အခု ရက်ပိုင်းတွေမှာ မိုးမရွာတဲ့နေ့ဆိုတာ မရှိသလောက်ကို ဖြစ်နေပါပြီ။ တကယ့်ကို မိုးတွင်း အချိန်ကာလမှာ အိမ်မှာ ကော်ဖီတစ်ခွက်ဖျော် စာအုပ်လေး ဖတ်နဲ့ နေလိုက်ရရင်တော့ သုခဘုံပါပဲ။ မိုးတွင်းကာလတွေဟာ အသီးအရွက်တွေ ပေါပြီး အစားအစာတွေ ပေါလှပါတယ်။ ထို့အတူ ရောဂါတွေကလည်း ပေါလှပါတယ်။ တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ တွေဟာ မိုးတွင်းကာလမှာ အနှိပ်စက်ဆုံးပါပဲ။

အစားအစာတွေကို မျှတအောင် စားသင့်တာ မှန်ပေမယ့် မိုးတွင်း အချိန်မှာတော့ အချို့အစားအစာတွေကို ရှောင်သင့်ပါတယ်။ MyFood အနေနဲ့ ရှောင်သင့်တဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

၁။ မိုးတွင်းအချိန်မှာ ပင်လယ်စာတွေကို တတ်နိုင်သမျှ ရှောင်စားသင့်ပါတယ်။ မလတ်ဆတ်တဲ့ ပင်လယ်စာနဲ့ တွေ့တဲ့အခါ အစာအိမ်ကို ဒုက္ခပေးပြီး အစာအဆိပ်သင့်စေပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာတွ ဖြစ်တတ်ပြီး အော့အန်တာတွ ဖြစ်တတ်ပါတယ်။

Source: Wide Open Eats

၂။ အပြင်စာတွေကို တတ်နိုင်သမျှ မစားပါနဲ့။ မိုးတွင်းကာလဟာ ယင်ကောင်ပေါတဲ့ ကာလပါ။ အပြင်စာတွေဟာ သန့်ရှင်းမှု ရာခိုင်နှုန်း စိတ်မချရပါဘူး။ ယင်နားစာတွေ စားမိရင် ဗိုက်အောင့် ဗိုက်နာတာတွေ ဖြစ်တတ်ပြီး ဝမ်းပျက်စေနိုင်ပါတယ်။ မိုးတွင်းမှာတော့ အိမ်မှာ ချက်စားတဲ့ အစားအစာတွေကိုသာ စားသင့်ပါတယ်။

Source: KQED

၃။ မိုးတွင်းမှာ ကျန်းမာစေဖို့ အသီးအရွက်တွေကို များများစားပေးသင့်ပါတယ်။ အသီးအရွက်တွေဟာ ရာသီနာ တုတ်ကွေးကို ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမယ့် သတိထားရမှာက မိုးတွင်းမှာ အသီးအနှံတွေမှာ ပိုးကျတတ်တာမို့ အသီးအရွက်တွေ စားခါနီးရင် ဆားနဲ့ရေခပ်နွေးနွေးမှာ ထည့်ပြီးဆေးသင့်ပါတယ်။ ဒါမှ မမြင်နိုင်တဲ့ ပိုးတွေ သေစေနိုင်ပါလိမ့်မယ်။

၄။ မိုးတွင်းမှာ ဝမ်းပျက်စေမယ့် နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ အချဉ် အစားအစာတွေပါ။ သရက်သီးစိမ်းတို့ မရမ်းပြားတို့ဟာ အခန့်မသင့်ရင် ဗိုက်အောင့်စေနိုင်ပါတယ်။

Source: bongong.com

၅။ မိုးတွင်းဟာ ပိုးမွှားတွေ ပေါက်ဖွားတဲ့ ရာသီဖြစ်တာမို့ ရေစိမ်းကို မသောက်သင့်ပါဘူး။ ဖြစ်နိုင်ရင် ရေကို ကျိုသောက်ပါ။

မိုးတွင်းကာလမှာ ဖြစ်နိုင်ရင် စိုစိစိ ဖြစ်စေမယ့် အစားအစာတွေကို မစားဘဲ အခြောက်အခြမ်းတွေကိုသာ စားသင့်ပါတယ်။ စွပ်ပြုတ်ပူပူ၊ လက်ဖက်ရည်၊ ဂျင်းရည်တို့ကို သောက်ပေးပါ။

Credit: beautyhealthtips.in