မျက်စိကျန်းမာရေးအတွက် ဗီတာမင်တွေ သတ္တုဓာတ်တွေအများကြီးလိုအပ်ပါတယ်။ ကွန်ပျုတာရှေ့မှာ အကြာကြီးထိုင်နေတာမျိုး၊ စိတ်ဖိစီးမှု ၊ ရုတ်တရပ် ကိုယ်အလေးချိန်အများကြီး လျော့ချလိုက်တာမျိုးတွေမှာ မျက်စိအမြင်အားနည်းသွားတတ်ပါတယ်။

ဗီတာမင် A

ဗီတာမင် A ကို Retinol လို့ လူသိများကြပြီး မျက်လုံးသားငယ်အိမ်ရဲ့ အလင်းရောင်အပေါ် တုန့်ပြန်မှုကို အားကောင်းစေတဲ့ ဓာတ်ပါ။ ဒီဗီတာမင်တာ လျော့နည်းရင် အာရုံစူးစိုက်ရခက်လာကာ မျက်လုံးအလွယ်တကူ ညောင်းတာ၊ မှောင်လာတာမျိုး ခံစားရပါတယ်။

ဒါ့ကြောင့် မုန်လာဥနီ၊ Spinach ရွက်၊ နွားနို့၊ ထောပတ်၊ ကြက်ဥအနှစ်စသည်တို့ စားပေးသင့်ပါတယ်။

ဗီတာမင် E

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေမှာ Antioxidants ဓာတ်တွေFolic အက်ဆစ်တွေ သံဓာတ်တွေအများကြီးပါဝင်ပြီး မျက်စိကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

သံပုရာသီး၊ Grapefruit၊ စတော်ဘယ်ရီသီး နဲ့ Raspberries သီးတို့ကို စားပေးသင့်ပါတယ်။

မုန်လာဥနီ၊ ပန်းသီးနဲ့ Spinach ရွက် ဖျော်ရည်

ပါဝင်ပစ္စည်း

မုန်လာဥနီ ၁ လုံး

ပန်းသီး ၁လုံး

Spinach ရွက် ၃ ရွက်

ရေ ၁ ခွက်

ဂျုံဖွဲနု (Wheat Germ)

ပြုလုပ်နည်း

မုန်လာဥနီ၊ ပန်းသီးတို့ကိုသေချာဆေး အစေ့ထုတ်ပါ။ Spinanch ရွက်ကို သေချာဆေးပြီး အားလုံးကို ဖျော်စက်ထဲထည့်ဖျော်ပါ။

အကုန်လုံးသေချာ ကြေညက်သွားရင် ရေထည့်ပြီး မွှေပါ။ နောက်ဆုံးမှာ Spinanch ရွက်နဲ့ ဂျုံဖွဲနု (Wheat Germ) ကိုထည့်ပြီး ဖျော်စက်နဲ့ ထပ်မွှေပြီး သောက်သုံးနိုင်ပါတယ်။ ချက်ချင်းသောက်သုံးပါ။