၁။ သွေးမခဲဆေး (Anticoagulant) နှင့် ချယ်ရီသီး ဖျော်ရည်

491311294_xs

Anticoagulant ဆိုတာ သွေးခဲတာကို တားဆီးပေးတဲ့ ဆေးပါ။ ချယ်ရီသီး ဖျော်ရည်ကလည်း သွေးကို သိသိသာသာ ကျဲစေပါတယ်။ ဒါ့ကြောင့် အဲဒီဆေးဝါးတွေကို အထောက်အပံ့ဖြစ်စေတယ်လို့ ယုံကြည်ချင်စရာပါ။ ဒါပေမဲ့ အဲဒီ အရာနှစ်ခုကို တွဲဖက်စားသုံးတာဟာ ရှုပ်ထွေးလှတဲ့ ရောဂါပြဿနာတွေကို ဖြစ်ပွားနိုင်ပါတယ်။

၂။ ကိုလက်စထရောဆေးများနှင့် ဂရိတ်ဖရု

07-01-grapefruit-benefits-lower-cholesterol

ကိုလက်စထရောဆေးတွေကို မှီဝဲနေရသူတွေအားလုံး ကျွဲကောသီးကို ရှောင်းရှားသင့်ပါတယ်။ ကျွဲကောသီးဟာ သွေးထဲမှာ အဲဒီဆေးတွေရဲ့ ပါဝင်မှုကို ပိုမိုတိုးပွားအောင်ပြုလုပ်ပေးတာကြောင့် သင့်အတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေပါတယ်။ အထူးသဖြင်တော့ ခြေထောက်တွေ နာကျင် ကိုက်ခဲလာမှာဖြစ်ပါတယ်။

၃။ ပိုးများစွာကို နိုင်သည့် Tetracycline ပဋိဇီဝဆေး နှင့် နို့ထွက်ကုန်များ

dairy-products

တက်ထွာဆိုက်ကလင်း (Tetracycline) ပဋိဇီဝဆေးတွေကို ဝက်ခြံ နဲ့ အရေပြားပြဿဿနာကြောင့် မျက်နှာရဲတာ (Rosacea) အတွက် အဓိက သောက်သုံးကြပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်တာကြောင့် ပဋိဇီဝဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ အဲဒီ ပဋိဇီဝဆေးတွေကို အစာမစားမီ ၂ နာရီလောက်ကြိုပြီးသောက်သုံး သင့်ပါတယ်။

၄။ သွေးကျဲဆေး (Blood Thinners) နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

56f08794cd64882551be7d61aad22a7a

အစိမ်းရောင်အဆင်းရှိ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဗီတာမင် k ဟာ သွေးခဲမှုကို တိုးမြင့်လာစေပြီး သွေးမခဲဆေး (Anticoagulant) နဲ့ သွေးကျဲအောင်ပြုလုပ်ပေးတဲ့ အာနိသင်ကို လျော့ပါးစေပါတယ်။ ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းနဲ့ တစ်ခြားအစိမ်းရင့်ရောင်အဆင်းရှိတဲ့ ဟင်းသီးဟင်ရွက်တွေကို ရှောင်ကျည်သင့်ပါတယ်။

၅။ သွေးကျဆေးများနှင့် ငှက်ပျောသီး

f320d909a24e54ab89c22aab322bc61d

သွေးတိုးကျဆေးတွေဟာ ပိုတက်ဆီယမ်ကို မြင့်တင်ပေးတဲ့ဆေးတွေပါ။ ပိုတက်ဆီယမ်မှာ သွေးဖိအား အပါဝင် နှလုံးခုန်နှုန်းနဲ့ အာရုံကြောစနစ်တွကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးမှာလည်း ပိုတက်ဆီယမ်ဓါတ် မြင့်မားစွာပါဝင်ပါတယ်။ ဒါပေမဲ့ ပိုတက်ဆီယမ်ဓါတ်များလွန်းတာဟာ နှလုံးခုန်မမှန်တာ ရင်တုန်တာစတဲ့ နှလုံးဆိုင်ရာ ပြဿနာတွေလည်း ဖြစ်ပွားနိုင်ပါတယ်။