အသည်းကို ဝန်ပိစေသောအစားအစာများ၊ အစာချေဖျက်မှုကို လျော့ချပေးသောအစားအစာများ စားသုံးမှုကို ချင့်ချိန်ရပါမည်။ သကြားဓာတ် ၊ သဘာဝနှင့်ဆန့်ကျင်သော အချိုဓာတ်ပါသည့်အစားအစာများ၊ ကဖိန်း၊ အဆီကို ဖြစ်သောအစားအစာများ၊ ဆိုဒါတို့ကို ရှောင်ရပါမည်။

steamed-fish-with-lime-and-chile

အိုမီဂါ(၃)အက်ဆစ်ကို စားသုံးပါ ။ ငါးဆီ (၆)ဂရမ်စားပေးခြင်း၊ ဆယ်လ်မွန်၊၊ ငါးကွန်းရှပ်တို့ကို တစ်ပတ်လျှင် (၂)ကြိမ်ရအောင် စားပါ။ ဗီတာမင်ဘီ၊ ကယ်လ်ဆီယမ်နှင့် အင်တီအောက်ဆီးဒင့်ပါသောအစာများကို စားပါ။

lemon

သံပရာ၊ရှောက်ရေကို ရေနွေးနှင့် နေ့စဉ်သောက်ပါ။ နေ့စဉ်သောက်ပါ ဟုဆိုသော်လည်း မိမိ၏အစာအိမ်မှ ခံနိုင်စွမ်းအားပေါ် မူတည်ပြီး ချင့်ချိန် သောက်ပါ။ ယင်းတို့က အသည်းကို လန်းဆန်းအားတိုးစေပြီး အဆီများကို ပျော်စေသည်။ ရေကို လုံလောက်စွာသောက်ရန်မှာ အဓိက အချက်ဖြစ်သည်။ သို့မှသာ ကျောက်ကပ်က အသည်း၏အဆီလောင်ကျွမ်းမှုစနစ်ကို ထောက်ကူနိုင်မည်။ ဤသို့ဖြင့် ဝမ်းဗိုက်အဆီ စုခြင်းကို လျော့ချနိုင်သည်။

Ginger Juice

ငြုတ်သီး၊ ဂျင်းစသည်တို့က ကိုယ်တွင်းအစာချေဖျက်မှုကို ဖြစ်ပေါ်စေသည်။ အလားတူ သစ်ဂျပိုးခေါက်၊ လေးညှင်း၊ ဖာလာစေ့တို့ စားသုံးခြင်းသည်လည်း သွေး တွင်းသကြားဓာတ်ကို ထိန်းညှိပေး သည်။

Credit: HealthUpdates