အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရှားစောင်းလက်ပပ်ကို သင်သိတာထက်ပိုပြီး ကျန်းမာရေးအတွက် အသုံးပြုလို့ရပါတယ်။

ဘယ်လိုနည်းလမ်းလေးတွေနဲ့ အသုံးပြုမလဲဆိုတာကို မျှဝေပေးချင်ပါတယ်နော်။

၁။ ခြေထောက်ရောင်ရမ်းခြင်း

ခြေထောက်တွေ၊ ခြေချောင်းတွေ ရောင်ရမ်းနေတဲ့အခါ ရှားစောင်းလက်ပပ်ကို လိမ်းနိုင်ပါတယ်။ ရှားစောင်းလက်ပပ် Gel ကို နာရီအနည်းငယ်လောက် အအေးခံထားလိုက်ပြီး သင့်ရဲ့ ခြေထောက်ပေါ်မှာ လိမ်းပေးလိုက်ပါ။ ၅ မိနစ်လောက်ထားပြီး ကျန်တာတွေကို ဖယ်ရှားလိုက်ပါ။

၂။ ဝမ်းချုပ်ခြင်းနဲ့ အစာမကြေခြင်းတွေအတွက်

ရှားစောင်းလက်ပပ် Smoothie ကို သောက်ပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းနဲ့ အစာမကြေခြင်းတွေကို သက်သာစေပါတယ်။

၃။ ခံတွင်းကျန်းမာရေး

ခံတွင်းကျန်းမာရေးအတွက်လည်း ရှားစောင်းလက်ပပ်ကို အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ် Gel လေးနဲ့ ရေခွက်တစ်ဝက်ရောပြီး တစ်ရက်တစ်ခါလောက် ပလုတ်ကျင်းပေးလိုက်ပါ။

၎။ ဝက်ခြံ

ဝက်ခြံလေးတွေသက်သာဖို့အတွက် ရှားစောင်းလက်ပပ်ကို အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကို သင့်မျက်နှာမှာလိမ်းပေးပြီး မျက်နှာသစ်လိုက်ပါ။

Source: www.stephealth.com

By: MyFood Myanmar