ဆောင်းရာသီမှာလို့ ခေါင်းစဉ်တပ်ရပေမယ့် ရန်ကုန်မှာတော့ သိပ်တော့ မအေးလှပါဘူး။ နယ်ဖက်တွေမှာတော့ အအေးအနည်းငယ် ပိုနေလောက်ပါပြီ။ ဆောင်းရာသီဟာ မအေးလှပေမယ့် သူရဲ့ အစွမ်းကတော့ လူတွေကို အနည်းငယ်တော့ ဒုက္ခပေးတတ်ပါတယ်။ ရာသီ အပြောင်းအလဲမှာ ဖြစ်တတ်တဲ့ တုပ်ကွေး၊ ဖျားနာ၊ လည်ချောင်းနာ၊ ချောင်းဆိုးနဲ့ အသားအရေ ခြောက်သွေ့ခြင်းတွေဟာ ဆောင်းရာသီမှာ အဖြစ်များလှပါတယ်။ ဒါတွေ မဖြစ်အောင် ပြုမှုနေထိုင်နည်း ၆မျိုးကို လိုက်နာရင်ကို ရနေပါပြီ။

fish-vitamin-d

Rule 1 ဗီတာမင် ဒီ အတွက် ငါးစားပါ

ဗီတာမင်ဒီအတွက် ငါးကို စားပေးပါလို့ ပြောရင် ဆောင်းတွင်း အတွက်တင်မက အခြားရာသီတွေ အတွက်ပါ အသုံးဝင်ပါတယ်။ Omega-3 Fatty Acids ဟာ နှလုံးကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ကိုယ်ခံအား ကောင်းမွန်စေတဲ့ အတွက် ရာသီစာတုပ်ကွေးကိုပါ တွန်းလှန်နိုင်ပါလိမ့်မယ်။

eat-rainbow

Rule 2 သက်တန့်ကို စားပါ

သက်တန့်ဆိုတာ အရောင်၇မျိုး ပါတဲ့ အရာဆိုတာ လူတိုင်း သိကြမှာပါ။ ကောင်းကင်က သက်တန့်ကို စားခိုင်းတာ မဟုတ်ပေမယ့် အရောင်အသွေးစုံလှတဲ့ အသီးအနှံတွေကို စားခိုင်းတာပါ။ စတော်ဘယ်ရီလို အသီးမျိုးတွေဟာ ဆောင်းတွင်းမှာ ပေါများတဲ့ အတွက် Smoothie လိုမျိုး သောက်ပေးပါ။
vitamin-c
Rule 3 ဗီတာမင်စီ စားပေးပါ

ဆောင်းရာသီမှာ လိုအပ်တဲ့ ဗီတာမင်တစ်မျိုးကတော့ ဗီတာမင်စီပါ။ အအေးဓာတ်ကြောင့် အစာမကြေဖြစ်တတ်ခြင်းကိုပါ ကူညီပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ နေ့စဉ် လိုအပ်တဲ့ အရာတစ်ခုဖြစ်တာကြောင့် ဗီတာမင်စီ ပါဝင်တဲ့ အသီးအနှံကို ပုံမှန် စားပေးပါ။

healthy-gut

Rule 4 အစာကြေအောင် စားပေးပါ

ဆောင်းတွင်းမှာ အဖြစ်များတဲ့ အရာတစ်ခုကတော့ အစာမကြေဖြစ်ခြင်းပါ။ စိတ်ကို ကသိကအောက် ဖြစ်စေတဲ့ အရာတစ်ခုပါပဲ။ ဒါကြောင့် နေ့တိုင်း အစာကြေဖို့ အတွက် အစားအစာတွေကို တစ်ခါတည်း အများကြီး စားခြင်းရှောင်ပါ။ ဒိန်ချဉ်လို အရာမျိုးတွေကို နေ့တိုင်း သောက်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပေးပါ။

blood-sugar-stable

Rule 5 သွေးတွင်းက သကြားဓာတ်ကို ထိန်းပေးပါ

အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို ဦးစားပေး စားပေးပါ။

serotonin-elena

Rule 6 သတ္တုဓာတ် ပါဝင်မှုများတဲ့ အစားအစာကို စားပါ

တိုဖူး၊ ပဲမျိုးစုံတို့ကို စားပေးပါ။ ဟင်းနုနွယ်ရွက်၊ ကိုက်လန်နဲ့ ရေညှိလို အစားအစာတွေကို ဦးစားပေး စားပေးပါ။