့ ခဏစိမ်ထားပါ။

ကျန်တဲ့ပါဝင်ပစ္စည်းတွေကို ထည့်ပြီး ရှာလကာရည်စိမ်ထားတဲ့ ကြက်သွန်ဖြူပါ ထည့်ပါ။ အားလုံး ရောမွှေပြီး အရသာမြည်းပါ။ အရသာရှိပြီး စားမြိန်တဲ့ ဟင်းနုနွယ်ရွက်သုပ်လေးကို ရပါပြီ။ ဝိတ်ချမယ့် လူတွေလည်း စားလို့ရပါတယ်။

cucumber-salad-new

၂။ သခွားသီးမုန်ညှင်းအသေးထုပ်လေးတွေသုပ်

ပါဝင်ပစ္စည်းများ

  • သခွားသီး အရွယ်တော်တစ်လုံး
  • သံလွင်ဆီ အနည်းငယ်
  • နှမ်း အနည်းငယ်
  • ရှာလကာရည်

  • ဆား
  • ဟင်းခတ်မှုန့် အနည်းငယ်
  • မုန်ညှင်းအသေးထုပ် အနည်းငယ်

ပြုလုပ်ပုံ

အရင်ဆုံး မုန်ညှင်းထုပ်လေးတွေကို ရေသေချာ စင်အောင်ဆေးပါ။ သဲတွေ အထဲမှာ ပါနေတတ်လို့ပါ။ သခွားသီးကို ရေဆေးပြီး အဝိုင်းလေးကို ပါးပါးလှီးပါ။ ပါဝင်ပစ္စည်းတွေအားလုံးထည့်ပြီ နယ်ပါ။ ကိုလက်စထရောကို ကျစေပြီး သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်တဲ့ အတွက် ဆီးချိုသမားတွေ ကြိုက်သလောက် စားလို့ရပါတယ်။

၃။ သခွားသီးရိုးရိုးသုပ်

ပါဝင်ပစ္စည်းများ

  • သခွားသီး အရွယ်တော် တစ်လုံး
  • ငါးအနည်းငယ်
  • ငရုတ်သီးစိမ်းအနည်းငယ်
  • နှမ်းအနည်းငယ်

  • ဆား အနည်းငယ်
  • ဟင်းခတ်မှုန့် အနည်းငယ်
  • သံပုရာသီး တစ်လုံး

cucumber-salad

ပြုလုပ်ပုံ

အရင်ဆုံး ငါးကို မီးကင်ရင်ကင် မကင်ရင် ချက်ပါ။ မီးကင်တာကတော့ ပိုပြီး မွှေးပါတယ်။ သခွားသီးကို သခွားခြစ်နဲ့ ခပ်မျှင်မျှင်လေး ခြစ်ထားပါ။ ငါးကို အရိုးနွှင်ပြီး ထည့်ပါ။ သံပုရာသီးကို ညှစ်ပါ။
ညှစ်ပြီးသား အခွံလေးကို မပစ်ဘဲ ထည့်ပါ။ ပိုပြီးတော့ မွှေပါတယ်။ အပေါ့အငံနဲ့ နှမ်းတို့ကို ထည့်ပြီး နယ်ပါ။ သခွားသီးက ထွက်လာတဲ့ အရည်ရယ် ငါးကင်က မွှေးတဲ့ အနံ့ရယ်နဲ့ ထမင်းကောင်းကောင်
မြိန်စေပါတယ်။ အစပ်ကြိုက်ရင်တော့ ငရုတ်သီးစိမ်းကို လှော်ပြီး ထောင်းထည့်ပါ။