Tips & Stories | ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ဆီးချိုးရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် သင်မသိသေးတဲ့ ရွှေဖရုံစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

December 22, 2016

ဆီးချိုးရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် သင်မသိသေးတဲ့ ရွှေဖရုံစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ


Share this on:

ရွှေဖရုံစေ့တွေမှာ အဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။

using-pumpkin-seed-oil-for-hair-growth-300x272

Prostate ဆီးကျိတ်

ရွှေဖရုံစေ့က အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် တကယ်ကို အကျိုးကျေးဇူးများတဲ့ အစားအစာပါ။ ဘာလို့လဲဆိုတော့ ရွှေဖရုံစေ့မှာ Zince(သွပ်) ပါဝင်မှုမြင့်မားပြီး ဆီးကျိတ်ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြုပါတယ်။ သုတေသီတွေကတော့ ရွှေဖရုံစေ့ဆီနဲ့ ရွှေဖရုံစေ့တွေမှာ ဆီးကျိတ်ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ အကြံပြုထားပါတယ်။

bph-treatment-020913

ဆီးချိုရောဂါ

လေ့လာသူတွေက ရွှေဖရုံစေ့မှာ Insulin ရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်ပြီး စိတ်ဖိစီးမှုကို လျှော့ကျစေတာကြောင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

maxresdefault-1

သွေးဆုံးပြီး အမျိုးသမီးများ

ရွှေဖရုံစေ့ကနေထုတ်တဲ့ အဆီက Phytoestrogens ဓါတ်ပါဝင်တာကြောင့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ သွေးပေါင်ကျတာ၊ ကိုယ်အပူချိန်တက်တာ၊ ခေါင်းကိုက်တာ၊ အဆစ်တွေနာတာ တွေနဲ့ တခြား လက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

menopause-women

နှလုံးနှင့် အသည်း

ရွှေဖရုံစေ့မှာ ကျန်းမာစေတဲ့ အဆီဓါတ်တွေ၊ ဓါတ်တိုးဆန့်ကျင့်တဲ့ဓါတ်တွေ၊ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးနဲ့ အသည်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

heart-and-liver

အဆစ်ရောင်ခြင်း

ရွှေဖရုံစေ့မှာ ရောင်ရမ်းခြင်းကိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေပါဝင်နေတာကြောင့် အဆစ်ရောင်တာတွေကို ကုသပေးနိုင်ပါတယ်။ ရွှေဖရုံစေ့အဆီနဲ့ အစေ့ရောင်တဲ့နေရာမှာ လိမ်းပေးတာဟာ ဘေးထွက်ဆိုးကျိုးလည်းမရှိဘဲ ထိရောက်မှုရှိပါတယ်။

joint-pain

ဘယ်လိုစားမလဲ

ရွှေဖရုံစေ့ကို တစ်နေ ၈ စေ့ စားပေးပါ။ ရွှေဖရုံစေ့ကိုစားရမှာ ဒီအတိုင်း အစိမ်းစားသင့်ပါတယ်။ ဖရုံစေ့ကို ၀ယ်ရာမှာလည်း လတ်လတ်ဆတ်ဆတ်ရှိမရှိ သေချာကြည့်ပြီးမှဝယ်ယူပါ။ အော်ဂဲလ်နစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ရွှေဖရုံသီးရဲ့ အစေ့ကို စားသုံးပေးဖို့ ညွှန်းဆိုပါရစေ။

 

Review

User Rating

4 (5 Votes)