လူတိုင်းဟာ ကျန်းမာပြီး အသက်ရှည်စွာ နေထိုင်ဖို့ ဆန္ဒရှိကြပါတယ်။ ကျန်းမာစွာ နေထိုင်ဖို့ဆိုတာ အစားအသောက်၊ အနေအထိုင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)ရဲ့ ဆောင်းပါးလေးကို ပြန်လည် မျှဝေပေးလိုက်ရပါတယ်။

Fruits and vegetables

(၁) အသီးအရွက်များကို သက်တံလို အရောင်စုံအောင် စားပါ

အသီးအရွက်တွေကို အရောင်စုံအောင် စားသုံးတာက နာတာရှည် ရောဂါတွေ ဖြစ်ပွားမှုကို တားဆီးနိုင်ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ကာ သက်ရှည် ကျန်းမာစေပါတယ်။ အသီးအရွက်တွေ အရောင်စုံအောင် စားသုံးတာက ရောဂါမျိုးစုံကို တိုက်ထုတ်ပေးမယ့် မတူညီတဲ့ အာဟာရဓာတ်တွေနဲ့ အင်တီအောက်ဆီးဒင့်တွေကို ရရှိစေပါတယ်။ နက်ပြာရောင် ဘလူးဘယ်ရီသီးကနေ အန်သိုဆိုင်ရာနင်ကို ရရှိပြီး ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ရာမှာ ကူညီပေးပါတယ်။
လိမ္မော်ရောင် မုန်လာဥနီကနေ ဘီတာကယ်ရိုတင်းကို ရရှိပြီး ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ အသီးအရွက်တွေကို သက်တံလို အရောင်စုံအောင် နေ့စဉ်စားဖို့ဆိုရင် ဈေးဝယ်တဲ့အခါ အရောင်မတူညီတဲ့ အသီးအရွက် နှစ်မျိုး၊ သုံးမျိုးကို ရွေးချယ်ဝယ်ယူပြီး ထမင်းအနပ်တိုင်းမှာ တစ်မျိုးမဟုတ် တစ်မျိုး ပါဝင်အောင်စားပါ။

fish

(၂) ငါး စားပါ

အိုမီဂါ-၃ အဆီတွေဖြစ်တဲ့ အီကိုဆာပန်တနောရစ် အက်စစ် (EPA) နဲ့ ဒိုကိုဆာဟက်စနောရစ် အက်စစ် (DHA) တွေက အရွယ်တင် နုပျိုစေဖို့ များစွာ အထောက်အကူ ဖြစ်စေပါတယ်။ ဆန်ဖရန်စစ္စကို ဆေးရုံကြီးမှ နှလုံးရောဂါကု ပါရဂူ ဒေါက်တာ ရေမန်ဖာဇန်နက်ဖာနဲ့အဖွဲ့ကပြုလုပ်တဲ့ သုတေသနမှာ EPA နဲ့ DHA တွေက ခရိုမိုဇုမ်းအဆင့်အထိ ရင့်ရော်မှု မဖြစ်အောင် လုပ်ဆောင်ပေးတယ်လို့ တွေ့ရှိပြီး သူတို့ရဲ့ တွေ့ရှိချက်ကို ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ သွေးတွင်းမှာ EPA နဲ့ DHA တွေ မြင့်မားစွာ ရှိနေပါက နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး ခရိုမိုဇုမ်းတွေရဲ့ ကြီးရင့်မှုကိုလည်း နှေးကွေးစေတယ်လို့ ဆိုပါတယ်။ EPA နဲ့ DHA တွေကို အဆီများတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါးနဲ့ ဆာဒင်းငါးတွေကနေ ရရှိနိုင်ပါတယ်။ သင်က ငါးကို ကြိုက်နှစ်သက်မှု မရှိပါက EPA နဲ့ DHA ရရှိအောင် ဖြည့်စွက် သောက်သုံးပါ။
Woman Laughing

(၃) သွားကြားပွတ်ကြိုး သုံးပါ

သွားကြားပွတ်ကြိုး အသုံးပြုတာက သွားဖုံးအတွက် သက်ရှည် ကျန်းမာဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။ သွားကြားပွတ်ကြိုးကို တစ်နေ့တစ်ကြိမ် အသုံးပြုတာက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး သွားဖုံးရောင်တာနဲ့ သွားပိုးပေါက် ဖြစ်တာတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အဲဒီဘက်တီးရီးယားတွေက သွေးကြောကတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး ရောင်ရမ်းမှုတွေ ဖြစ်စေပါတယ်။ အဲဒီကိုယ်တွင်း ရောင်ရမ်းမှုတွေက နှလုံးနဲ့သွေးကြော ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။
သွားကြားပွတ်ကြိုး အသုံးပြုပြီး သွားကြားမှာ ကပ်ငြိနေတဲ့ အစာတွေကို ဖယ်ရှားလိုက်ပြီး ဘက်တီးရီးယား ပေါက်ပွားမှုကို ဟန့်တားနိုင်ပါတယ်။
သွားဘက်ဆိုင်ရာ ဆေးပညာဂျာနယ်ရဲ့ လေ့လာမှုအရ နေ့စဉ်သွားကြားပွတ်ကြိုး အသုံးပြုသူတွေဟာ အသုံးမပြုသူတွေထက် သွေးတွင်း ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ခြေ ၈၆ ရာခိုင်နှုန်း လျော့နည်းစေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

japanese-green-tea

(၄) လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ

လက်ဖက်စိမ်း လက်ဖက်ရည် သောက်ရုံနဲ့ ကင်ဆာကို တိုက်ထုတ်နိုင်တယ်လို့ မဆိုနိုင်ပေမယ့် သက်ရွယ်ကြီးရင့်မှုကိုတော့ တားဆီးနိုင်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်ထဲမှာ အင်တီအောက်ဆီးဒင့် အက်ပီဂယ်လိုကက်တီချင် -၃ -ဂဲလိတ် (EGCG) ပါဝင်ပြီး နေ့စဉ်သောက်သုံးပါက တစ်ပတ်အတွင်းမှာ ကိုယ်အလေးချိန် သုံးပေါင်လောက် ကျဆင်းစေတယ်လို့ အမေရိကန် ဆေးပညာဆိုင်ရာ အာဟာရဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။ ပညာရှင်တွေက တစ်နေ့ကို လက်ဖက်စိမ်း လက်ဖက်ရည် ၃-၅ ခွက် သောက်သုံးပါက အဆီတွေကို လျော့နည်းစေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်တယ်လို့ ဆိုပါတယ်။

Exercise-Diet-Food

(၅) လှုပ်လှုပ်ရှားရှား နေထိုင်ပါ

လှုပ်ရှားမှုမရှိဘဲ အထိုင်များတဲ့ သူတွေမှာ ကြွက်သားတွေ ဆုံးရှုံးပြီး သက်ရွယ်ကြီးရင့်တဲ့ ဖြစ်စဉ်ကိုအားပေးပါတယ်။ သက်ရွယ်ကြီးရင့်မှုမှာ အဓိကသိသာတဲ့ အချက်က ကြက်သားတွေ သန်မာမှုနဲ့ ဆက်စပ်နေပါတယ်။ နယူးဂျာစီမှ အားကစား လေ့ကျင့်ပေးသူ ကိတ်ကော့က မနက်ပိုင်းမှာ လမ်းလျှောက်ပေးတာက အဓိကကျတဲ့ ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
ရာသီဥတုသာယာတဲ့ နေ့တွေမှာ အိမ်အပြင်ထွက် လမ်းလျှောက်တာ၊ သစ်ပင်စိုက်တာ၊ ပေါင်းမြက်တွေ ရှင်းတာ၊ တံမြက်စည်းလှဲတာ စတာတွေကို လုပ်ဆောင်တာကလည်း ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ အချိန်ပေးနိုင်ရင် အားကစားခန်းမ သွားပြီး လေ့ကျင့်ခန်းတွေလည်း လုပ်ဆောင်နိုင်ပါတယ်။

Credit: Healthcare