[Unicode]

ညောင်ပင်မျိုးနွယ်ဝင်ဖြစ်ပြီး အသီးရဲ့ အပြင်ပုံစံကတော့ အပေါ်ပိုင်းမှာသေးသွယ်ပြီး အောက်ခြေကားပါတယ်။ အရောင်က အစိမ်းရောင်၊ ခရမ်းရောင် ၊ အညိုရောင် ၊ အဝါရောင် ၊ နီညိုရောင်၊ အမည်းရောင် ဆိုပြီး မျိုးစုံရှိပါတယ်။ အသီးရဲ့ ထူးခြားချက်ကတော့ ပန်းပွင့်က အသီးထဲမှာရှိပါတယ်။

figs_getty2400-56a496c75f9b58b7d0d7b522

အသီးပျော့ပြီး အခွံပါးတယ်။ ဒါ့ကြောင့် မှည့်တာနဲ့ ပျော့ပြဲလွယ်တဲ့အသီးဖြစ်ပါတယ်။ အမှည့်ကို လတ်လတ်ဆတ်ဆတ် ဒီအတိုင်းစားသုံးကြပေမယ့် ယိုထိုးစားကြတာများပါတယ်။ တောထဲမှာ အလေ့ကျပေါက်ရောက်တတ်တဲ့အသီးဖြစ်ပါတယ်။ အချိုသီးနဲ့ အချဉ်သီး ၂ မျိုးရှိပါတယ်။

မြန်မာနိုင်ငံရှိ သစ်တောတိုင်းလိုလိုမှာ ကတွတ်ပင်ကို တွေ့ရလေ့ရှိပြီး အထူးသဖြင့်တော့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ ပိုတွေ့ရလေ့ရှိတယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။

အသီးရဲ့ သမိုင်းကြောင်း

အာရှ အနောက်တောင်ပိုင်းမှာ အလေ့ကျ စတင်ပေါက်ရောက်ခဲ့တဲ့အသီးဖြစ်ပါတယ်။ အာရှ အနောက်တောင်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်က လူသားတွေ စတင်စိုပျိုးလာခဲ့ကြပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူး

6-Seeds-Pack-font-b-Fig-b-font-font-b-Tree-b-font-font-b-Plant

ဝမ်းချုပ်မှုကို ကာကွယ်ပေးပါတယ်။

အသီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာ တိုက်ဖျက်ပေးနိုင်တယ်။

ကျန်းမာရေးပြဿနာ အမျိုးမျိုးအတွက် ရိုးရာဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ လေ့လာတွေ့ရှိချက်အရ ကတွတ်သီးမှာ ဖျားနာမှုကို တိုက်ဖျက်ပေးတဲ့ Bioactive ကွန်ပေါင်းဓါတ်ပါဝင်ပြီး ကင်ဆာဆဲလ်တွေကိုလည်း သေစေနိုင်တယ်လို့ ဆိုပါတယ်။ အမျှင်ဓါတ်ကလည်း အူမကြီးကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုကနေကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုအတွက်ကောင်းမွန်တယ်။

Common-fig

အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ ဆီးချို ထိန်းချုပ်ပေးနိုင်တဲ့အသီးဖြစ်ပါတယ်။

သွေးတိုးကာကွယ်ပေးခြင်း

လူတွေဟာ ဆားစားသုံးနေလို့ ဆိုဒီယမ်ဓါတ်အများအပြားစားသုံးမိကြပေမယ့် ပိုတက်ဆီယမ်ဓါတ်စားသုံးမှုနည်းကြပါတယ်။ ဆိုဒီယမ်ဓါတ်များရင် သွေးတိုးပါတယ်။ ကတွတ်သီးမှာတော့ ပိုတက်ဆီယမ်ဓါတ်မြင့်မားပြီး ဆိုဒီယမ်ဓါတ်နည်းနည်းပဲပါလို့ သွေးတိုးသမားတွေအတွက်ကောင်းမွန်ပါတယ်။

ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်း

ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ အအေးမိဖျားနာ အလွယ်တကူမဖြစ်စေပါဘူး။

ဘေးထွက်ဆိုးကျိုးတချို့

Fig

အသီးကို အလွယ်တကျွံစားသုံးမယ်ဆိုရင် အစာအိမ်နာတာမျိုးဖြစ်စေပါတယ်။ အသီးစားချိန်မှာ ရေများများသောက်ပါ။ အသည်းကိုထိခိုက်စေပါတယ်။ အဓိကအားဖြင့် အစေ့က အသည်းကိုထိခိုက်စေပါတယ်။ အလွန်အကျွံစားမယ်ဆိုရင် သတိထားပါ။ သကြားဓါတ်လျှော့နည်းစေလို့ ဆီးချိုသမားတွေအတွက်ကောင်းပါတယ်။ ဒါပေမယ့် သွေးတွင်းမှာ သကြားဓါတ်နည်းတဲ့သူတွေအတွက်တော့ မစားသင့်ပါဘူး။ အရေပြားဓါတ်မတည့်ရှိသူတွေ မစားခင်မှာ အရင်ကိုယ်နဲ့ တည့်မတည့် စမ်းကြည့်ပါ။

[Zawgyi]

ေညာင္ပင္မ်ိဳးႏြယ္၀င္ျဖစ္ၿပီး အသီးရဲ႕ အျပင္ပံုစံကေတာ့ အေပၚပိုင္းမွာေသးသြယ္ၿပီး ေအာက္ေျခကားပါတယ္။ အေရာင္က အစိမ္းေရာင္၊ ခရမ္းေရာင္ ၊ အညိဳေရာင္ ၊ အ၀ါေရာင္ ၊ နီညိဳေရာင္၊ အမည္းေရာင္ ဆိုၿပီး မ်ိဳးစံုရွိပါတယ္။ အသီးရဲ႕ ထူးျခားခ်က္ကေတာ့ ပန္းပြင့္က အသီးထဲမွာရွိပါတယ္။

figs_getty2400-56a496c75f9b58b7d0d7b522

အသီးေပ်ာ့ၿပီး အခြံပါးတယ္။ ဒါ့ေၾကာင့္ မွည့္တာနဲ႔ ေပ်ာ့ၿပဲလြယ္တဲ့အသီးျဖစ္ပါတယ္။ အမွည့္ကို လတ္လတ္ဆတ္ဆတ္ ဒီအတိုင္းစားသံုးၾကေပမယ့္ ယိုထိုးစားၾကတာမ်ားပါတယ္။ ေတာထဲမွာ အေလ့က်ေပါက္ေရာက္တတ္တဲ့အသီးျဖစ္ပါတယ္။ အခ်ိဳသီးနဲ႔ အခ်ဥ္သီး ၂ မ်ိဳးရွိပါတယ္။

ျမန္မာႏိုင္ငံရွိ သစ္ေတာတိုငး္လိုလိုမွာ ကတြတ္ပင္ကို ေတြ႔ရေလ့ရွိၿပီး အထူးသျဖင့္ေတာ့ ျမန္မာႏိုင္ငံ ေအာက္ပိုင္းမွာ ပိုေတြ႔ရေလ့ရွိတယ္လို႔ ျမန္မာ့စြယ္စံုက်မ္းမွာ ေဖာ္ျပထားပါတယ္။

အသီးရဲ႕ သမိုင္းေၾကာင္း

အာရွ အေနာက္ေတာင္ပိုင္းမွာ အေလ့က် စတင္ေပါက္ေရာက္ခဲ့တဲ့အသီးျဖစ္ပါတယ္။ အာရွ အေနာက္ေတာင္ပိုင္းမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀၀ ေက်ာ္က လူသားေတြ စတင္စို္ပ်ိဳးလာခဲ့ၾကပါတယ္။

က်န္းမာေရးအက်ိဳးေက်းဇူး

6-Seeds-Pack-font-b-Fig-b-font-font-b-Tree-b-font-font-b-Plant

၀မ္းခ်ဳပ္မႈကို ကာကြယ္ေပးပါတယ္။

အသီးမွာ အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ အစာေခ်စနစ္ကို ေကာင္းမြန္ေစၿပီး ၀မ္းခ်ဳပ္ျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။

ကင္ဆာ တိုက္ဖ်က္ေပးႏိုင္တယ္။

က်န္းမာေရးျပႆနာ အမ်ိဳးမ်ိဳးအတြက္ ရိုးရာေဆးအျဖစ္ အသံုးျပဳခဲ့ၾကပါတယ္။ ေလ့လာေတြ႔ရွိခ်က္အရ ကတြတ္သီးမွာ ဖ်ားနာမႈကို တိုက္ဖ်က္ေပးတဲ့ Bioactive ကြန္ေပါင္းဓါတ္ပါ၀င္ၿပီး ကင္ဆာဆဲလ္ေတြကိုလည္း ေသေစႏိုင္တယ္လို႔ ဆိုပါတယ္။ အမွ်င္ဓါတ္ကလည္း အူမႀကီးကင္ဆာအပါအ၀င္ ကင္ဆာအမ်ိဳးမ်ိဳး ျဖစ္ပြားမႈကေနကာကြယ္ေပးႏိုင္ပါတယ္။

ဆီးခ်ိဳအတြက္ေကာင္းမြန္တယ္။

Common-fig

အမွ်င္ဓါတ္ေတြ ၾကြယ္၀စြာပါ၀င္လို႔ ဆီးခ်ိဳ ထိန္းခ်ဳပ္ေပးႏိုင္တဲ့အသီးျဖစ္ပါတယ္။

ေသြးတိုးကာကြယ္ေပးျခင္း

လူေတြဟာ ဆားစားသံုးေနလို႔ ဆိုဒီယမ္ဓါတ္အမ်ားအျပားစားသံုးမိၾကေပမယ့္ ပိုတက္ဆီယမ္ဓါတ္စားသံုးမႈနည္းၾကပါတယ္။ ဆိုဒီယမ္ဓါတ္မ်ားရင္ ေသြးတိုးပါတယ္။ ကတြတ္သီးမွာေတာ့ ပိုတက္ဆီယမ္ဓါတ္ျမင့္မားၿပီး ဆိုဒီယမ္ဓါတ္နည္းနည္းပဲပါလို႔ ေသြးတိုးသမားေတြအတြက္ေကာင္းမြန္ပါတယ္။

ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစျခင္း

ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစလို႔ အေအးမိဖ်ားနာ အလြယ္တကူမျဖစ္ေစပါဘူး။

ေဘးထြက္ဆိုးက်ိဳးတခ်ိဳ႕

Fig

အသီးကို အလြယ္တကၽြံစားသံုးမယ္ဆိုရင္ အစာအိမ္နာတာမ်ိဳးျဖစ္ေစပါတယ္။ အသီးစားခ်ိန္မွာ ေရမ်ားမ်ားေသာက္ပါ။ အသည္းကိုထိခိုက္ေစပါတယ္။ အဓိကအားျဖင့္ အေစ့က အသည္းကိုထိခိုက္ေစပါတယ္။ အလြန္အကၽြံစားမယ္ဆိုရင္ သတိထားပါ။ သၾကားဓါတ္ေလွ်ာ့နည္းေစလို႔ ဆီးခ်ိဳသမားေတြအတြက္ေကာင္းပါတယ္။ ဒါေပမယ့္ ေသြးတြင္းမွာ သၾကားဓါတ္နည္းတဲ့သူေတြအတြက္ေတာ့ မစားသင့္ပါဘူး။ အေရျပားဓါတ္မတည့္ရွိသူေတြ မစားခင္မွာ အရင္ကိုယ္နဲ႔ တည့္မတည့္ စမ္းၾကည့္ပါ။