Tips & Stories | ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ပျားရည် စစ် မစစ် ဒီလိုစမ်းသတ်မယ်

March 20, 2017

ပျားရည် စစ် မစစ် ဒီလိုစမ်းသတ်မယ်

Share this on:

ဈေးထဲမှာ ပျားရည်အစစ်ရမယ်ဆိုပြီး ရောင်းနေကြပေမဲ့ သာမန်သူတစ်ဦးအနေနဲ့ ပျားရည် စစ်မစစ်ကို ဘယ်လိုသိနိုင်မလဲ။

How-to-check-purity-of-honey-at-home

honey-testing

ပျားရည်ကို မ၀ယ်မိခင်မှာ စစ်မစစ် ကိုအရင်စမ်းသတ်ပြီးမှ ၀ယ်စေချင်ပါတယ်။

လက်မနဲ့ စမ်းသတ်မယ်

1_191_post_media_o9CA

ပျားရည်အနည်းငယ်ကို လက်မပေါ် တင်လိုက်ပါ။

ပျားရည်က အလွယ်တကူပဲ ပျံ့သွားတယ် (သို့) အောက်ကို ပြန်ကျသွားတယ်ဆိုရင် ဒါက မစစ်ပါဘူး။

ပျားရည်အစစ်ဆိုရင် လက်မပေါ်မှာ နဂိုအတိုင်းရှိနေမှာပါ။ ဇွန်းနဲ့ စမ်းသတ်လည်းရပါတယ်။

ပျားရည် အစစ်ဆိုရင် တော်ရုံနဲ့ ဇွန်းပေါ်ကနေ ချက်ချင်း အောက်ကို ပြန်ကျမှာမဟုတ်ပါဘူး။

ရေနဲ့ စမ်းသတ်မယ်

how-to-check-purity-of-honey-in-water

ခွက်တစ်လုံးထဲမှာ ရေထည့်လိုက်ပါ။

ပြီးရင် ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်လိုက်ပါ။

ပျားရည်အတုဆိုရင်ဆိုရင် ရေထဲမှာ အလွယ်တကူပျော်ဝင်သွားမှာဖြစ်ပါတယ်။

testing_honey_purity

ပျားရည်အစစ်ဆိုရင်တော့ ရေအောက်ကို နစ်မြုပ်သွားပြီး တော်ရုံနဲ့ မပျော်ဝင်ပါဘူး။

မီးနဲ့ စမ်းသတ်မယ်

maxresdefault

အော်ဂဲလ်နစ် ပျားရည်က မီးလောင်လွယ်တယ်ဆိုတာ သင်သိပါသလား။ ၁၀၀ % သန့်စင်တဲ့ အော်ဂဲလ်နစ်ပျားရည်ဟုတ်မဟုတ်သိရဖို့ စမ်းသတ်လို့ရပါတယ်။

သစ်သားခြောက် အသေးတစ်ခု (သို့) နားဂျက်တံကိုယူပါ။

test-real-honey

ပြီးရင် ပျားရည်နဲ့ တို့လိုက်ပါ။ (သို့) ပျားရည် နည်းနည်းတင်ကြည့်ပါ။

ပြီးရင် မီးရှို့ပေးလိုက်ပါ။

ပျားည်အသစ်ဆိုရင် မီးလောင်သွားပါမယ်။ ပျားရည်အတုဆိုရင်တော့ တခြားအစိုဓါတ်တွေပါဝင်လို့ မီးလောင်မှာမဟုတ်ပါဘူး။

Review

User Rating

3.8 (12 Votes)