တချို့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက ချက်ပြုတ်တာနဲ့ အစိမ်းစားရင် ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပိုများတာကို တွေ့ရပါတယ်။

တခါတလေ အပူချိန်ကြောင့် တချို့ အာဟာရဓာတ်တွေက ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါပေမယ့် ဓာတု ဆေးဝါးမသုံးထားတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C, ကယ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ တခြား အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။

ကင်ဆာ ရောဂါဖြစ်ပွားမှု၊ နှလုံးရောဂါနဲ့ ခုခံအားကျဆင်းမှု ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ Sulforaphane ဓာတ်ပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာထုတ်ဝေတဲ့ စိုက်ပျိုးရေးနဲ့ အစားအသောက် ဓာတု မဂ္ဂဇင်းတစ်ခုက ပြုလုပ်တဲ့ သုတေသနတစ်ခုအရ ပန်းဂေါ်ဖီစိမ်းကို အစိမ်းစားရင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပိုပြီး ရရှိပါတယ်။

beets

နိုကိုဥ (Beets)

နိုကိုဥ (Beets) မှာ သဘာ၀ သကြားဓာတ်တွေနဲ့ အာဟာရဓာတ်တွေအများကြီး ပါဝင်ပါတယ်။ သူ့မှာ ဗီတာမင် A,B နဲ့ C တို့ပါဝင်ပြီး သတ္တုဓာတ်တွေဖြစ်တဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ သတ္တုဓာတ်တို့ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

တစ်ပတ်ကို ၂ခါလောက် ပုံမှန်စားပေးရင် ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး၊ သွေးလည်ပတ်မှု နဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အကယ်၍ ချက်ပြုတ်လိုက်ရင် ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဖောလစ် အက်ဆစ် 25% လောက် လျော့ပါးသွားပါတယ်။

onions1-500x334

ကြက်သွန်

ကြက်သွန်မှာက Allicin ကွန်ပေါင်းဓာတ်တွေပါဝင်ပြီး ကင်ဆာရောဂါကို ကာကွယ်ပေးပြီး စိုးရိမ်မှုနဲ့ နှလုံးကျန်းမာရေးကို ကာကွယ်ပေးပါတယ်။

အကယ်၍ ဟင်းချက်တဲ့အထဲ ထည့်ချက်လိုက်ရင်တော့ ဒီဓာတ်တွေက လျော့နည်းပျောက်ဆုံးသွားတတ်ပါတယ်။

ဒါကြောင့် ဆလပ်သို့မဟုတ် ဖျော်ရည် ထဲမှာ ထည့်သွင်းပြီးတစ်ပတ်ကို ၁ ကြိမ်လောက်တော့ အစိမ်းစားသုံးသင့်ပါတယ်။

Garlic bulbs850

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ Allicin နဲ့ Antioxidants ဓာတ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်ပါတယ်။

အစိမ်းစားပါက အသည်းကင်ဆာ ဖြစ်ပွားနိုင်မှု ရာခိုင်နှုန်းကို လျော့ချပေးပါတယ်။

ဟင်းချက်လိုက်ရင်တော့ ကြက်သွန်ဖြူမှာပါဝင်တဲ့ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေအများကြီး ပျက်စီးသွားတတ်ပါတယ်။

ဒါကြောင့် ၁ ပတ်မှာ ၁ ကြိမ်လောက်တော့ ကြက်သွန်ဖြူကို လက်ဖက်သုတ်လေးနဲ့ စားတာဘဲဖြစ်ဖြစ် အသုတ်တွေထဲမှာ ထည့်ပြီး အစိမ်းစားပေးသင့်ပါတယ်။

fresh-berries

ဘယ်ရီသီး များ (Berries)

ဘယ်ရီသီးများဖြစ်တဲ့ ဘလူး ဘယ်ရီ၊ စတော်ဘယ်ရီ စတဲ့ ဘယ်ရီသီးတွေကို မနက်ခင်းမှာ ကွေကာအုပ်တွေနဲ့ ရောပြီး စားသုံးကြပါတယ်။

ဒါပေမယ့် ဘယ်ရီသီး အခြောက်တွေက အစိုတွေလောက်တော့ အာဟာရမများကြပါဘူး။ ဘယ်ရီသီးခြောက်တွေက ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေအများကြီး လျော့သွားတတ်ပါတယ်။