ကျန်းမာတဲ့ အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ အသည်း အလေးချိန်က ၃ ပေါင်ရှိပါတယ်။ အသည်းက အသက်ရှင်ဖို့အတွက် အဓိက အင်္ဂါ အစိတ်အပိုင်းတစ်ခုမှာ ပါဝင်နေပါတယ်။

အဓိက လုပ်ငန်းစဉ်တွေဖြစ်တဲ့ အစာခြေခြင်း၊ ဇီဝကမ္မဖြစ်စဉ်၊ ကိုယ်ခံအား နှင့် အာဟာရတွေ သိမ်းဆည်းမှုတို့ကို အဓိက လုပ်ဆောင်ပေးပါတယ်။

အဲ့ဒီအပြင် သွေးလည်ပတ်မှု ၊ သွေးထဲက အဆိပ်အတောက်တွေ ဖယ်ရှားမှု၊ အူလမ်းကြောင်းမှ အာဟာရတွေ စုပ်ယူပြီး အဆိပ်အ‌တောက်တွေ ဖယ်ရှားမှုတို့ကိုလည်း အသည်းက လုပ်ဆောင်ထိန်းညှိပေးရပါတယ်။

ဒါ့ကြောင့် ကျန်းမာစွာနေထိုင်စားသောက်နိုင်ဖို့ အသည်းက အလုပ်တွေအများကြီးလုပ်ပေးရပါတယ်။

လူနေထိုင်မှုပုံစံ မမှန်မှုတွေက အသည်းကို အလုပ်တွေအများကြီး မနိုင်မနင်း လုပ်ခိုင်းသလိုဖြစ်ကာ အဆိပ်အတောက်နဲ့ အဆီကို ထိရောက်မှုရှိရှိ မစွန့်ထုတ်နိုင်တော့ပါဘူး။

ဒါ့ကြောင့် အသည်းကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအစာတွေကို ဝေမျှပေးချင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အသည်းကို ဆေးကြောပေးနိုင်ပါတယ်။ အသည်းထဲက အင်ဇိုင်းတွေကို နိုးဆွပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ပါဝင်တဲ့ Allicin နဲ့ Selenium သဘာဝ ကွန်ပေါင်းဓာတ်တွေက အသည်းဆေးကြောပေးတဲ့နေရာမှာ ကူညီပေးသလို အသည်းကို အဆိပ်အတောက်တွေကြောင့် ပျက်စီးနိုင်ချေကိုလည်း လျော့ချပေးပါတယ်။

နေ့စဉ် ကြက်သွန်ဖြူ ၂ လုံး သို့ ၃လုံးလောက်ကို ဟင်းလျာ ချက်ပြုတ်ရာမှာ ထည့်ချက်သင့်သလို အစိမ်းလည်း စားနိုင်ပါတယ်။