ကျန်းမာလျှင် ပျော်ရွှင်ခြင်းဆိုတာ သူ့အလိုလို ဖြစ်ပေါ်လာမြဲပါ။ ကျန်းမာ ညီညွတ်သော အစားအစားကို သင့်လျော်စွာ စားသုံးလျှင်လည်း တင်းတိမ် ပျော်ရွှင်ခြင်း ဆိုတာကို ဖြစ်စေပါတယ်။ ဒါကြောင့် လတ်လတ် ဆတ်ဆတ် လျင်မြန် လုပ်စားလို့ ရမယ့် ဗီတာမင် အစုံလည်း ပါတယ်။ ကာလာလည်း စုံတယ်။ အရသာလည်း တင်းတိမ်စေသော အသီးအရွက်စုံလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

သံလွင်ဆီ – စားပွဲဇွန်း ၁ ဇွန်း ခွဲ

Red Head Lettuce – ၁ ထုပ် (ရေဆေး ရေစစ် တစ်လုပ်စာလေးတွေ လှီးထာပါ)

ဖရဲသီးအလုံးသေး – တစ်ဝက် (အခွံခွာ အံစာတုံးပုံ တစ်လုပ်စာလေးတွေ တုံးထားပါ)

ငရုတ်ပွအဝါရောင် – ၁ ခု ( အစေ့ထုတ် အမြောင်းလိုက်လေးတွေ လှီးထားပါ)

သံလွင်သီး အနက် – ၁ဝ လုံး (အလုံးလိုက်ထည့်ပါ)

သံလွင်သီး အစိမ်း – ၁ဝ လုံး (အလုံးလိုက်ထည့်ပါ)

အီတလီနံနံပင် – ၂ ပင် (ခပ်ကြမ်းကြမ်းလေး လှီးထည့်ပါ)

ချယ်ရီခရမ်းချဉ်သီး – ၁ဝ လုံး (ထက်ခြမ်းခြမ်းထားပါ)

သခွားသီးအလုံးသေး – ၁ လုံး (ပါးပါး အဝိုင်းလေးတွေ လှီးထားပါ)

Balsamico ဗီနီကာ – လိုသလောက် (ကိုယ့်စိတ်ကြိုက် ဆမ်းနိုင်ပါတယ်)

ပြုလုပ်နည်း

အဖုံးလုံပုလင်းထဲ ဆီနဲ့ ဗီနီကာထည့်ပြီး နာနာခလောက်ပါ။

အသီးအရွက်အားလုံးကို စားပွဲတင်ဖန်ဇလုံထဲထည့်ပြီး အားလုံးရောအောင် ခတ်ဖွဖွလေးရောသမပါ။

သုံးဆောင်ရန် ပန်းကန်ထဲ လိုသလောက်ထည့်ပြီး ဆီဗီနီကာကို အရွက်များပေါ်မှာဆမ်းပါ။ ချက်ချင်းသုံးဆောင်ပါ။

ကြွပ်ရွလန်းဆန်းသော အရသာဖြင့် စားပြီး လန်းသွားစေပါမယ်။

Credit: Syi Lwin Foods Garden