တခါတလေ အတိတ်ကို ပြန်ကြည့်ရတာ၊ လေ့လာရတာ ပျော်ဖို့ကောင်းပါတယ်။ အရင်ခေတ် လေကြောင်းလိုင်းတွေ စီးပွားရေးကောင်းစဉ်က လေယာဉ်ပေါ်မှာ ကျွေးခဲ့တဲ့ အစားအစာတွေကို လေ့လာကြည့်ရအောင်။

ဒီမှာ ဖော်ပြထားတဲ့ အစားအစာတွေက ၁၉၅၀ ကနေ ၁၉၈၀ကြား လေယာဉ်ပေါ်မှာ ရိုက်ကူးခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။

လေယာဉ်လုံခြုံရေးတွေကလည်း အရမ်းမတင်းကြပ်သေးတော့ လေယာဉ်ပေါ်မှာ ဓားတွေ သယ်လို့ရပါတယ်။ အခုတော့ ဓားတွေသယ်လို့မရတော့ပါဘူး။

ပထမတန်းစား ခရီးသည်တွေကို လတ်ဆတ်တဲ့ ငါးတွေ၊ အသားကင်တွေ ကို ကျွေးလေ့ရှိပါတယ်။ အအေးတွေ၊ အရက်တွေကိုလည်း တကယ့် ဖန်ခွက်နဲ့ ၀န်ဆောင်မှုပေးပါတယ်။

၁၉၆၀ပြည့်နှစ်လောက်တုန်းက လေယာဉ်ပေါ်မှာ လက်ဖက်ရည် Set ၁ ခုလုံးကို လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ ကိတ်မုန့်နဲ့တိုက်လေ့ရှိပါတယ်။

အသီးစားကြဦးမလား?

1960 ပြည့်နှစ်တုန်းက Economy Classမှာ ကျွေးတဲ့ အစားအစာတွေပါ။

တချို့လေယာဉ်တွေဆိုရင် ရှန်ပိန်တောင် တိုက်ပါသေးတယ်။

1980 ပြည့်နှစ်တွေမှာ Business Class ခရီးသည်တွေကို ကျောက်ပုစွန်ဟင်းလျာတွေပါ ကျွေးခဲ့ပါတယ်။

ပုစွန်ထုပ် ဟင်းလျာတွေလည်း ကျွေးခဲ့ပါတယ်။