ပျားဝတ်မှုန်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်အားလုံးနီးပါး ပါဝင်နေပါတယ်။ သဘာ၀ ဘက်တီးရီးယား၊ မှို တိုက်ဖျက်ရေးဓာတ်တွေနဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်း၊ အင်ဇိုင်းနဲ့ အက်ဆစ်ဓာတ်တွေစသည်ဖြင့်ပါဝင်နေပါတယ်။

ရောင်ရမ်းတာကို လျော့ကျစေ

ပျားဝတ်မှုန်မှာ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းတာကို လျော့ကျစေပြီး အလက်ဂျစ်ကိုလည်း ကုသပေးနိုင်ပါတယ်။

Antioxidants တွေများစွာပါဝင်

Antioxidants များစွာပါဝင်တာကြောင့် ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်ပြီး အထူးသဖြင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အသည်းကို ကာကွယ်ပေး

၂၀၀၃ ခုနှစ်က ပျားဝတ်မှုန်က အသည်းကို အဆိပ်အတောက်တွေ လျော့ချကင်းစင်အောင် လုပ်ပေးနိုင်စွမ်းကိုလေ့လာခဲ့ပါတယ်။ အဆိပ်အတောက်တွေကြောင့် အသည်းပျက်စီးမှုကို ကုသနိုင်ပြီး အသည်းရောဂါကို ကာကွယ်ပေးတာကို တွေ့ရှိခဲ့ပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပြီး စိတ်ဖိစီးမှုကို လျော့ချပေး

ပျားဝတ်မှုန်မှာ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတဲ့ ဓာတ်တွေတွေ့ရှိခဲ့သလို စိတ်ဖိစီးမှုကိုလည်း လျော့ချပေးပါတယ်။