၀က်ခြံတွေ ပျောက်ဖို့၊ အမည်းစက်တွေ ပျောက်ဖို့ဆိုပြီး ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ ဘယ်လောက် ဝယ်ခဲ့ပြီးပြီလဲ။

အမေရိကန်ပြည်ထောင်စုက အရေပြားအထူးကုဆရာဝန်ကတော့ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ ဝက်ခြံတွေ ၊ အစက်အပျောက်တွေ ပျောက်ဖို့ ဈေးကြီးတဲ့ ပစ္စည်းတွေ သုံးစရာမလိုဘူးလို့ ဆိုပါတယ်။

အဓိက ပြောင်းလဲရမှာက သင်စားသုံးနေတဲ့ အစားအသောက်တွေဘဲဖြစ်ပါတယ်။

မျက်နှာပေါ်က ဝက်ခြံနဲ့ အမည်းစက်တွေကို အစားအသောက်နဲ့ ကုသမယ်

ဝက်ခြံတွေ

အဆီပြန်တဲ့ အသားအရေရှိသူတွေက ဝက်ခြံပိုထွက်ပါတယ်။

ဒါကြောင့် Polyunsaturated Fatty အက်ဆစ်ပါတဲ့ အစားအစာတွေကို စားပေးရင် ဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေပါတယ်။

အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာအသီးတွေ၊ ရေညှိနဲ့ ပင်လယ်စာတွေကို စားပေးသင့်ပါတယ်။

15706010-7650810-0-4ImageCollage-article6-0-1502457003-1502457008-0-1503729743-0-1503767820-1503767822-650-1-1503767822-650-32e9147584-1503902387

အစက်အပြောက်တွေ

မှည့်ခြောက်လိုလို မျက်နှာပေါ်မှာ အစက်အပြောက်တွေ များနေရင် ခန္ဓာကိုယ်မှာ ဗီတာမင်တွေ ချို့တဲ့ လို့ဖြစ်ပါတယ်။

tomato

ဘာတွေစားရမလဲ

ဗီတာမင် စီ၊ E နဲ့ Antioxidants ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ အချဉ်ဓာတ်ပါတဲ့အသီး (လိမ္မော်သီး၊ သံပုရာသီး၊သံပုယိုသီး စသည်)၊ စတော်ဘယ်ရီ၊ ကီဝီ၊ ခရမ်းချဉ်သီး စတာတွေကို စားပေးဖို့လိုပါတယ်။ ဒီအသီးတွေက ဗီတာမင်ဓာတ်ကိုဖြည့်တင်းကာ မျက်နှာပေါ်က အစက်အပြောက်တွေကို ပျောက်ကင်းစေပါတယ်။

အစက်အပြောက်တွေက နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေ ကာကွယ်ဖို့ Antioxidants ပါဝင်မှုများတဲ့ ဘယ်ရီသီးများ၊ Grapefruits၊ နာနတ်သီး၊ ဂေါ်ဖီထုပ်၊ ငရုတ်သီး တို့ကို စားပေးရပါမယ်။