အစာအိမ်ရောင်ရမ်းခြင်းဆိုတာက အစာအိမ်ထဲက အတွင်းမျက်နှာပြင်တွေ ရောင်ရမ်းတာဖြစ်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ အရက်စတာတွေကြောင့် အစာအိမ်ရောင်ရမ်းတာဖြစ်စေနိုင်ပါတယ်။

အစာအိမ်အတွင်းမှာ အစာကို ခြေဖျက်ပေးတဲ့အက်ဆစ် အရည်များရှိပြီး အဲ့ဒီ အက်ဆစ်တွေက အစာအိမ် နံရံကို တိုက်စားချေဖျက်ပစ်နိုင်ပါတယ်။ အဲ့လို တိုက်စားချေဖျက်မခံရဖို့ အစာအိမ်နံရံမှာ အကျိအချွဲတွေနဲ့ ကာကွယ်ထားပါတယ်။

အဲ့ဒီ အကာအရံများ ပျက်စီးသွားရင၊ အားပျော့သွားရင် အစာအိမ်ရောင်ရမ်းခြင်းဖြစ်လာပါတယ်။

Gastritis

အစာအိမ်ရောင်ရမ်းခြင်းမှာ ရုတ်တရပ် အစာအိမ်နာခြင်းနဲ့ နာတာရှည် အစာအိမ်နာခြင်းရှိပြီး အစာအိမ်အနာဖြစ်ရာကနေ အစာအိမ် ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ နာတာရှည်ဖြစ်နေရင် ဆေးကုသမှု အမြန်ဆုံးခံယူူသင့်ပါတယ်။

ငှက်ပျောသီး

6 Good Reasons to Eat a Banana Today

ငှက်ပျောသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေကာ အစာအိမ်နာတာကို သက်သာစေပါတယ်။

နူးညံ့ပြီး၊ အဆီပါဝင်မှုနည်းတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်ပြီး အစာအိမ်ရဲ့ pH အဆင့်ကို ထိန်းညှိပေးပါတယ်။

ဗီတာမင် A၊ C၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ဓာတ်တို့ပါဝင်တာကြောင့် အစာအိမ်ရဲ့ အကျိအချွဲနံရံတွေကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။

သင်္ဘောသီး

AN246-Papaya-732x549-Thumb

သင်္ဘောသီးကလည်း အစာအိမ် ရောင်ရမ်းမှု၊ အက်ဆစ်တွေ အထက်ဆန်တက်တဲ့ ရောဂါ (Heart Burn) အတွက် ကောင်းမွန်တဲ့အသီးပါ။

အမျှင်ဓာတ်၊ အစာခြေ အင်ဇိုင်းဓာတ်တွေအတွက်ကောင်းပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။

ဝမ်းဗိုက်ထဲမှာ ပူနေတာ၊ ရောင်ရမ်းနေရင်လည်း စားသုံးသင့်ပါတယ်။

နေ့စဉ် ၂စိတ်၊ ၃ စိတ်လောက် စားပေးပါ။

သင်္ဘောသီးကို သဘာ၀ ဒိန်ချဉ်လေးနဲ့ ရောစားပေးပါ။

ekadashi-recipes-fresh-papaya