သခွားမွှေးသီးကို နွေရာသီရဲ့ အသီးတစ်မျိုး အဖြစ် သိကြပါတယ်။ အရည်ရွှမ်းတဲ့ အသီး ဖြစ်တာကြောင့် ကုန်ခန်း သွားတဲ့ ရေဓာတ်ကို ပြန်ပြီး ဖြည့်ဆည်းပေးနိုင်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ ချိုမြတဲ့ အရသာ ရှိပြီး မွှေးပျံ့တဲ့ အနံ့ကြောင့် လူကြိုက်များလှပါတယ်။ တောက်ပတဲ့ အရောင် ရှိတာကြောင့် ပုံသဏ္ဍာန်ကလည်း စွဲမက်ဖွယ်ပါ။

Source: he.wikipedia.org

သခွားမွှေးသီးကို မနက်စာ အဖြစ် စားသုံးပေးမယ်ဆိုရင် အစာခြေ စနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ သူ့မှာ ဘီတာကရိုတင်း၊ ဗီတာမင် စီနဲ့ အေတို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာ ကျန်းမာရေးကို ကူညီပေးပါတယ်။

သခွားမွှေးသီးမှာ သင် သတိမထားမိတဲ့ ကျန်းမာရေး အထောက်အကူ ဖြစ်စေမယ့် အချက်တွေ အများကြီး ပါဝင်ပါတယ်။ သခွားမွှေးဟာ ဗီတာမင် စီ ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်စွမ်း ရှိပါတယ်။ သခွားမွှေးရဲ့ ပိုတက်ဆီယမ်ကြောင့် ခန္ဓာကိုယ်ထဲက သွေးဖိအားကို ထိန်းပေးပြီး သွေးတိုးရောဂါနဲ့ နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ သွေးဖြူဥ အဖွဲ့အစည်းကို အကူအညီပေးပါတယ်။

Source: FirstCry Parenting

အမျှင်ဓာတ်နဲ့ ရေဓာတ် ပါဝင်မှု များတာကြောင့် အသားအရေ ကောင်းမွန်စေတယ်ဆိုတာ အထူး ပြောစရာ မလိုတော့ပါဘူး။ အသားအရေ နေလောင်ခြင်းကြောင့် ဖြစ်လာတဲ့ အမည်းစက်တွေကို သခွားမွှေး အုံပေးရင်လည်း သက်သာစေသလို သခွားမွှေးကို ဖျော်ရည် လုပ်သောက်ခြင်း အားဖြင့်လည်း သက်သာစေပါတယ်။ မနက်စာကို သခွားမွှေး ပါအောင် စားပေးရင်ဖြင့် တစ်နေကုန် စားသမျှ အစာတွေကို အကောင်းဆုံး ခြေဖျက်နိုင်ပါလိမ့်မယ်။

Source: southernexposure.com

ဆီးကို ရွှင်စေပြီး ကျောက်ကပ်ကို သန့်စင်စေပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ မနက်ပိုင်း ဖြစ်လေ့ရှိတဲ့ အော့အန်ခြင်းကို သက်သာစေချင်ရင်တော့ သခွားမွှေးသီးလေးကို စားပေးပါ။

ဘီတာကရိုတင်း ပါဝင်မှုကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေနိုင်သလို အတွင်းတိမ် ဖြစ်စေခြင်းကို ကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေရဲ့ လစဉ်ဓမ္မာကြောင့် ဖြစ်တဲ့ ကိုက်ခဲနာကျင်မှုတွေ သက်သာစေချင်တယ်ဆိုရင်တော့ သခွားမွှေးသီးကို ဖျော်ရည်လုပ်ပြီး မဖြစ်ခင် ၃ရက်နဲ့ ဖြစ်နေတဲ့ နေ့တွေမှာ သောက်ပေးရင် ရပါတယ်။ ရေဓာတ်ပါဝင်မှု များတဲ့ အသီးဖြစ်တာကြောင့် ကယ်လိုရီ ပါဝင်မှု နည်းပြီး ကိုယ်အလေးချိန် လျော့ချနေသူတွေ စားဖို့ သင့်တော်တဲ့ အသီးပါ။ ဗိုက်ပြည့်စေပြီး အစာစားချင်စိတ်ကို တင်းတိမ်စေပါတယ်။

Credit: zeenews