ရေသောက်ခြင်းက ကျောက်ကပ်၊ အသည်းနဲ့ နှလုံးကျန်းမာရေးကိုဘဲ အဓိကအကျိုးရှိတယ်လို့ ထင်နေကြတာများပါတယ်။

တကယ်တမ်းကျတော့ သင်သောက်လိုက်တဲ့ရေနဲ့ ဦးနှောက်နဲ့ကလည်း ဆက်စပ်မှုရှိပါတယ်။

ဒါ့ကြောင့်တစ်နေ့ကို ရေ အနည်းဆုံး ၇ ခွက်၊ ၈ ခွက်လောက်သောက်သုံးသင့်တာပါ။ သင်ရေသောက်လိုက်ရင်

သင့်ဦးနှောက် အလုပ်လုပ်တာ ပိုမြန်လာ

ဦးနှောက် မှန်မှန်ကန်ကန်နဲ့ အလုပ်လုပ်ဖို့အတွက်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ပြည့်၀၀ရှိနေဖို့လိုအပ်ပါတယ်။

မနက်မိုးလင်းအိပ်ယာနိုးတာနဲ့ ရေသောက်ဖို့ လိုအပ်ပါတယ်။ မနက်မိုးလင်းအိပ်ယာနိုးချိန်မှာ ဦးနှောက်ဆဲလ်တွေက ရေဓာတ်ကို လိုအပ်နေပါပြီ။ သင်က ၇ နာရီကနေ ၉ နာရီကြား အိပ်ထားတာကြောင့် ရေဓာတ်တွေ ဆုံးရှုံးနေပါတယ်။

အသက်ပြင်းပြင်းရှုလိုက်တိုင်း ခန္ဓာကိုယ်ထဲက ရေဓာတ်တွေဆုံးရှုံးသွားပါတယ်။ ဒါ့ကြောင့်မနက်မိုးလင်းမှာ ရေတစ်ခွက် ၀၀သောက်ဖို့ လိုအပ်တာပါ။

အာရုံစိုက်မှုပိုကောင်းလာ

ရေဓာတ်ခမ်းခြောက်လာရင် ခေါင်းမူးလာတတ်ပါတယ်။ အာရုံစိုက်လို့မရတော့ပါဘူး။ အဲ့ထက်ပိုဆိုးလာရင် ဦးနှောက် မှတ်ဉာဏ်တွေကိုပါ ထိခိုက်လာပါတယ်။

ဒါ့ကြောင့် အလုပ်လုပ်နေချိန်မှာ ရေ၁ ဗူးသို့မဟုတ် ရေ၁ ခွက်ဘေးနားမှာထားပြီးသောက်ပေးရင် အာရုံစိုက်မှုပိုကောင်းလာမှာပါ။ အနည်းဆုံး ၄၅ မိနစ်ကြားတစ်ခါ ရေသောက်ပေးပါ။

စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို မျှတအောင် လုပ်ဆောင်ပေး

ဒေါသထွက်၊ စိတ်ဆိုးနေရင် ရေသောက်လိုက်ရင် သက်သာသွားတာကို ခံစားမိကြမှာပါ။

ရေက ဦးနှောက်ထဲက အပူချိန်ကိုထိန်းညှိပေးပြီး အဆိပ်အတောက်တွေနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်ပေးနိုင်ပါတယ်။

ဦးနှောက်မှတ်ဉာဏ်ကိုကောင်းစေ

ရေသောက်မှန်တဲ့သူက အသက်အရွယ်ကြောင့် သတိမေ့တတ်တာ၊ မှတ်ဉာဏ်မကောင်းတာတွေကို လျော့ပါးနိုင်ပါတယ်။